Wednesday, September 29, 2010

ဗြိတိန် လေဘာ ပါတီ ညီလာခံတွင် မိန်းခွန်း ပြောကြားခဲ့သည့် မဝေနှင်းပွင့်သုန် (၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင် ကိုမြအေး၏ သမီး)

၈၈ ကနေစလို့  ပြည်ပမှာ ပြောသမျှထဲမှာ အပြည့်စုံဆုံးနဲ့ အဆင့်အတန်း အရှိဆုံး တင်ပြချက်ကို အသက် ငယ်ငယ်နဲ့ မိန်းကလေး တယောက်က ပြောသွားနိုင်တာ အံ့သြ မဆုံးပါဘူး။ အမေစုကများ လက်ထပ် သင်ပေး ထားသလား အောက်မေ့ ရပါတယ်။ ဒီဘက်က နိုင်ငံရေး ခေါင်းဆောင်တွေလို့  အမည်ခံထားတဲ့ သူတွေ အတု ယူသင့် ပါတယ်။ အနှစ်၂၀ ကျော်ပြောခဲ့သမျှမှာ ဒီတခါလောက် ကောင်မလေး တယောက် ပြောနိုင်သလို ဘယ်သူမှ မပြောခဲ့နိုင် သေးဘူးလို့ ကောက်ချက် ချမိပါတယ် လေးစား အားကျ ပီတိ ဖြစ်ရပါတယ်။ ကျနော်တို့မှာ နောက်ထပ် အင်မတန် ထက်မြက်တဲ့ မျိုးဆက်သစ် လူငယ်တွေ ရှိနေ သေးတာမို့ အားလုံး ၀ိုင်းဝန်းပြီး ကြိုးစားကြကာ အနာဂတ် ဒီမိုကရေစီ တိုက်ပွဲဝင်ကြပါတော့လို့ တိုက်တွန်း ပါရစေ၊

1 comment:

  1. ဝေနှင်းရဲ့သတင်းကတော့ နိုင်ငံတကာမှာေ၇ာက်ရှိနေတဲ့ မြန်မာ့အသိုင်းအဝန်းမှာတော့ တကယ့်ကိုမွှေးနေတာပဲ ဟေ့...လို့ပြောရမှာပဲ နော့၊ အားလုံးရဲ့ချီးကျူးခြင်းကို လူတိုင်း လူတိုင်း ခံချင်ပေမယ့် လူတိုင်းမခံရတာဘာကြောင့် လဲ? နိုင်ငံရေးလုပ်တဲ့နေရာမှာ ရိုးသားကြိုးစားရင်တော့ ထင်ပေါ်မှာပဲ၊ ဝေနှင်းနဲ့ ဒေါ်စု တခုတူညီမှုရှိတာက ဖခင်ရဲ့လုပ်ဆောင်မှုကြောင့် ထင်ပေါ်သလို နဂိုအစွမ်းကလည်း ခက်ထက်ထက်ဆိုတော့ စင်ပေါ်မရောက်ပဲ ဘယ်ရှိတောမလဲ၊ တိုးမပွါးချင်နေ ရိုးသားကြိုးစားရမှာက လူတွေနရဲ့တာဝန်ပဲ။ ကိုဗလိုင်(ဒိန်းမတ်)

    ReplyDelete

လွတ်လပ်စွာ ဝေဖန်ရေးသားခွင့်ရှိပါသည်။ အများသူငါဖတ်ရန်မသင့်သော ရိုင်းပြသောစကားလုံးများ သုံးစွဲပါက ဖျက်ခြင်းခံရပါမည်။
ဝေဖန်ရေးနှင့် အကြံပေးခြင်းများကို လှိုက်လှဲစွာကြိုဆိုရလျက်။
လေးစားစွာဖြင့်
အေးနန္ဒာအောင်

ကမ္ဘာအနှံ့ကသတင်းတွေ....