Tuesday, November 16, 2010

အန်အယ်ဒီရုံးက လူငယ်တွေက သတင်းထောက်တွေကို ဆဲတယ်...လို့ကြားပါတယ်။

ဒီနေ့လေ အန်အယ်ဒီရုံးက လူငယ်တွေက သတင်းထောက်တွေကို ဆဲတယ် သိလား။ ရုံးခန်းထဲကို လုံးဝပေးမ၀င်ဘူး ။ အဲဒါ သတင်းထောက်တွေ ပွစိပွစိ ဖြစ်ကုန်ရော။ သူတို့ လက်ထဲတောင် အာဏာ မရောက်သေးဘူး ဒီလို ဖြစ်ကုန်ပြီ ဆိုပြီးတော့။ ကျနော်လည်း တော်တော် ဒေါပွသွားတယ်။

သတင်းထောက်ကို ပါးစပ်နဲ့ ကောင်းကောင်းပြောလို့ ရပါတယ်။ ဆဲစရာ မလိုဘူး။ ပြီးတော့ မောင်းထုတ်တာ တော်တော် ကြမ်းတယ်။ အေပီတို့၊ အေအက်ဖ်ပီ တို့ကလည်း တော်တော် မကျေမနပ် ဖြစ်သွားကြတယ်။ အားလုံးက စိတ်ပျက်သွားကြတယ်။ ဘီဘီစီနဲ့ အယ်လဂျာဇီးယားလည်း ပါတယ်။ ပြည်တွင်း သတင်းထောက် တယောက်က ဆိုရင် ကျနော်တို့က အန်တီ့ဆီကို လာပြီး သတင်းယူတာ စာပေစိစစ်ရေးက မလွတ်ဘူးဆိုတာ သိတယ်၊ ဒါပေမယ့် သတင်းသမား တာဝန် ကျေချင်တဲ့ အတွက် လာယူတယ်လို့ ပြောတယ်။ ဒါကို မရိုက်ရဘူး ဆိုတော့ ပြည်တွင်း သတင်းထောက်တချို့ စိတ်တိုပြီး ပြန်ကုန်ကြတယ်။

သတင်းထောက်ဆိုတာ အန်တီ့ကို တွေ့ရင် ဓာတ်ပုံရိုက်မှာ ပဲလို့ပြောတော့ ခင်ဗျားတို့က လွန်လွန်းတယ်။ အန်တီ့ လုံခြုံရေးကို ကျနော်တို့က တာဝန် ယူထားရတာ ခင်ဗျားတို့ သတင်းထောက်တွေက သတင်းရဖို့ပဲ သိတယ်။ အဲဒီလိုတွေ ပြောတယ်။

အန်အယ်လ်ဒီ ရုံးမှာ သတင်းထောက်တွေ သတင်းဓာတ်ပုံတွေ ရိုက်ကြ သတင်းတွေရေးကြလို့ပဲ အားလုံးမြင်ကြရတာ။ မီဒီယာက လူပေါင်း သန်း ၆၀ ကျော် အတွက် ဆိုတာကို နားမလည်ဘူး။ အန်တီ့နားမှာ နေရတယ်ဆိုပြီး မာန်တွေတက်ကုန်တာ။ အံ့သြစရာပဲ။

