Wednesday, September 8, 2010

ဗိုလ်ချုပ်မှူးကြီး သန်းရွှေ တရုတ်နိုင်ငံသို့ သွားရောက် လည်ပတ်သည့် ခရီးစဉ်အား ဆန့်ကျင် ကန့်ကွက် ဆန္ဒပြပွဲ(တိုကျို)


နအဖ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ တရုတ်နိုင်ငံသို့ သွားရောက် လည်ပတ်သည့် ခရီးစဉ်အား ဆန့်ကျင် ကန့်ကွက် ဆန္ဒပြပွဲ လှုပ်ရှားမှုတခုကို ဂျပန်ရောက် မြန်မာ့ဒီမိုကရေစီ အင်အားစုများမှ တိုကျိုမြို့ရှိ တရုတ်သံရုံးရှေ့ တွင
၂၀၁၀ ခုနှစ် စက်တင်ဘာလ (၇)ရက် ညနေ ၃း၀၀ နာရီ မှ ၄း၀၀ နာရီအထိ ပြုလုပ်ခဲ့ပါသည်။

ဆန္ဒပြပွဲ ကျင်းပရခြင်းမှာ အဆိုပါ ခရီးစဉ်သည် ၎င်း၏ စစ်အာဏာရှင်စနစ် သက်ဆိုး ရှည်ရေးအတွက် တရားမျှတမှု မရှိသည့် ၂ဝ၁ဝ ရွေးကောက်ပွဲမှ ထွက်ပေါ်လာမည့် ရလဒ်အား တရုတ်အစိုးရမှ ထောက်ခံပေးရန်နှင့် အသိအမှတ်ပြု ပေးနိုင်ရေးအတွက်ပါ ကြိုးပမ်းနေသည့် အပြင် ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှာ အရေးယူမည့် ကိစ္စရပ်များတွေကို အကာအကွယ်ပေးရန် ရည်ရွယ်ချက် ခရီးစဉ်ဖြစ်သည့် အတွက် ယခုလို ဆန့်ကျင် ကန့်ကွက် ဆန္ဒပြပွဲ ကျင်းပရကြောင်းကို ကျင်းပရေးတာဝန်ခံ တဦး၏ ပြောပြချက်အရ သိရှိရပါသည်။
ဆန္ဒပြပွဲကို စက်တင်ဘာလ(၇)ရက်နေ့နှင့် (၈)ရက်နေ့များတွင် ပြုလုပ်သွားမှာဖြစ်ပြီး တရုတ်အစိုးရအား တိုက်တွန်းတောင်းဆိုသည့် စာတစ်စောင်ကိုလည်း မနက်ဖြန် ဆန္ဒပြ နောက်ဆုံးရက်နေ့တွင် ပေးပို့သွားမည် ဖြစ်ပါသည်။ တိုက်တွန်းတောင်းဆို သည်စာတွင် နအဖ စစ်အစိုးရကို အကာအကွယ်ပေးသည့် လုပ်ရပ်များနှင့် စစ်အာဏာရှင် သက်ဆိုးရှည်စေမည့် ပံ့ပိုးကူညီသည့် လုပ်ဆောင်ချက်များ ရပ်ဆိုင်းပေးရန်အတွက်ပါ ထည့်သွင်း တောင်းဆိုထားကြောင်း သိရှိရပါသည်။




သတင်းမှတ်တမ်း။ Mai Kyaw Oo
မှတ်တမ်းဓါတ်ပုံ။ Myo San OO(BDA), Lian Khan Sum(CNC-Japan)

No comments:

Post a Comment

လွတ်လပ်စွာ ဝေဖန်ရေးသားခွင့်ရှိပါသည်။ အများသူငါဖတ်ရန်မသင့်သော ရိုင်းပြသောစကားလုံးများ သုံးစွဲပါက ဖျက်ခြင်းခံရပါမည်။
ဝေဖန်ရေးနှင့် အကြံပေးခြင်းများကို လှိုက်လှဲစွာကြိုဆိုရလျက်။
လေးစားစွာဖြင့်
အေးနန္ဒာအောင်

ကမ္ဘာအနှံ့ကသတင်းတွေ....