Monday, November 15, 2010

ဒေါ်အောင်ဆန်းစုကြည်ပြန်လည်လွတ်မြောက်လာခြင်းနှင့်ပတ်သက်၍ ၂ဝ၁ဝရွေးကောက်ပွဲဆန့်ကျင်ရေးကော်မတီ (ဂျပန်)၏ ထုတ်ပြန်ကြေညာချက်

၁၄-၁၁-၂ဝ၁ဝ

၁၊ နေအိမ်အကျယ်ချုပ်ဖြင့် ထိန်းသိမ်းခံနေရာမှ ၁၃-၁၁-၂ဝ၁ဝ (စနေနေ့)တွင် ပြန်လည် လွတ်မြောက်လာသော မြန်မာလူထုခေါင်းဆောင်၊ ငြိမ်းချမ်းရေး နိုဘဲလ်ဆုရှင်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အထွေထွေ အတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်၏ ဦးဆောင်လမ်းညွှန်မှုကို ခံယူလျက် မြန်မာ့ဒီမိုကရေစီအရေး အတွက် ဆက်လက် ပူးပေါင်း ပံ့ပိုး လှုပ်ရှားသွားမည် ဖြစ်သည်။

၂၊ ဒေါ်အောင်ဆန်းစုကြည် ပြန်လည်လွတ်မြောက်ပြီဖြစ်သော်လည်း မြန်မာ့ဒီမိုကရေစီအရေးအတွက် အတူတကွ တိုက်ပွဲဝင်ရင်း မတရားဖမ်းဆီး ထိန်းသိမ်းခံနေရဆဲဖြစ်သော ဦးခွန်ထွန်းဦး၊ မင်းကိုနိုင်၊ ကိုကိုကြီး အပါအဝင် နိုင်ငံရေးအကျဉ်းသား အားလုံးကို ချွင်းချက်မရှိ အမြန်ဆုံး ပြန်လွှတ်ပေးရန်လည်း နအဖ အာဏာပိုင်တို့အား ဂျပန်နိုင်ငံရောက် မြန်မာ့ဒီမိုကရေစီ အင်အားစုများက လေးနက်စွာ တောင်းဆိုလိုက်သည်။

မြန်မာ့ဒီမိုကရေစီ အင်အားစုများ

၂ဝ၁ဝ ရွေးကောက်ပွဲ ဆန့်ကျင်ရေး ကော်မတီ (ဂျပန်)

No comments:

Post a Comment

လွတ်လပ်စွာ ဝေဖန်ရေးသားခွင့်ရှိပါသည်။ အများသူငါဖတ်ရန်မသင့်သော ရိုင်းပြသောစကားလုံးများ သုံးစွဲပါက ဖျက်ခြင်းခံရပါမည်။
ဝေဖန်ရေးနှင့် အကြံပေးခြင်းများကို လှိုက်လှဲစွာကြိုဆိုရလျက်။
လေးစားစွာဖြင့်
အေးနန္ဒာအောင်

ကမ္ဘာအနှံ့ကသတင်းတွေ....