Thursday, September 9, 2010

ရခိုင်သမိုင်းသုတေသီ ရမ္မာဝတီ အသျှင်ပညာစာရ နှင့်ပတ်သက်၍ ရခိုင်ပြည်နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် အဖွဲ့ ဝင်များ၏ သဘောထားရပ်တည်ချက်

ရခိုင်သမိုင်းသုတေသီ ရမ္မာဝတီ အသျှင်ပညာစာရ နှင့်ပတ်သက်၍
ရခိုင်ပြည်နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် အဖွဲ့ ဝင်များ၏ သဘောထားရပ်တည်ချက်

ရက်စွဲ၊၂၀၁၀ပြည့်နှစ်၊စက်တင်ဘာလ(၉)ရက်။

၇၁-နှစ်မြောက်ဆရာတော်ဦးဥတ္တမနေ့ ။

ရခိုင်ပြည်သူ့ အကျိုးပြုလုပ်ငန်းများကို သက်စွန့် ကြိုးပမ်းဆောင်ရွက်ရင်း မတရားဖမ်းဆီးထိန်းသိမ်းခံနေ ရသော ရခိုင်သမိုင်းသုတေသီ ရမ္မာဝတီ အသျှင်ပညာစာရ နှင့်ပတ်သက်၍ ပြည်သူ့ အကျိုးပြုလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိသော ရခိုင်ပြည်နယ်၊အဖွဲ့ ချုပ် အဖွဲ့ ဝင်များ၏သဘောထားရပ်တည်ချက်ကို ၄င်းတို့ ၏ ဆန္ဒ အရ (၉-၉-၂၀၁၀)နေ့ တွင်ကျရောက်သော ဆရာတော်ဦးဥတ္တမပျံလွန်တော်မူသည့်(၇၁)နှစ်မြောက်အောက်မေ့ ဘွယ်နေ့ တွင် အောက်ပါအတိုင်း ဖော်ပြပါသည်။

(၁) စစ်တွေမြို့ ၊မဟာမုနိဗုဒ္ဓ၀ိဟာရကျောင်းတိုက်၊ကျောင်းထိုင်ဆရာတော် ရခိုင်သမိုင်းသုတေသီ ရမ္မာဝတီ အသျှင်ပညာစာရ အား (၂၇-၇-၂၀၁၀)နေ့ တွင် မတရား ဖမ်းဆီးထိန်းသိမ်းပြီး၊သင်္ကန်းကို အတင်းအကြပ် ဆွဲချွတ်၍ အဓမ္မလူဝတ်လဲကာ၊ အစာမကျွေး ရေမပေးဘဲ ရက်အတော်ကြာ ရက်စက်စွာညှဉ်းပမ်းနှိပ်စက်၊ ရိုက်နှက်ကန်ကျောက်လျက် လူမဆန်စွာ စစ်ဆေးခဲ့ခြင်းမှာ ရခိုင်၏စစ်မှန်သောထေရ၀ါဒဗုဒ္ဓသာသနာတော် ကြီးကိုစော်ကားရာရောက်ပြီး၊ ဥပဒေနှင့်မညီ ကြီးမားသောလူ့ အခွင့်အရေးချိုးဖောက်မှုဖြစ်သည်။

(၂) ရခိုင်သမိုင်းသုတေသီ ဆရာတော်အား ဖမ်းဆီးပြီး၊အာဏာပိုင်တို့ က သက်ဆိုင်သူ ကျောင်းထိုင်ဆရာ တော်နှင့်ရခိုင်လူမျိုးတို့ ၏ဆန္ဒကို လုံးဝဆန့် ကျင်လျက်၊ ကျောင်းရှိရခိုင်ကလေးငယ် ၁၀၀ ကျော်ကို ဌာနေ တိုင်းရင်းဒေသကို အဓမ္မစွန့် ခွာစေပြီးအတင်းအကြပ်ပြောင်းရွှေ့ နေရာချထားခြင်း၊ရခိုင်လူမျိုးတို့ ၏အသက် တမျှအရေးကြီးလှသောရခိုင်ရှေးဟောင်းအမွေအနှစ်များကိုအဓမ္မ သိမ်းပိုက်ယူဆောင်ခြင်းတို့ မှာ လူသားမျိုး နွယ်စုများအပေါ် ကျူးလွန်သည့်ကြီးမားလှသော ရာဇ၀တ်မှုကြီးပင်ဖြစ်ပေသည်။

