၂၀၁၀ ခုနှစ် နိုဝင်ဘာလ(၂၂)ရက်။
နအဖ စစ်အုပ်စ၏ တရားဥပဒေမဲ့ လုပ်ဆောင်နေမှုများကို ဆန့်ကျင်လှုပ်ရှားသည့် ဆန္ဒပြပွဲနှင့် မတရား ဖမ်းဆီးခံနေရသော ကိုမင်းကိုနိုင်နှင့် ကျောင်းသားခေါင်းဆောင်များ၊ ဦးခွန်ထွန်းဦး အပါအ၀င် တိုင်းရင်းသား ခေါင်းဆောင်များ နှင့်နိုင်ငံရေး အကျဉ်းသားများ အားလုံး လွတ်မြောက်ရေး အတွက် ဆန္ဒပြ တောင်းဆိုသည့် အခမ်းအနားကို တိုကျိုမြို့  ရှီနာဂါဝါအရပ်ရှိ စစ်အခွန်ရုံး(မြန်မာသံရုံး)ရှေ့ ၌ ဂျပန်ရောက် မြန်မာ့ ဒီမိုကရေစီ အင်အားစုများတို့မှ နိုဝင်ဘာလ(၂၂)ရက်နေ့  နေလည် ၃း၀၀ နာရီ မှ ၄း၀၀ နာရီအထိ ကျင်းပပြုလုပ်ခဲ့ပါသည်။
အမျိုးသားပြန်လည်သင့်မြတ်ရေး လုပ်ငန်းစဉ်ရဲ့ အရေးကြီးတဲ့ ပထမအဆင့်အနေနဲ့ နိုင်ငံရေးအကျဉ်းသား(၂၀၀၀)ကျော်အား ချွင်းချက်မရှိ ပြန်လွှတ်ပေးရန်အတွက် တောင်းဆိုသည့် ဆန္ဒပြ လှုပ်ရှားမှုများကို လစဉ် ကျောင်းသား ခေါင်းဆောင်များ မတရား ဖမ်းဆီးခံရသည့် ၂၀၀၇ ခုနှစ် သြဂုတ်လ ၂၁ ရက်နေ့ ရောက်တိုင်း အမြန်ဆုံး လွတ်မြောက်စေရန် အတွက် ဂျပန်ရောက် မြန်မာ့ ဒီမိုကရေစီ အင်အားစုများတို့မှ ဆန္ဒပြတောင်းဆိုမှုတွေ ပြုလုပ်သွားမည် ဖြစ်ပါသည်။
သတင်းမှတ်တမ်း ။ Mai Kyaw Oo
မှတ်တမ်းဓါတ်ပုံ ။ Lian Khan Sum



No comments:
Post a Comment
လွတ်လပ်စွာ ဝေဖန်ရေးသားခွင့်ရှိပါသည်။ အများသူငါဖတ်ရန်မသင့်သော ရိုင်းပြသောစကားလုံးများ သုံးစွဲပါက ဖျက်ခြင်းခံရပါမည်။
ဝေဖန်ရေးနှင့် အကြံပေးခြင်းများကို လှိုက်လှဲစွာကြိုဆိုရလျက်။
လေးစားစွာဖြင့်
အေးနန္ဒာအောင်