Monday, September 6, 2010

မြန်မာ့ဒီမိုကရေစီအင်အားစုများက တိုကျိုရှိ တရုတ်သံရုံးရှေ့ ဆန္ဒပြပွဲ လှုပ်ရှားမှုတွင် ပူးပေါင်းပါဝင်ကြပါရန် တိုက်တွန်းနှိုးဆော်ခြင်း

သို့
မြန်မာ့ဒီမိုကရေစီ အင်အားစုများ ခင်ဗျား
နအဖ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေက တရုတ်နိုင်ငံသို့ စက်တင်ဘာလ ၇ ရက်မှ ၁၁ ရက်နေ့ထိ တရားဝင် သွားရောက် လည်ပတ်ပါတော့မည်။ အဆိုပါ ခရီးစဉ်သည် ၎င်း၏ စစ်အာဏာရှင်စနစ် သက်ဆိုး ရှည်ရေးအတွက် တရားမျှတမှု မရှိပဲ၊ ဒီမိုကရေစီ စံနှုန်းများဖြင့် မကိုက်ညီပဲ ကလိန်ကကျစ် နည်းလမ်း များဖြင့် ကျင်းပရန် စိုင်းပြင်းနေသော ၂ဝ၁ဝ ရွေးကောက်ပွဲမှ ထွက်ပေါ်လာမည့် ရလဒ်အား တရုတ်နိုင်ငံမှ အကာအကွယ်ပေးနိုင်ရေးအတွက် ကောက်ကျစ်စဉ်းလဲစွာ ကြိုးပမ်းနေသည်မှာ အငြင်းပွားဖွယ် မရှိဟု ယူဆပါသည်။
တရုတ်နိုင်ငံသည် ကုလသမဂ္ဂ လုံခြုံရေးကောင်စီတွင် ဗီတိုအာဏာ ရသည့် နိုင်ငံဖြစ်ပြီး မြန်မာ့ဒီမိုကရေစီ အရေး၌ နိုင်ငံတကာနှင့် မြန်မာပြည်သူတို့၏ ဒီမိုကရေစီလိုလားသော ဆန္ဒများကိုပင် ပြောင်ပြောင် တင်းတင်း ငြင်းပယ်၍ နအဖ စစ်အစိုးရအား အကာအကွယ်ပေးသည့် အစဉ်အလာများ ရှိနေခဲ့သည်မှာ တကမ္ဘာလုံးအသိ ဖြစ်ပါသည်။
တရုတ်နိုင်ငံ၏ တိုးတက်ဖွံ့ဖြိုးနေသော စီးပွားရေးကို စိတ်ချလက်ချ ထိန်းသိမ်းထားနိုင်ရေးအတွက် နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုများ လုပ်ရမည်ဟု မကြာသေးမီက တရုတ်ဝန်ကြီးချုပ် ဝမ်ကျားပေါင်မှ တရားဝင် ထုတ်ဖော် ပြောဆိုသော်လည်း ယခင် အစဉ်အလာများအတိုင်း မြန်မာစစ်အာဏာရှင်တို့အား လုံခြုံရေး ကောင်စီမှသော်၎င်း၊ အခြားသော သံတမန်ရေးနှင့်  စီးပွားရေး အကူအညီအားဖြင့်သော်၎င်း ဆက်လက် အကာအကွယ်ပေးနေဦးမည် ဆိုလျှင် ဒေသန္တာရ နိုင်ငံရေးအားဖြင့် မြန်မာ့ဒီမိုကရေစီအရေးမှာ အောင်မြင်ဖို့ အခက်အခဲများစွာ ရှိနိုင်ပါသည်။
သို့ဖြစ်၍ တရုတ်နိုင်ငံအနေဖြင့် မြန်မာစစ်အာဏာရှင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေဦးဆောင်သော စစ်အစိုးရ အား ဆက်လက် အားပေး ကူညီခြင်း မပြုတော့ရန်၊ မြန်မာ့ဒီမိုကရေစီအရေးတွင် နိုင်ငံတကာနှင့်အတူ လက်တွဲ၍ စစ်အစိုးရအား ဖိအားပေးရန် ကျွန်ုပ်တို့မှ တိုက်တွန်းတောင်းဆိုမည့် နိုင်ငံရေး လှုပ်ရှားမှုတခုကို အောက်ပါ အစီအစဉ်အတိုင်း စနစ်တကျ ဆင်နွှဲမည် ဖြစ်ပါသောကြောင့် ဂျပန်နိုင်ငံရှိ မြန်မာ့ဒီမိုကရေစီ အင်အားစုများက အစွမ်းကုန် တက်ကြွစွာ ပူးပေါင်းကြပါရန် လေးစားစွာ တိုက်တွန်း နှိုးဆော်အပ်ပါသည်။
နေ့ရက် ၇-၉-၂ဝ၁ဝ (အင်္ဂါနေ့) အစီအစဉ် – ဆန္ဒပြခြင်း
၈-၉-၂ဝ၁ဝ (ဗုဒ္ဓဟူးနေ့) အစီအစဉ် (၁) – ဆန္ဒပြခြင်း အစီအစဉ် (၂) – ၂ဝ၁ဝ ရွေးကောက်ပွဲ ဆန့်ကျင်ရေး ကော်မတီ (ဂျပန်)မှ တရုတ်သံအမတ်ကြီးထံ လိပ်မူထားသောစာကို ပေးအပ်ပါမည်။
အချိန် ညနေ ၃ နာရီမှ ၄ နာရီထိ
နေရာ တရုတ်သံရုံးရှေ့၊ တိုကျို၊ ဂျပန်
လိပ်စာ Embassy of the People’s Republic of China 4-33, Minato-Azabu 3 Chome, Minato-ku, Tokyo (106—0046)
မြန်မာ့ဒီမိုကရေစီ အင်အားစုများ၏ တရုတ်သံရုံးရှေ့ လှုပ်ရှားမှု တာဝန်ခံ (နှစ်ရက်စလုံး) ကိုမိုင်ကျော်ဦး (ဆက်သွယ်ရန် ဖုန်း – 090-9831-7192)




ပြန်ကြားရေး
၂ဝ၁ဝ ရွေးကောက်ပွဲ ဆန့်ကျင်ရေး ကော်မတီ (ဂျပန်)
မြေပုံ အညွှန်း
HIBIYA LINE စီးလျှင် HIROO (ဟီရိုးအို) ဘူတာတွင် ဆင်း၍ ထွက်ပေါက် (၃) မှ ထွက်ပါ။

No comments:

Post a Comment

လွတ်လပ်စွာ ဝေဖန်ရေးသားခွင့်ရှိပါသည်။ အများသူငါဖတ်ရန်မသင့်သော ရိုင်းပြသောစကားလုံးများ သုံးစွဲပါက ဖျက်ခြင်းခံရပါမည်။
ဝေဖန်ရေးနှင့် အကြံပေးခြင်းများကို လှိုက်လှဲစွာကြိုဆိုရလျက်။
လေးစားစွာဖြင့်
အေးနန္ဒာအောင်

ကမ္ဘာအနှံ့ကသတင်းတွေ....