(၃)ဆရာတော်အား လူမဆန်သောစွပ်စွဲချက်များဖြင့် တရားစီရင်မှုပြုရာတွင်လည်း သက်သေအများစုမှာ ကလေးသူငယ်များဖြစ်နေခြင်း၊သက်သေများကိုမိဘဆွေမျိုးများနှင့်တွေ့ ခွင့်လုံးဝမရစေဘဲဖမ်းဆီးထိန်းသိမ်း ထားခြင်း၊စွပ်စွဲခံရသူဘက်မှတောင်းဆိုခြင်းမရှိဘဲ သက်သေများကို အာဏာပိုင်တို့ အလိုကျထွက်ဆိုလာစေရန် အကြိမ်ကြိမ်ခေါ်ယူစစ်ဆေးခြင်း၊တရားခွင်၌ သက်သေများကြောက်လန့် စေနိုင်သည့် မလိုလားအပ်သော လုံခြုံ ရေးတပ်ဖွဲ့ ဝင်များဝင်ရောက်အနီးကပ်စောင့်ကြည့်ခြင်းနှင့်မှတ်တမ်းယူနေခြင်း၊ မတရားစွပ်စွဲခံရသူဆရာတော် နှင့် ၄င်း၏ရှေ့ နေတို့ အမှုကိစ္စဆွေးနွေးရာတွင်လွတ်လပ်မှုလုံးဝမရှိခြင်း၊တရားခွင်အားအများပြည်သူကြားနာခွင့် လုံးဝမရရှိခြင်း အပါအ၀င်အခြားဥပဒေနှင့်မညီ၊တရားမျှတမှုလုံးမရှိသောလုပ်ရပ်များသည် တရားစီရင်ရေးမူကို လုံးဝပျက်စီးစေပြီး၊အပြစ်မဲ့သူအား နိုင်ငံရေးအရလုပ်ကြံအပြစ်ပေးရန်တမင်ကြံရွယ်ထားကြောင်းမှာသိသာ ထင်ရှား နေပါသည်။

(၄)ဤသို့ ရခိုင်သမိုင်းသုတေသီ ရမ္မာဝတီ အသျှင်ပညာစာရအား မတရားလုပ်ကြံခြင်းသည် ပြည်ထောင်စုကြီး အတွက်မည်သို့မျှအကျိုးမရှိနိုင်သလို၊ တိုင်းရင်းသားသွေးစည်းညီညွတ်မှုကို များစွာထိခိုက်စေသောကြောင့် ဆရာတော်အားခြွင်းချက်မရှိ(ချက်ချင်း)ပြန်လွှတ်ပေးပြီး၊ကျောင်းမှအဓမ္မသိမ်းယူသွားခဲ့သော ရခိုင်ကလေးငယ် များနှင့်ရခိုင်သမိုင်းအမွေအနှစ်များကို မူလနေရာ၊မူလပိုင်ရှင်လက်သို့ အမြန်ဆုံးပြန်လည်ထားရှိရမည်ဖြစ် ကြောင်း ရခိုင်ပြည်နယ်အဖွဲ့ ချုပ်အဖွဲ့ ဝင်များက အလေးအနက်ဆန္ဒပြုသည်။

ရခိုင်ပြည်နယ်အဖွဲ့ ချုပ်အဖွဲ့ ဝင်များ၏ဆန္ဒနှင့်သမိုင်းပေးတာဝန်အရ-

ဦးသိန်းလှိုင်

တွဲဖက်အတွင်းရေးမှူး

ရခိုင်ပြည်နယ်အမျိုးသားဒီမိုကရေစီအဖွဲချုပ်

No comments:

Post a Comment

လွတ်လပ်စွာ ဝေဖန်ရေးသားခွင့်ရှိပါသည်။ အများသူငါဖတ်ရန်မသင့်သော ရိုင်းပြသောစကားလုံးများ သုံးစွဲပါက ဖျက်ခြင်းခံရပါမည်။
ဝေဖန်ရေးနှင့် အကြံပေးခြင်းများကို လှိုက်လှဲစွာကြိုဆိုရလျက်။
လေးစားစွာဖြင့်
အေးနန္ဒာအောင်

ကမ္ဘာအနှံ့ကသတင်းတွေ....