ကျနော်တော့ ဒီနေ့ တရား တော်တော် ရသွားတယ်။ လုံခြုံရေး သဘောကို ကျနော်တို့ သိပါတယ်။ ဒါပေမယ့် သတင်းထောက်တွေက သူတို့နဲ့ မျက်နှာ ကျက်မိနေတဲ့ သူတွေပါပဲ။ အဲဒါကို ခွေးမောင်းသလို မောင်းထုတ်တာတော့  ကျနော်တို့လည်း မခံနိုင်ဘူး။ ကျနော်တို့ ဆိုတာ သူတို့က သတင်းပြောချင်လို့ပါ ဆိုရင် အချိန်မရွေး၊ နေရာမရွေး ထလုပ်ပေးခဲ့တဲ့ အမာခံလူတွေပါ။ အဲလို သတင်းသမားတွေပါ။
ဒါကို ဇွတ်ပြော၊ ဇွတ်ဟောက်လုပ်တာ ။ သတင်းသမားတွေရဲ့ မျက်နှာတွေကို သူတို့ အားလုံးကျက်မိတယ်။ ထောက်လှမ်းရေးတွေရဲ့ မျက်နှာတွေကိုလည်း သူတို့ ကျက်မိတာပဲ။ ကျနော်က မနက် ၉ နာရီကနေ ညနေ ၄ နာရီထိ အဲဒီရုံးမှာရြှိ ပီး အားလုံးကို အစအဆုံး မြင်တွေ့ခဲ့ရတဲ့ သူပါ။ ဒီနေ့ ရုံးကိုလာတာ မီဒီယာသမားတွေချ ည်း ပါပဲ။

အန်တီ့လူတွေ လုပ်ပုံနဲ့ အန်တီ့ကိုတော့ ထိခိုက်တော့မှာပဲ။ အန်တီ့ လုံခြုံရေးကို သူတို့ စိုးရိမ်သလို ကျနော် တို့လည်း စိုးရိမ်ကြတာပဲ။ သူတို့ ချစ်ခင်သလို ကျနော်တို့လည်း ချစ်ခင်ကြတာပါပဲ ။ ဒီမိုကရေစီလို့ ပြောနေတဲ့ နိုင်ငံရေးသမားေ တွ ပါးစပ်က တကယ့် ဒီမိုကရေစီကို မတွေ့ရသလိုပဲ ခံစားလိုက်ရတယ်။ သူတို့ တကယ်ကော ဒီမိုကရေစီကို နားလည်ရဲ့လားလို့ လည်း သံသယ ၀င်မိပါတယ်။

ဒီသတင်းကို mailကနေရပါတယ်။ မှန်တယ်လို့မဆိုလိုပါဘူး။ မီဒီယာသမားတွေနဲ့NLDကိုသွေးခွဲတာလည်းဖြစ်နိုင်ပါတယ်။

8 comments:

  1. မျိုးကြီဒNovember 16, 2010 at 8:08 PM

    စောက်ရူး ဒီရေ ဘာတွေ လျှောက်တင်နေတာလည်း....မင်းဘာနားလည်လို့လဲ....စောက်ပေါ

    ReplyDelete
  2. မျိုးကြီးNovember 16, 2010 at 8:20 PM

    မင်းအဲ့ဒီအချိန်အနားမှာရှိလား....ဒီလိုအခြအမြစ်ကိုနားမလည်ဘဲ....အန်တီရဲ့လုံခြုံရေးတာဝန်ယူနေရသူတွေမှာဘာလက်နှက်မှမရှိဘူးကွ...စောက်ရူးဒီရေရဲ့....ကောင်းကောင်းပြောတာမရတော့...ဆွဲထိုးရမှာလားကွ...လူလိုကောင်းကောင်းပြောမရတော့.....ထိုင်ကန်တော့ပြီးတောင်းပန်ရမှာလားဟ.....

    ReplyDelete
  3. မျိုးကြိးNovember 16, 2010 at 11:28 PM

    အခြေအမြစ်မရှိ.....ပြသနာအရင်းအမြစ်ကို...မသိဘဲနဲ့တင်တားတဲ့သတင်းဆိုတာ...ထမင်းစားတဲ့သူတိုင်းသိတယ်(ကျွန်တော်ကိုယ်တိုင်...မဆဲဘဲနဲ့...ယခုလိုဘဲ....ဆဲနေပါတယ်လို့သတင်းမှားနဲ့ပြောခံခဲ့ရဖူးပါတယ်)....အန်တီစုရဲ့လုံခြုံရေးဟာအရေးကြီးနေပါပြီ...နိုင်ငံခြားသားသတင်းတောက်ထဲမှာလည်း...ယက်ထောလိုလူမပါဘူးလို့ပြောလို့ရမလား

