Wednesday, November 17, 2010

မြေအောက်မြောင်းထဲတွင် စည်ပင်ဝန်းထမ်းများ အောက်စီဂျင်ပြတ်သေဆုံး



by San Maung on Tuesday, November 16, 2010 at 12:05am
ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ ။ ရေ နှင့် သန့်ရှင်းရေးဌာန (ကုက္ကိုင်း ရေပေးဝေရေးဌာနခွဲ ) မှ ၀န်ထမ်းများ ဖြစ်ကြသော ဦးကျော်လင်း ( ၄၄ )နှစ် ၊ ဦးစောနိုင် (၃၆)နှစ် ၊ ဦးဆန်းလင်း (၃၅)နှစ် ၊ ဦးအောင်ရွှေ (၃၂)နှစ် တို့သည် နိုဝင်ဘာ( ၉) ရက်နေ့က လုပ်ငန်းတာဝန်များ ဆောင်ရွက်နေစဉ်မြေအောက်(၈)ပေ အနက် တွင်ရှိသော ရေဖွင့်ခလုပ်ကိုဆင်းဖွင့်စဉ် တစ်ဦးတက်မလာသဖြင့်နောက်ထပ် တစ်ဦးစီ လိုက်ဆင်းကြရင်း ၄ ဦးစလုံး တပြိုင်နက်သေဆုံးသွားကြပါတယ် ။ အဆိပ်ငွေ့မိခြင်း (သို့) အောက်စီဂျင်ပြတ်လပ်ပြီး သေဆုံးကြခြင်းဖြစ်သော် လည်း သက်ဆိုင်ရာဌာနမှ မည်သည့်သတင်းမှမထုတ်ပြန်ခဲ့ပါဘူး ။ 
သေဆုံးသူဝန်ထမ်း (၄)ဦးကို နိုဝင်ဘာ ၁၁ ရက်နေ့မှာ ရေဝေးသုသာန် မှာ မီးသင်္ဂြိုလ် ခဲ့ပါတယ် ။ သရဏဂုဏ် တင်သည့်ခန်းမတွင် တစ်ခန်းလျှင် တစ်ဦးစီ စီ ထားရမည်ဖြစ်သော်လည်း ခန်းမတစ်ခုထဲတွင် ၄ ဦးလုံးကို စုပြုံထားပြီးသဂြိုလ်ခဲ့သည့် အတွက် ကျန်ရစ်သူမိသားစု ၀င်များ မကြေမနပ်ဖြစ်ခဲ့ကြရပါသည် ။ ဒါ့အပြင် ဌာနဆိုင်ရာ အသက်ဆုံးရှုံးမှု လျှော်ကြေး ကိုလည်းပေးလျှော် ခြင်းမရှိသေးသည့် အတွက် တာဝန်ရှိသူ မြို့တော်ဝန် ဦးအောင်သိန်းလင်းအား ကျန်ရစ်သူမိသားစုများအပြင် ဘ၀တူ ၀န်ထမ်းများ ကပါမကြေမနပ်ဖြစ်နေကြပါတယ်လို့ သိရပါသတင်းရရှိပါသည်။
စည်ပင် ၀န်ထမ်းများ တာဝန် ထမ်းဆောင်စဉ် အောက်စီဂျင်ပြတ် သေဆုံးခဲမှု အား "မြန်မြန်တာ သင်္ဂြလ်လိုက် ကွာ" ဟု ပြောသည့် မြို့ တော်ဝန် အား စည်ပင်ဝန်ထမ်းများ မကျေမနပ်ဖြစ်ကြသည် ဟု သိရသည်။
မြန်မာ့အရေးfacebookစာမျက်နှာမှရရှိပါသည်။

No comments:

Post a Comment

လွတ်လပ်စွာ ဝေဖန်ရေးသားခွင့်ရှိပါသည်။ အများသူငါဖတ်ရန်မသင့်သော ရိုင်းပြသောစကားလုံးများ သုံးစွဲပါက ဖျက်ခြင်းခံရပါမည်။
ဝေဖန်ရေးနှင့် အကြံပေးခြင်းများကို လှိုက်လှဲစွာကြိုဆိုရလျက်။
လေးစားစွာဖြင့်
အေးနန္ဒာအောင်

ကမ္ဘာအနှံ့ကသတင်းတွေ....