Friday, October 8, 2010

မုန်တိုင်း သတင်း

မုန်တိုင်း သတင်း (၇-၁၀-၂၀၁၀ ရက်နေ့ နံနက်(၀၉) နာရီ (၁၅) မိနစ် အချိန် ထုတ်ပြန်ချက်)

ရုပ်ပုံပေါ် ကလစ်နှိပ်၍ အကြီးကြည့်ပါ။


တောင်တရုတ် ပင်လယ်ပြင်မှာ ယမန်နေ့ (၄-၁၀-၂၀၁၀)ရက် နေ့လည်ပိုင်းက စတင် ဖြစ်ပေါ်ခဲ့တဲ့ အပူပိုင်း မုန်တိုင်းငယ် 14W ဟာ (၇-၁၀-၂၀၁၀)မနေ့ ည သန်းကောင်ယံ အချိန် တိုင်းထွာချက်များ အရ သိသိသာသာ အားကောင်း လာခြင်း မရှိဘဲ မြောက်ဖက် အရပ်သို့ ဆက်လက် ရွေ့လျား လာခဲ့ရာ (၆-၁၀-၂၀၁၀) ည သန်းကောင်ယံ အချိန်မှာ 20.2°N, 110.2°E မှာ ဗဟို ပြုနေပြီး၊ တရုတ် နိုင်ငံ ဟောင်ကောင် ကျွန်းရဲ့ အနောက်တောင် ယွန်းယွန်း ရေမိုင်၂၆၀)ခန့် အကွာပင်လယ်ပြင်ကို ဗဟို ပြုနေပါတယ်။ မုန်တိုင်းငယ်ဟာ အရှေ့ဖက်ဆီသို့ 2 knots နှုန်းနဲက ဖြည်းဖြည်း ဆက်လက် ရွေ့လျား သွားမယ်လို့ JTWC(USA) က ခန့်မှန်း ထားပါတယ်။

မုန်တိုင်းငယ်၏ အရှိန်ကြောင့် မြန်မာ နိုင်ငံတွင် ရန်ကုန်မြို့ အပါအ၀င် နေရာ အချို့တို့တွင် ယနေ့ ညနေပိုင်းက မိုးအသင့်တင့် ရွာသွန်းခဲ့ပြီး၊ ဘင်္ဂလား ပင်လယ်အော် အတွင်းတွင်လည်း တိမ်ထိပ် အပူချိန် - 60° C, -70°C ရှိသော မိုးတိမ် တောင်ကြီးများ ပိုမို ဖြစ်ထွန်း လာနေသဖြင့် လေထု မငြိမ်မသက်ဖြစ်မှု တိုးလာခဲ့ကြောင်း တွေ့ရပါသည်။ (၅-၁၀-၂၀၁၀)ရ့က်နေ့မှာတော့ ဘင်္ဂလား ပင်လယ်အော် အနောက် အလယ်ပိုင်းမှာ လေဖိ အားနည်း ရပ်ဝန်းတစ်ခု စတင် ဖြစ်ပွား လာခဲ့ပါတယ်။ (၆-၁၀-၂၀၁၀)ရက်နေ့မှာ အဲဒီ လေဖိအားနည်း ရပ်ဝန်းနဲ့ ဆက်စပ်ပြီး ဘင်္ဂလား ပင်လယ်အော် အနောက် အလယ်ပိုင်းကနေ မြန်မာ နိုင်ငံ မြောက်ပိုင်းကို တိုးဝင်နေတဲ့ တိမ်စွယ်တန်း (Plume Spiral Cloud) တွေ တိုးဝင် နေခဲ့ပါတယ်။ ဒီတိမ်စွယ်တန်းကြောင့် (၅-၁၀-၂၀၁၀)ရက်ညနေပိုင်းမှာ မြန်မာနိုင်ငံ ဒေသ အတော်များများမှာ မိုးတွေ ရွာခဲ့ပါတယ်။ လေတွေလည်း တိုက်ခတ် ခဲ့တယ်။

အမှန်မှာတော့ တိမ်စွယ်တန်း အတွင်းမှာ တိမ်အစုကြီး နှစ်ခု ရှိနေပြီး၊ ရှေ့ဖက်က တိမ်စုကြီးက မြန်မာနိုင်ငံ မြောက်ပိုင်းကို တိုးဝင် သွားခဲ့ပြီး၊ ခရုပတါ တိမ်တန်းတွေကို မြစ်ဝကျွန်းပေါ် ဒေသကို ဖြတ်သန်း သွားခဲ့တာ ဖြစ်ပါတယ်။ (၇-၁၀-၂၀၁၀) ရက်နေ့ မနက်မှာတော့ ဘင်္ဂလား ပင်လယ်အော် အနောက် အလယ်ပိုင်းမှာ ရှိတဲ့ လေဖိအားနည်း ရပ်ဝန်းဟာ ပိုမို အားကောင်း လာခဲ့ပြီး အိန္ဒိယနဲ့ ထိုင်း မိုးလေ၀သ ဌာနများကတော့ နောက်(၂၄)နာရီအတွင်း သိသိသာသာ ပိုမို အားကောင်း လာလိမ့်မယ်လို့ ခန့်မှန်း ထားကြပါတယ်။
MCCW အနေနဲ့ အောက်တိုဘာလ အတွင်း ဘင်္ဂလား ပင်လယ်အော်မှာ နိုင်း(၂)ကြိမ် အထိ ဖြစ်နိုင်တယ်လို့ ခန့်မှန်း ထားပါတယ်။ လက်ရှိ ဖြစ်ပေါ်နေတဲ့ တိမ်စွယ်တန်းတွေရဲ့ အနေအထားအရ အပြင်၊ ဒီလို မိုးလွန်ကာလတွေမျာ မုန်တိုင်းတွေဟာ အရှေ့ မြောက်ဖက်ကိုဘဲ ရွေ့တတ်လို့ မြန်မာနိုင်ငံ အနေနဲ့ သတိမပြတ် စောင့်ကြည့်ဖို့ လိုပါလိမ့်မယ်။

Check detail in
http://www.tunlwin.com/latestdetail.php?myanmar=42

No comments:

Post a Comment

လွတ်လပ်စွာ ဝေဖန်ရေးသားခွင့်ရှိပါသည်။ အများသူငါဖတ်ရန်မသင့်သော ရိုင်းပြသောစကားလုံးများ သုံးစွဲပါက ဖျက်ခြင်းခံရပါမည်။
ဝေဖန်ရေးနှင့် အကြံပေးခြင်းများကို လှိုက်လှဲစွာကြိုဆိုရလျက်။
လေးစားစွာဖြင့်
အေးနန္ဒာအောင်

ကမ္ဘာအနှံ့ကသတင်းတွေ....