Thursday, August 12, 2010

ဆုတောင်း


တော်လှန်ရေးအုပ်စုထဲက
ရင်သွေးငယ်တယောက်
မိဘပျောက်လို့ တောင်းတဲ့ဆုဆိုလဲ
တောင်းတဲ့ဆုပြည့်ပါစေ ကလေးရယ်...

နာဂစ်မုန်တိုင်းအောက်
တစစီပျောက်ခဲ့ရတဲ့ မိသားစုဘဝ
ပြန်ပေးပါလို့ တောင်းတဲ့ဆုဆိုရင်လဲ
တောင်းတဲ့ဆုပြည့်ပါစေ ကလေးရယ်...

ဝါဆို ဝါခေါင်
ကျောင်းခေါင်းလောင်းသံကြားတာတောင်
ကျောင်းစာသင်ခွင့် မပြည့်ဝတဲ့ဘဝ
နောက်တခါမဖြစ်ပါရစေနဲ့လို့ တောင်းတဲ့ဆုဆိုရင်လဲ
တောင်းတဲ့ဆုပြည့်ပါစေ ကလေးရယ်...

မိုးရွာရင် နားခိုစရာမဲ့
ထမင်းရည်တောင်ရှာရခက်
ကျန်းမာရေးတွေကချို့တဲ့
မောင်ငယ် နှမငယ်
အသက်ဆက်ခွင့်ပေးဖို့ တောင်းတဲ့ဆုဆိုရင်လဲ
တောင်းတဲ့ဆုပြည့်ပါစေ ကလေးရယ်.....
http://nakhathit.blogspot.com/မှကူးယူတင်ပြပါသည်။

No comments:

Post a Comment

လွတ်လပ်စွာ ဝေဖန်ရေးသားခွင့်ရှိပါသည်။ အများသူငါဖတ်ရန်မသင့်သော ရိုင်းပြသောစကားလုံးများ သုံးစွဲပါက ဖျက်ခြင်းခံရပါမည်။
ဝေဖန်ရေးနှင့် အကြံပေးခြင်းများကို လှိုက်လှဲစွာကြိုဆိုရလျက်။
လေးစားစွာဖြင့်
အေးနန္ဒာအောင်

ကမ္ဘာအနှံ့ကသတင်းတွေ....