Tuesday, September 21, 2010

ပြည်သူတွေကို လိမ်လည် လှည့်ဖျားစည်းရုံးနေတဲ့ ၂၀၁၀ ရွေးကောက်ပွဲ ဝင်မယ့် သမိုင်းတရားခံ ပါတီများ...

ခမောက်နဲ့ စားသားပါမကျန် ဆင်တူရိုးမှား အသုံးပြုထားတဲ့ NDF ပါတီ
၈၈မျိုးဆက် မျိုးဆက်ဖျက် ကျောင်းသားများ အဖွဲ့အေးလွင်နဲ့ ရဲထွန်းတို့ပါတီဟာ ပုံမှာပါတဲ့ အတိုင်း ခွပ်ဒေါင်းကို မဲပေးကြစို့ ဟုရေးသားထားတဲ့ စာတန်းပါတဲ့ တီရှပ်များ၊ ဗိုလ်ချုပ်ပုံပါတဲ့ ပိုစတာများနဲ့ ခွပ်ဒေါင်းပုံတွေ လှိုင်လှိုင်သုံးပြီး ပြည်သူတွေ ထင်ယောင် ထင်မှား ဖြစ်စေရန် ဒေါင်းယောင်ဆောင်သော ကျီးများမှ ခွပ်ဒေါင်းကို မဲပေးကြပါဆိုပြီး လိမ်လည်စည်းရုံးနေပါတယ်...။
 ခွပ်ဒေါင်းကိုမဲပေးကြစို့ စာတန်းပါတဲ့ တီရှပ်နဲ့ ဗိုလ်ချုပ်ပုံပိုစတာတွေ သုံးပြီးစည်းရုံးရေးဆင်းနေတဲ့ ၈၈မျိုးဖျက်ပါတီ
အဖွဲ့ချုပ်ကို ခြေကန်ထွက်ခဲ့တဲ့ ဦးခင်မောင်ဆွေနဲ့ ဒေါက်တာသန်းငြိမ်းတို့ရဲ့ အမျိုးသားဒီမိုကရေစီအင်အားစု (NDF) မှလည်း ယခင် ၁၉၉၀ခုနှစ် ရွေးကောက်ပွဲမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ဆောင်ပုဒ်ဖြစ်တဲ့ ခမောက်ဘေးမှာ ကြက်ခြေခတ် ပြည်သူတွေရဲ့ အောင်ပွဲမှတ် ဆိုတဲ့ စကားလုံးကို တုပပြီး ခမောက်ဘေးမှာ အမှန်ခြစ် ပြည်သူ့အတွက် ဘဝသစ် ဆိုတဲ့ စကားလုံးနဲ့ အတူ ခမောက်နဲ့ စာသားပါမချန် ထင်ယောင်ထင်မှား အသုံးပြုထားပါတယ်။

အထက်ပါ ပါတီနှစ်ခုဟာ မိမိတို့ကိုယ်ကိုယ် ယုံကြည်ချက်မရှိတဲ့အတွက် ကျောင်းသားတွေကို ကိုယ်စားပြုတဲ့ ခွပ်ဒေါင်းနဲ့ အဖွဲ့ချုပ်ကို ကိုယ်စားပြုတဲ့ ခမောက်တို့ကို တုပအသုံးပြုပြီး မသိနားမလည်တဲ့ ပြည်သူတွေကို ထင်ယောင်ထင်မှား ဖြစ်စေရန် မဲဆွယ်စည်းရုံးနေပါတယ်..။ ထိုအတွက်ကြောင့် အဆိုပါ ပါတီ(၂)ခုဟာ ကျောင်းသား၊ ပြည်သူတွေကို ကိုယ်စားပြုသည့် ပါတီများမဟုတ်ပဲ စစ်အာဏာရှင်တွေနဲ့ ပူပေါင်းပတ်သတ်နေတဲ့ သမိုင်းတရားခံ အယောင်ဆောင် ပါတီများသာ ဖြစ်ကြောင်း အများပြည်သူသိစေရန် တိုက်တွန်း နှိုးဆော်လိုက်ရပါသည်။
သတင်းရင်းမြစ်။ ။ဒီမိုဝေယံhttp://www.demowaiyan.co.cc/

No comments:

Post a Comment

လွတ်လပ်စွာ ဝေဖန်ရေးသားခွင့်ရှိပါသည်။ အများသူငါဖတ်ရန်မသင့်သော ရိုင်းပြသောစကားလုံးများ သုံးစွဲပါက ဖျက်ခြင်းခံရပါမည်။
ဝေဖန်ရေးနှင့် အကြံပေးခြင်းများကို လှိုက်လှဲစွာကြိုဆိုရလျက်။
လေးစားစွာဖြင့်
အေးနန္ဒာအောင်

ကမ္ဘာအနှံ့ကသတင်းတွေ....