Friday, November 12, 2010

အမျိုးသားခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်လွတ်မြောက်ရေးတောင်းဆိုဆန္ဒပြပွဲ(တိုကျို)




၂၀၁၀ ခုနှစ် နိုင်ဝင်ဘာလ(၁၁)ရက်။

နအဖ စစ်အာဏာပိုင်က ဒာမျိုးသားခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အပေါ် မတရားအမှုဆင်ပြီး ထောင်ဒဏ် ချမှတ်ခဲ့သည်မှာ (၁၅ လ)ပြည့်သွားပြီဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် နိုင်ငံရေးအကျဉ်းသားများ အမြန်ဆုံး ပြန်လည် လွတ်မြောက်ရေး အတွက် တောင်းဆိုဆန္ဒပြပွဲကို တိုကျို Shinagawa အရပ်ရှိ နအဖ စစ်အခွန်ရုံးရှေ့ ယနေ့ နိုဝင်ဘာလ (၁၁)ရက်တွင် ဂျပန်ရောက် မြန်မာ့ဒီမိုကရေစီအင်အားစုများတို့မှ ကျင်းပ ပြုလုပ်ခဲ့ကြပါသည်။

ဒေါ်အောင်ဆန်းစုကြည်သည် စစ်အာဏာရှင်စနစ်အောက်မှ လွတ်မြောက်ရေးအတွက် ဦးဆောင် လမ်းပြပေးသူ ဖြစ်သလို တိုင်းပြည်နှင့်လူမျိုး နိုင်ငံသူနိုင်ငံသား အားလုံး ဒီမိုကရေစီနှင့် လူ့အခွင့်အရေး ရရှိဖို့အတွက် စွန့်လွှတ်မှုများစွာဖြင့် မားမားမတ်မတ် ရပ်တည်ဆောင်ရွက်ပေးသူ လည်းဖြစ်ပါသည်။ လက်ရှိ မြန်မာနိုင်ငံ၏ အထွေထွေ အကျပ်အတည်းများကို ကျော်လွှား နိုင်ရေးအတွက် အဓိက ဆောင်ရွက်နိုင်စွမ်းရှိသူ တယောက် လည်းဖြစ်သည်။ ထိုကြောင့် ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် နိုင်ငံရေး အကျဉ်းသားများ အမြန်ဆုံး ပြန်လည် လွတ်မြောက်ရေး အတွက် ဂျပန်ရောက် မြန်မာ့ဒီမိုကရေစီ အင်အားစုများတိုသည် ဒေါ်အောင်ဆန်းစုကြည်အား မတရားသဖြင့် အမိန့်ချမှတ်ခဲ့သည့် လစဉ်(၁၁)ရက် နေ့ရောက်တိုင်း ဆန္ဒပြ တောင်းဆိုမူများ ပြုလုပ်သွားမည်ဖြစ်ကြောင်းသိရှိရပါသည်။

သတင်းမှတ်တမ်း ။ Mai Kyaw Oo (PNS-Japan)
မှတ်တမ်းဓါတ်ပုံ ။ Lian Khan Sum(CNC-Japan)

No comments:

Post a Comment

လွတ်လပ်စွာ ဝေဖန်ရေးသားခွင့်ရှိပါသည်။ အများသူငါဖတ်ရန်မသင့်သော ရိုင်းပြသောစကားလုံးများ သုံးစွဲပါက ဖျက်ခြင်းခံရပါမည်။
ဝေဖန်ရေးနှင့် အကြံပေးခြင်းများကို လှိုက်လှဲစွာကြိုဆိုရလျက်။
လေးစားစွာဖြင့်
အေးနန္ဒာအောင်

ကမ္ဘာအနှံ့ကသတင်းတွေ....