    ReplyDelete
  4. မျိုးကြီးNovember 17, 2010 at 12:54 AM

    မှန်တယ်လို့မဆိုလိုပါဘူး။ မီဒီယာသမားတွေနဲ့NLDကိုသွေးခွဲတာလည်းဖြစ်နိုင်ပါတယ်။ဆိုတာ....ထမင်းစားတဲ့လူတိုင်းသိတယ်ဟ

    ReplyDelete
  5. မျိုးကြီးNovember 17, 2010 at 1:03 AM

    ၁၄ရက်နေ့ရွှေဂုံတိုင်မှာ အဖွဲ့ချုပ်လူငယ်တွေမင်းမဲ့စရိုက်နဲ့စည်းမဲ့ကမ်းမဲ့လမ်းတွေပိတ်ပြီးပြည်သူလူထုကိုအထိပ်တလန့်လုပ်နေကြတယ်ဆိုတဲ့မေးတွေရောက်နေတာရောလိုချင်ရင်ပြောနော်.....

    ReplyDelete
  6. မျိုးကြီးNovember 17, 2010 at 1:54 AM

    အဆဲခံပြီးဗျူးထားတာလားဒီရေ http://www.youtube.com/watch?v=9zjqTWO_IJw&feature=player_embedded#! သတင်းထောက်ကို ပါးစပ်နဲ့ ကောင်းကောင်းပြောလို့ ရပါတယ်။ ဆဲစရာ မလိုဘူး။ ဘီဘီစီနဲ့ အယ်လဂျာဇီးယားလည်း ပါတယ်။

    ReplyDelete
  7. N.L.D လူငယ်များNovember 17, 2010 at 2:04 AM

    အမေရေ..နောက်တခါပြန် အဖမ်းမခံရခင် အသက်ဥာဏ်စောင့်လျှက်- ဒီပဲယင်းယုတ်မာမှုကို သတိအမြဲရလျှက် မြန်မာပြည်သားအားလုံးလွတ်မြောက်အောင် အမေဆက်လက်ဦးဆောင်ပေးပါ အမေ။ဒေါ်အောင်ဆန်စုကြည်လမ်းစဉ်နှင့်အတူ ရပ်တည်။ဒေါ်စုအသက်ကိုကာကွယ်မည်။”We stand with Daw Aung San Suu Kyi

    ReplyDelete
  8. ဒီနေ့ ဒေါ်အောင်ဆန်းစုကြည် ဗဟိုတရားရုံးချုပ်ကို သွားပါတယ်။ NLD ပါတီဆက်လက် ရပ်တည်ခွင့် အမှုအတွက် ကျမ်းကျိန်တာပါ။ NLD ဆက်လက် ရပ်တည်ခွင့်နဲ့ ပတ်သက်ပြီး နိုဝင်ဘာ ၁၈ ရက်နေ့ (ကြာသပတေးနေ့) မှာ နေပြည်တော်မှာ ကြားနာမယ်လို့ သိရပါတယ်။

    အဲဒီနောက်မှာ NLD ရုံးချုပ်မှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ တိုင်းရင်းသားခေါင်းဆောင်တွေ တွေ့ဆုံကြပါတယ်။

    အခုလောလောဆယ်မှာတော့ ဒေါ်အောင်ဆန်းစုကြည်ဟာ နိုင်ငံခြား သံတမန်တွေနဲ့ တွေ့ဆုံနေပါတယ်။

    ReplyDelete

လွတ်လပ်စွာ ဝေဖန်ရေးသားခွင့်ရှိပါသည်။ အများသူငါဖတ်ရန်မသင့်သော ရိုင်းပြသောစကားလုံးများ သုံးစွဲပါက ဖျက်ခြင်းခံရပါမည်။
ဝေဖန်ရေးနှင့် အကြံပေးခြင်းများကို လှိုက်လှဲစွာကြိုဆိုရလျက်။
လေးစားစွာဖြင့်
အေးနန္ဒာအောင်

ကမ္ဘာအနှံ့ကသတင်းတွေ....