Wednesday, September 15, 2010

ဒီတစ်ပတ် သတင်းဓာတ်ပုံ


စစ်တပ်မှ လက်နက် အားကိုးဖြင့် အနိုင်ကျင့် စော်ကားပြီး လူငယ် နှစ်ဦးကို သတ်ဖြတ် ပြီးနောက် တွင် ပဲခူးမြို့  ၏ ရှေးဟောင်း ဂိုဏ်ကြီး တစ်ခု ဖြစ်သည့် ဥဿာရာမ ဂိုဏ်းမှာ စစ်တပ် ကို ပညာပေး ရန် အတွက် ပြန်လည် ဖွဲ့စည်း လိုက်သည်ဟု သိရသည်။



အင်အားကြီး နိုင်ငံ တစ်ခု၏ အကူအညီကိုသာ မရပါက ရွေးကောက်ပွဲသည် ရေစုန် မျောသွား နိုင်သည်ကို စိုးရိမ်သောကြောင့် အသက်ကြီးမှ အိမ်နီးချင်း နိုင်ငံများ တွင် ပုတီး၊ ပြဒါး လျှောက်လုပ် နေရသည့် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ


ဗုံးတွေ့မှုကြောင့် ဈေးဝယ်သူ အလာ နည်း၍ ရောင်းအား သိသာစွာ ကျသွားသည့် ဗိုလ်ချုပ် အောင်ဆန်းဈေး



Sofy တစ်ရှုး ကုမ္ပဏီမှ ကျင်းပသည့် "Idol Search 2010" ပြိုင်ပွဲတွင် ဒေါ်လာ ၁၀၀၀ ဆုရရှိခဲ့သည့် ဟေမန်ကျော်မင်း နှင့် သူငယ်ချင်းများ အဆိုအက အဖွဲ့ 



လူမှုရေး လုပ်ငန်းများတွင် တစ်တပ် တစ်အား ပါဝင် ခဲ့စဉ်က ချီးမွမ်း မခံရဘဲ စစ်အစိုးရ ၀ါဒဖြန့် ဇာတ်ကားတွင် ပါဝင်မိရာမှ ဝေဖန်ရှုံ့ချမှုကို ခံနေရသည့် ၀ိုင်းစုခိုင်သိန်း သည် လူကြိုက်များမှု ရှိနေဆဲ ဖြစ်သည်



ရန်ကုန် မြစ်ရေ တက်မှု ကြောင့် ကမ်းနားလမ်း အနိမ့်ပိုင်း ဒေသများ မှ ရေဖုံးလွှမ်းခြင်း ခံနေရသည်။ AP Photo



ပြည်ပ ဖျော်ဖြေရေး ပွဲစဉ် တစ်ခု၌ တွေ့ရသည့် ၀ိုင်းစုခိုင်သိန်း




မဲဆောက်တွင် စစ်ဆင်ရေး တစ်ရပ် အနေဖြင့် မြန်မာ လူမျိုးများအား ဖမ်းဆီး နေသောကြောင့် မြန်မာ အလုပ်သမား အများစုဖြင့် လုပ်ကိုင် နေသည့် လုပ်ငန်း ခွင်များမှာ ရပ်နား ထားရသည်



မဲဆောက် - မြ၀တီ ချစ်ကြည်ရေး တံတား ပိတ်ထားသော်လည်း ထိုင်း နိုင်ငံတွင်းသို့ မြန်မာများက ဤသို့ ခိုးဝင်မှုများ ရှိနေဆဲ ဖြစ်သည်


source by : FREEDOM NEWS GROUP

No comments:

Post a Comment

လွတ်လပ်စွာ ဝေဖန်ရေးသားခွင့်ရှိပါသည်။ အများသူငါဖတ်ရန်မသင့်သော ရိုင်းပြသောစကားလုံးများ သုံးစွဲပါက ဖျက်ခြင်းခံရပါမည်။
ဝေဖန်ရေးနှင့် အကြံပေးခြင်းများကို လှိုက်လှဲစွာကြိုဆိုရလျက်။
လေးစားစွာဖြင့်
အေးနန္ဒာအောင်

ကမ္ဘာအနှံ့ကသတင်းတွေ....