Sunday, December 5, 2010

ဂျပန်နိုင်ငံရောက်မြန်မာ့ဒီမိုကရေစီ အင်အားစုများ၏ရှေ့လုပ်ငန်းစဉ်များညှိနှိုင်းအစည်းအဝေး


၂၀၁၀ ခုနှစ် ဒီဇင်ဘာလ(၅)ရက်။

ဂျပန်နိုင်ငံရောက် မြန်မာ့ဒီမိုကရေစီ အင်အားစုများ၏ ၂ဝ၁ဝ ရွေးကောက်ပွဲ ဆန့်ကျင်ရေးကော်မတီ (ဂျပန်) EBC မှရှေ့လုပ်ငန်းစဉ်များ ညှိနှိုင်းစည်းဝေးကို တိုကျို Takadanobaba, AUN-Japan ရုံးခန်း မှာ နံနက် ၉ နာရီ ၃ဝ မိနစ်မှ မွန်းတည့် ၁၂ နာရီအထိ ကျင်းပ ပြုလုပ်ခဲ့ပါသည်။

ညှိနှိုင်းစည်းဝေးတွင် ၆၂ နှစ်မြောက် “လူ့အခွင့်အရေးများနေ့” အခမ်းအနားကို ဂျပန်နိုင်ငံရှိ မြန်မာ့ ဒီမိုကရေစီအင်အားစုများ ၊နိုင်ငံခြားသား အဖွဲ့အစည်းများ ၊ ဂျပန် NGO,NPO အဖွဲ့များနှင့်အတူ ပူးပေါင်း ကျင်းပပြုလုပ်သွားရန်နှင့် တာဝန်ခွဲဝေ ဆောင်ရွက်မှုများကိုပါ ဆွေးနွေး ဆုံးဖြတ်ခဲ့ကြပြီး ဘာသာပေါင်းစုံ ဆုတောင်းပွဲ အစီအစဉ်ကိုပါ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရှိရပါသည်။

ဆက်လက်ပြီး EBC မှ ရှေ့လုပ်ငန်းစဉ်များ ဆွေးနွေးရာမှာ ဒုတိယ ပင်လုံ(ခ) ၂၁ ရာစု ပင်လုံ ဖြစ်ပေါ်လာရေး အတွက် လိုအပ်သည့် ပြင်ဆင်ဆောင်ရွက်မှုများ “ဘာကြောင့် ထောက်ခံသင့်သလဲ့ ” ဆိုသည့် နိုင်ငံရေး ဆွေးနွေးပွဲ အခမ်းအနားကို လာမည့် ဇန္န၀ါရီလတွင် ကျင်းပပြုလုပ်သွားရန် ဆွေးနွေး ဆုံးဖြတ်ခဲ့ကြပါသည်။

သတင်းမှတ်တမ်း ။ Mai Kyaw Oo
မှတ်တမ်းဓါတ်ပုံ ။ Myo San Oo

No comments:

Post a Comment

လွတ်လပ်စွာ ဝေဖန်ရေးသားခွင့်ရှိပါသည်။ အများသူငါဖတ်ရန်မသင့်သော ရိုင်းပြသောစကားလုံးများ သုံးစွဲပါက ဖျက်ခြင်းခံရပါမည်။
ဝေဖန်ရေးနှင့် အကြံပေးခြင်းများကို လှိုက်လှဲစွာကြိုဆိုရလျက်။
လေးစားစွာဖြင့်
အေးနန္ဒာအောင်

ကမ္ဘာအနှံ့ကသတင်းတွေ....