Thursday, August 19, 2010

ခြေမြန် တပ်ရင်း ၂ရင်း နုတ်ထွက်


ရန်ကုန်တိုင်း စစ်ဌါနချုပ် လက်အောက်ခံ တောင်ဥက္ကလာပမှာ အခြေစိုက်တဲ့ ခမရ ၄၃၅ နဲ့ ၄၃၆ တပ်ရင်း နှစ်ရင်းက အရာရှိအရာခံ အကြပ်တပ်သားတွေအားလုံး နှုတ်ထွက်စာတင်ထားပါတယ်။

တပ်ရင်းလိုက် နှုတ်ထွက်စာ တင်လိုက်ရတဲ့အကြောင်းရင်းက ၂ ချက်ရှိတယ်လို့သိရပါတယ်။ အချိန်အတော်ကြာအောင် တင်ပြထားတဲ့ ရိက္ခာ မလောက်ငမှုပြဿနာနဲ့ တောင်းထားတဲ့ဘဏ်စုငွတွေကိစ္စကို ကနေ့အထိ အကြောင်း ပြန်ကြားခြင်း မရှိတဲ့အတွက် သည်းမခံနိုင်တဲ့အဆုံး ပြီးခဲ့တဲ့ အပတ်ကစပြီး တစ်တပ်လုံး နှုတ်ထွက်စာ တင်တာဖြစ်တယ်လို့ခမရ ၄၃၅ ကတပ်ကြပ်ကြီး တစ်ဦးက ဘီဘီစီကိုပြောပါတယ်။

ဘဏ်စုငွေနဲ့ရိက္ခာကိစ္စတောင်းဆိုထားတာ အချိန်ကြာမြင့်ခဲ့သည့်တိုင် အထက်က ဘာမှ အရေးယူဆောင်ရွက် ပေးခြင်းမရှိကြောင်း တပ်ရင်းမှူးကတဆင့် တင်ပြခဲ့ကြောင်း အဲဒီတပ်ကြပ်ကြီးကပဲ ဘီဘီစီကို ပြောပါတယ်။

အဲဒီကိစ္စ အခုတပ်ရင်းမှူးကိုယ်တိုင်ကပါ နှုတ်ထွက်စာတင်ကြောင်း အခုတော့ နှုတ်ထွက်စာတင်တဲ့တပ်ရင်း ၂ ရင်းဖြစ်ကြောင်းနဲ့ တပ်ရင်းတရင်းမှာ အင်အား ၂၀၀ ရှိကြောင်း တပ်ကြပ်ကြီးက ဘီဘီစီကိုပြောပါတယ်။

တကယ်တော့ ရဲဘော်တွေရဲ့ ဘဏ်မှာစုထားတဲ့ဘဏ်စုငွေတွေ ပြန်ထုတ်မပေးလို့ စစ်တပ် တပ်ရင်းတချို့ရဲ့ တပ်ရင်းတချို့က မကျေမနပ်ဖြစ်နေတာ ကြာပါပြီ။ ရဲမွန်တပ်ဆိုရင် အခုထက်ထိ အဝိုင်းခံထားရဆဲပါ။ ရဲဘော်တွေရဲ့  ဒီဘဏ်စုငွေတွေဟာ မြန်မာ့စီးပွါးရေး ဦးပိုင်လိမိတက်မှာ ရှိနေပြီး အခုထက်ထိတော့ ပြန်ထုတ်မပေးပဲ ထားလို့ ပြဿနာ မပြေလည် ဆဲဖြစ်နေပါတယ်။
BBC မြန်မာပိုင်းမှကူးယူဖေါ်ပြပါသည်။

No comments:

Post a Comment

လွတ်လပ်စွာ ဝေဖန်ရေးသားခွင့်ရှိပါသည်။ အများသူငါဖတ်ရန်မသင့်သော ရိုင်းပြသောစကားလုံးများ သုံးစွဲပါက ဖျက်ခြင်းခံရပါမည်။
ဝေဖန်ရေးနှင့် အကြံပေးခြင်းများကို လှိုက်လှဲစွာကြိုဆိုရလျက်။
လေးစားစွာဖြင့်
အေးနန္ဒာအောင်

ကမ္ဘာအနှံ့ကသတင်းတွေ....