Sunday, December 19, 2010

မြန်မာ့ဒီမိုကရေစီ အင်းအားစုများ ညှိနှိုင်းစည်းဝေး(ဂျပန်)

ဂျပန်ရှိ မြန်မာ့ဒီမိုကရေစီ အင်အားစုများ၏ ၂၀၁၀ ရွေးကောက်ပွဲ ဆန်ကျင်ရေး ကော်မတီ ရှေ့လုပ်ငန်းစဉ် ညှိနှိုင်းစည်းဝေးကိုTakadanobaba Recycle Centre 4F မှာ နံနက် ၉း၃၀ မှ ၁၂း၀၀ နာရီအထိ ကျင်းပ ပြုလုပ်ခဲ့ပါသည်။အစည်းအဝေးတွင် ယခုလက်ရှိဖြစ်ပွားနေသော နယ်စပ်ဒေသ တိုက်ပွဲများအတွင်း လိုအပ်ချက်အရ ဂျပန်နိုင်ငံမှနေ၍ တိုက်ပွဲဝင် ရဲဘော်များအတွက် စိတ်ဓါတ် အင်အား ဖြစ်ပေါ် စေရေးအတွက် လိုအပ်သည့် အထောက်အပံ့များ အမြန်ဆုံး ၀ိုင်းဝန်း ထောက်ပံ့ကူညီ ပေးသွားရန် သဘောတူ ဆွေးနွေး ဆုံးဖြတ်ခဲ့ကြပါသည်။

 မြန်မာနိုင်ငံ၏ ယနေ့ ဖြစ်ပေါ်နေသော နိုင်ငံရေး အနေအထား အရ EBC အမည်ကို အမည်သစ်ဖြစ်  အဖွဲ့အစည်းများ ညီညွတ်စွာ စုပေါင်းဆောင်ရွက် သွားနိုင်ရေးအတွက်  မြန်မာနိုင်ငံ ဒီမိုကရေစီ ကွန်ယက်(ဂျပန်) Network For Democrary In Burma(Japan) ဟုပြောင်း လဲသတ်မှတ် ခေါ်ဆိုရေးကို အတည်ပြု ဆုံဖြတ် ခဲ့ကြပါသည်။ ၂၀၁၀ရွေးကောက်ပွဲ ဆန့်ကျင်ရေး ကော်မတီ(ဂျပန်)၏ ဆောင်ရွက်ရန် ဆုံးဖြတ်ထားသည့် လုပ်ငန်းစဉ်များကိုလည်း ယခုရွေးချယ် လိုက်သည့် အမည်သစ်ဖြင့် ဆက်လက် အကောင်အထည်ဖေါ် ဆောင်ရွက်သွားရန် ဆုံးဖြတ်သည်။ကွန်ယက်၏ ပြန်ကြားရေး လုပ်ငန်းကို ဂျပန်နိုင်ငံရှိ မြန်မာ့ဒီမိုကရေစီအရေး လှုပ်ရှားသူများအဖွဲ့၊ Burma Democratic Action Group (BDA)မှတာဝန်ယူ လုပ်ဆောင်သွားမည် ဖြစ်ကြောင်းလည်း သိရပါသည်။

၂၀၁၁ခုနှစ် လွတ်လပ်ရေးနေ့ အခမ်းအနား အစီအစဉ်ကို နအဖ အခွန်ရုံးရှေ့တွင် ကျင်းပပြုလုပ် သွားရန်နှင့် လာမည့် (၂၀၁၁ ခုနှစ် ဇန်နနဝါရီလ.၂၃ရက် )နေ့တွင်လည်း ၂၁ရာစု ပင်လုံညီလာခံ ဖြစ်ပေါ် စေရေးအတွက် အထောက်အကူ ဖြစ်စေမည့် Sympocium တစ်ခုကိုလည်း ကျင်းပ ပြုလုပ်သွားရန် ဆွေးနွေးခဲ့ပါသည်။


No comments:

Post a Comment

လွတ်လပ်စွာ ဝေဖန်ရေးသားခွင့်ရှိပါသည်။ အများသူငါဖတ်ရန်မသင့်သော ရိုင်းပြသောစကားလုံးများ သုံးစွဲပါက ဖျက်ခြင်းခံရပါမည်။
ဝေဖန်ရေးနှင့် အကြံပေးခြင်းများကို လှိုက်လှဲစွာကြိုဆိုရလျက်။
လေးစားစွာဖြင့်
အေးနန္ဒာအောင်

ကမ္ဘာအနှံ့ကသတင်းတွေ....