Tuesday, November 9, 2010

မြန်မာစစ်ပြေးဒုက္ခသည်များဆိုင်ရာအရေးပေါ်ကြေငြာချက် နှင့်မေတ္တာရပ်ခံချက်


              ရွေးကောက်ပွဲနေ့ တွင်မြဝတီမြို့ မှစတင် ဖြစ်ပွါးသောစစ်ပွဲကြောင့်
ယနေ့ ထိုင်းနိုင်ငံငံမဲဆောက်မြို့ တွင် မြန်မာနိုင်ငံဖက်မှ
ထွက်ပြေးလာသော မြန်မာစစ်ပြေးဒုက္ခသည်များအရေအတွက်မှာ
သုံးသောင်းမှ လေးသောင်းခန့် အထိရှိနေပြီး ၄င်းမြန်မာစစ်ပြေးဒုက္ခသည်
များအတွက် ဘားမားပါတနာရှစ် မှ ဒေါ်ခင်ဥမ္မာ မှ မိမိတို့ တတ်နိုင်သမျှ
ကူညီနေကြောင်းနှင့် ဂျပန်နိုင်ငံမှလည်းတတ်နိုင်သမျှ အကူအညီပေးစေ
လိုကြောင်း BDA  အဖွဲ့ ဥက္ကဌ ဦးသန်းဆွေဆီသို့ ဆက်သွယ်လာကြောင်း
ဦးသန်းဆွေမှ NLD-LA JAPAN  အဖွဲ့  အတွင်းရေးမှူး ဦးသောင်းမြင့်ဦး LDB
 အဖွဲ့ ဥက္ကဌ ဦးကျော်ကျော်စိုး PFB မှ မီယာဇာဝါစံ
တို့ အားဆက်သွယ်ပြီးဖြစ်ကြောင်းသိရှိရပါသည်။
              ကျွန်တော့်အားလည်း NLD-LA JAPAN အဖွဲ့ မှ ဦးစိုးနိုင်မှ
အလားတူသတင်းကိုဆက်သွယ်ပြောကြားလာပြီး ယနေ့ ထိုင်းနိုင်ငံ
မဲဆောက်မြို့ တွင်ရောက်ရှိနေသော NLD-LA-JAPAN အဖွဲ့ ဝင်
တဦး ဖြစ်သော ဦးသာထက်မှ ဆက်သွယ်ပြောကြားလာခြင်းဖြစ်
ကြောင်း NLD-LA JAPAN  သို့ လည်းဆက်သွယ်ပြောကြားထားပြီး
ဖြစ်ကြောင်းနှင့်
- ဂျပန်နိုင်ငံရှိ အဖွဲ့ ပေါင်းစုံမှ တတ်နိုင်သမျှအကူအညီ
ပေးစေလိုကြောင်းနှင့်  NLD-LA ဗဟို မှ တတ်နိုင်သမျှ အကူအညီပေး
နေကြောင်းပြောကြားလာပါသည်။
ယခုလက်ရှိအနေအထားမှာ ထိုင်းနိုင်ငံ စစ်လေယာဉ်ကွင်းဟောင်းတခု
အတွင်းတွင် မြန်မာစစ်ပြေးဒုက္ခသည်များအား
လောလောဆယ်နေရာချထားပေးထားကြောင်းသိရှိရပါသည်။
ဂျပန်နိုင်ငံတွင်ဆက်သွယ်သတင်းစုံစမ်းနိုင်ရန်-
ဦးသန်းဆွေ-၀၉၀-၄၉၆၄-၉၇၁၈
ဦးကျော်ကျော်စိုး-၀၉၀-၆၀၃၁-၄၃၉၄
ဦးသောင်းမြင့်ဦး-၀၉၀-၆၀၄၀-၈၂၈၂
ဦးလွင်အောင်စိုး-၀၈၀-၅၈၈၈-၃၉၂၅
ဒေါ်ခင်ဥမ္မာမှ ဂျပန်နိုင်ငံရှိ မြန်မာ့ဒီမိုကရေစီရေးအဖွဲ့ များအားဆက်သွယ်ပြောကြားပေးရန်
BDA အဖွဲ့ ဥက္ကဌဦးသန်းဆွေအားဆက်သွယ်ပြောချက်အရ တင်ပြရခြင်းဖြစ်ပါသည်။
မှတ်ချက်-ဂျေအေစီ နှင့် အီးဘီစီ ကိုယ်စားထုတ်ပြန်ခြင်းမဟုတ်ပါ
လေးစားစွာဖြင့်
ဘုန်းလှိုင်(၀၉၀-၅၃၁၈-၅၀၅၄)

No comments:

Post a Comment

လွတ်လပ်စွာ ဝေဖန်ရေးသားခွင့်ရှိပါသည်။ အများသူငါဖတ်ရန်မသင့်သော ရိုင်းပြသောစကားလုံးများ သုံးစွဲပါက ဖျက်ခြင်းခံရပါမည်။
ဝေဖန်ရေးနှင့် အကြံပေးခြင်းများကို လှိုက်လှဲစွာကြိုဆိုရလျက်။
လေးစားစွာဖြင့်
အေးနန္ဒာအောင်

ကမ္ဘာအနှံ့ကသတင်းတွေ....