Tuesday, October 12, 2010

၂၀၁၀ရွေးကောက်ပွဲဆန့်ကျင်ရေးကော်မတီ-ဂျပန်(EBC)နှင့်ဂျပန်နိုင်ငံရှိBOJ,NPO,NGO,AIတို့တွေ့ဆုံဆွေးနွေး

၂၀၁၀ခု၊စက်တင်ဘာလ၁၂ရက်၊အင်္ဂါနေ့တွင် ဂျပန်နိုင်ငံရှိ ၂၀၁၀ရွေးကောက်ပွဲ ဆန့်ကျင်ရေးကော်မတီ-(EBC) နှင့်ဂျပန်နိုင်ငံရှိBOJ,NPO,NGO,AIတို့တွေ့ဆုံ၍ မြန်မာနိုင်ငံတွင်ကျင်းပမည့် ၂၀၁၀ရွေးကောက်ပွဲအား ဂျပန်အစိုးရမှ
အသိအမှတ်မပြုရေးအတွက် ဂျပန်အစိုးရအားလည်းကောင်း၊ဂျပန်နိုင်ငံရှိ နိုင်ငံခြားသံရုံးများအားလည်းကောင်း Lobbyပြုလုပ်ရန်၊ကုလသမဂ္ဂအား ၂၀၁၀ရွေးကောက်ပွဲအား အဘယ့်ကြောင့် လက်မခံသပိတ်မှောက်ရကြောင်း တင်ပြရန် စသည်များကို ၂နာရီခန့်ဆွေးနွေးခဲ့ကြပါသည်။ လှုပ်ရှားမှုပြုလုပ်မည့် အသေးစိတ် အချက်အလက်များကိုလည်း
မကြာမီဂျပန်နိုင်ငံရှိ မြန်မာ့ဒီမိုကရေစီအရေး လှုပ်ရှားသူများထံသို့ အသိပေးကြေငြာသွားမည်ဖြစ်ကြောင်းသိရပါသည်။

No comments:

Post a Comment

လွတ်လပ်စွာ ဝေဖန်ရေးသားခွင့်ရှိပါသည်။ အများသူငါဖတ်ရန်မသင့်သော ရိုင်းပြသောစကားလုံးများ သုံးစွဲပါက ဖျက်ခြင်းခံရပါမည်။
ဝေဖန်ရေးနှင့် အကြံပေးခြင်းများကို လှိုက်လှဲစွာကြိုဆိုရလျက်။
လေးစားစွာဖြင့်
အေးနန္ဒာအောင်

ကမ္ဘာအနှံ့ကသတင်းတွေ....