Sunday, November 7, 2010

မြ၀တီကို DKBA သိမ်းပြီ

ဧရာဝတီ | ယနေ့ ရွေးကောက်ပွဲ ကျင်းပနေစဉ်မှာပင် ကရင်ပြည်နယ် မြ၀တီမြို့ကို တိုးတက်သော ဗုဒ္ဓဘာသာ ကရင် အမျိုးသား တပ်မတော် (DKBA) ဗိုလ်နှုတ်ခမ်းမွေး အဖွဲ့က နေ့လယ်ပိုင်းတွင် သိမ်းလိုက်ကြောင်း သိရ သည်။ မြ၀တီ ရဲ စခန်း အပါအ၀င် အချက်အချာ ကျသည့် နေရာများကို DKBA တပ်မဟာ ၉၉၉ နှင့် တပ်ရင်း ၉၀၇ တို့က သိမ်းလိုက်ခြင်း ဖြစ်သည်ဟု ဗိုလ်နှုတ်ခမ်းမွေး ခေါ် စောလားပွယ် က ပြောသည်။ ဗိုလ်နှုတ်ခမ်းမွေး အဖွဲ့သည် စစ်အစိုးရ ကမ်းလှမ်းထားသော နယ်ခြားစောင့်တပ် ဖွဲ့စည်းရေးကို ငြင်းဆန်သည့် အဖွဲ့ ဖြစ်သည်။ မြ၀တီမြို့ခံ တဦးကလည်း“ မြ၀တီမှာ အခြေအနေ မကောင်းဘူး၊ တချို့တွေကတော့ မဲဆောက် ဘက် ရှောင်သွားနေကြပြီ”ဟု ဆိုသည်။

source by : ဧရာဝတီ

No comments:

Post a Comment

လွတ်လပ်စွာ ဝေဖန်ရေးသားခွင့်ရှိပါသည်။ အများသူငါဖတ်ရန်မသင့်သော ရိုင်းပြသောစကားလုံးများ သုံးစွဲပါက ဖျက်ခြင်းခံရပါမည်။
ဝေဖန်ရေးနှင့် အကြံပေးခြင်းများကို လှိုက်လှဲစွာကြိုဆိုရလျက်။
လေးစားစွာဖြင့်
အေးနန္ဒာအောင်

ကမ္ဘာအနှံ့ကသတင်းတွေ....