Monday, September 27, 2010

တိုက်ပွဲဝင်ခွပ်ဒေါင်းအလံတော်အားအမေရိကန်ပြည်ထောင်စုတွင်တရားဝင်လွှင့်ထူခွင့်ရခြင်း







စစ်အာဏာရှင်တိုက်ပွဲတွင် ဒီမိုကရေစီအင်အားစုများ ကိုင်စွဲ လွှင့်ထူခဲ့သော တိုက်ပွဲဝင် ခွပ်ဒေါင်းအလံတော်အား အမေရိကန်ပြည်ထောင်စု၊ နယူးယောက်ပြည်နယ်၊ ဘတ်ဖဲလိုးမြို့တွင် သက်ဆိုင်ရာ အာဏာပိုင်များ၏ တရားဝင် ခွင့်ပြုချက်ဖြင့် စက်တင်ဘာလ(၂၅)နေ့ နံနက် ၁၁နာရီအချိန် ဘတ်ဖဲလိုးမြို့ မြို့တော်ခန်းမရှေ့ ပန်းခြံရှိ အမေရိကန်ပြည်ထောင်စု နိုင်ငံတော်အလံလွှင့်ထူရာ အလံတိုင်တွင် လွှင့်ထူခွင့် ရခဲ့ပါသည်။
တိုက်ပွဲဝင် ခွပ်ဒေါင်းအလံတော် လွှင့်ထူခြင်းအခမ်းအနားသို့ အဝေးရောက်ညွှန့်ပေါင်းအစိုးရအဖွဲ့ ၀န်ကြီးချူပ်မှ တက်ရောက် အမှာစကားပြောကြားခဲ့ပြီး၊ ကျောင်းသားခေါင်းဆောင်များ၊ နိုင်ငံရေး အကျဉ်းသားဟောင်းများ၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦးမှ ရဲဘော်ဟောင်းများ၊ အမျိုးသားဒီမိုကရေစီ အဖွဲ့ဝင်များ၊ ဒီမိုကရေစီရေး တက်ကြွလှုပ်ရှားသူများပါ ချီတက်အလေးပြုခဲ့ကြပါသည်။
တိုက်ပွဲဝင် ခွပ်ဒေါင်းအလံတော်အား အမေရိကန်ပြည်ထောင်စုတွင် တရားဝင် လွှင့်ထူခွင့် ပေးခြင်းမှာ အမေရိကန်ပြည်ထောင်စုအနေဖြင့် မြန်မာ့ဒီမိုကရေစီလှုပ်ရှားမှု့ကို အသိမှတ်ပြု ထောက်ခံခြင်း ဖြစ်သလို၊ မြန်မာနိုင်ငံ တိုက်ပွဲဝင် ခွပ်ဒေါင်းအလံတော်အား အလေးမြတ်ထားခြင်း လည်းဖြစ်ကြေင်း သက်ဆိုင်ရာ အာဏာပိုင် တစ်ဦးမှ ပြောကြားသွားခဲ့ပါသည်။
ဘတ်ဖဲလိုး ဒီမိုကရက်တစ်အင်အားစုများ

အမေရိကန်ပြည်ထောင် 
8888mailမှကူးယူဖေါ်ပြပါသည်။

No comments:

Post a Comment

လွတ်လပ်စွာ ဝေဖန်ရေးသားခွင့်ရှိပါသည်။ အများသူငါဖတ်ရန်မသင့်သော ရိုင်းပြသောစကားလုံးများ သုံးစွဲပါက ဖျက်ခြင်းခံရပါမည်။
ဝေဖန်ရေးနှင့် အကြံပေးခြင်းများကို လှိုက်လှဲစွာကြိုဆိုရလျက်။
လေးစားစွာဖြင့်
အေးနန္ဒာအောင်

ကမ္ဘာအနှံ့ကသတင်းတွေ....