Tuesday, November 9, 2010

မြန်မာ့ ဒီမိုကရေစီအရေး တက်ကြွလှုပ်ရှားသူများရှင်

လာမည့် စနေနေ့ (၁၃-၁၁-၂ဝ၁ဝ) တွင် ကျနော်တို့အားလုံး၏ အမျိုးသားခေါင်းဆောင် ငြိမ်းချမ်းရေး နိုဘဲလ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်ဖြင့် ဖမ်းဆီး ထိန်းသိမ်းခံနေရာမှ ပြန်လည် လွတ်မြောက်ရတော့မည့်နေ့ရက် ဖြစ်ပါသည်။
သို့ဖြစ်ပါ၍ အတက်ကြွဆုံး နိုင်ငံရေး လှုပ်ရှားရန်အတွက် အောက်ပါ အစီအစဉ်ဖြင့် တခဲနက် လာရောက် စုရုံးကြပါရန် ဂျပန်ရောက် မြန်မာနိုင်ငံသားတိုင်းအား လေးစားစွာ နှိုးဆော် ဖိတ်ခေါ်အပ်ပါသည်။

နေ့ရက်
၁၃-၁၁-၂ဝ၁ဝ (စနေနေ့)
အချိန်
မွန်းလွဲ ၂ နာရီမှ ၄ နာရီထိ
နေရာ
မြန်မာသံရုံးရှေ့၊ ရှိနဂါဝ၊ တိုကျို၊ ဂျပန် 

No comments:

Post a Comment

လွတ်လပ်စွာ ဝေဖန်ရေးသားခွင့်ရှိပါသည်။ အများသူငါဖတ်ရန်မသင့်သော ရိုင်းပြသောစကားလုံးများ သုံးစွဲပါက ဖျက်ခြင်းခံရပါမည်။
ဝေဖန်ရေးနှင့် အကြံပေးခြင်းများကို လှိုက်လှဲစွာကြိုဆိုရလျက်။
လေးစားစွာဖြင့်
အေးနန္ဒာအောင်

ကမ္ဘာအနှံ့ကသတင်းတွေ....