Sunday, June 27, 2010

ဂျပန်က ဒီမိုကရေစီအင်အားစုများရဲ့ စုပေါင်းဆွေးနွေးပွဲ ဓါတ်ပုံ နှင့် သတင်း

ဂျပန်မှာ မြန်မာ့ဒီမိုကရေစီရေးအတွက် အသွင်အမျိုးမျိုးနဲ့ ယုံကြည်ချက်ကိုယ်စီနဲ့ အင်တိုက်အားတိုက် လှုပ်ရှားနေကြတဲ့ အဖွဲ့အစည်း အများအပြား ရှိပါတယ်။ အဖွဲ့အစည်းအသီးသီးရဲ့ constitution တွေက မတူကြပေမယ့် အားလုံးသော အဖွဲ့အစည်းတွေရဲ့ တစ်ခုတည်းသော ရည်ရွယ်ချက်ကတော့ မြန်မာနိုင်ငံမှာ လူ့အခွင့်အရေးအပြည့်အဝရှိတဲ့ စစ်မှန်တဲ့ဒီမိုကရေစီ ပေါ်ထွန်းရေးပင်ဖြစ်ပါတယ်။ အဆိုပါ အဖွဲ့အစည်းများဟာ အခါအားလျော်စွာ စစ်အာဏာရှင်ကို ဆန့်ကျင်တိုက်ဖျက်ရေး လှုပ်ရှားများ၊ မြန်မာနိုင်ငံမှာ လူ့အခွင့်အရေး အပြည့်အဝရရှိရေး၊ မြန်မာပြည်တွင်းရှိ ဖိနှိပ်ခံတိုင်းသူပြည်သားများရဲ့ အကျိုးစီးပွားဖြစ်ထွန်းရာ ဖြစ်ထွန်းကြောင်း ကိစ္စများကို တဖက်တလမ်းမှ အကူအညီပေးခြင်း ကိစ္စများ အစရှိသည်တို့ကို မိမိတို့ရဲ့အဖွဲ့အစည်းအလိုက် ဖြစ်စေ၊ တဖွဲ့နှင့်တဖွဲ့ ပူးပေါင်း၍ဖြစ်စေ တနှစ်ပါတ်လုံး လုပ်ကိုင် ဆောင်ရွက်လျက် ရှိကြပါတယ်။ ထိုသို့လုပ်ကိုင်ကြရာမှာ ရံဖန်ရံခါ သဘောထားချင်း ကွဲလွဲစေကာမူ အရေးကြီးရင် သွေးနီးတယ် ဆိုတဲ့စကားအတိုင်းပဲ ယနေ့အချိန်ဟာ မြန်မာနိုင်ငံ အနာဂတ်အတွက် အလွန်ပင်အရေးကြီး နေပြီဖြစ်တဲ့ အားလျော်စွာ ကျမတို့ ဂျပန်နိုင်ငံမှာရှိတဲ့ အဖွဲ့အစည်း အသီးသီးဟာလည်း သူ့သဘော ကိုယ့်သဘော စောကြောမနေတော့ဘဲ ဒီနေ့ ၂၀၁၀ခုနှစ်၊ ဇွန်လရဲ့ နောက်ဆုံး တနင်္ဂနွေနေ့မှာ မြန်မာ့နိုင်ငံရေးအတွက် ပဏာမအနေနဲ့ စုပေါင်းညှိနှိုင်းတဲ့ ဆွေးနွေးပွဲတစ်ခုကို ညီညွတ်သော တိုင်းရင်းသားများ အဖွဲ့အစည်း Association of United Nationalities in Japan(AUN-Japan) ရုံးခန်းမှာ ပြုလုပ်ခဲ့ပါတယ်။ ဂျပန်နိုင်ငံရှိ မြန်မာ့ဒီမိုကရေစီရေး လှုပ်ရှားနေကြတဲ့ အဖွဲ့အစည်း အတော်များများမှ အလုပ်အမှုဆောင် ကော်မတီဝင်များ တက်ရောက် ဆွေးနွေးကြတဲ့ အဲသည့် အစည်းအဝေးကို ကျမလည်း ရောက်သွားပါတယ်။ ကျမသိသလောက် ပြောရရင် အဲသည့် အစည်းအဝေးပွဲကို

(1)Arakan League for Democracy (ALD Exile-Jp)
(2)Burma Democratic Action Group (BDA Group)
(3)Chin National Community (CNC-Japan)
(4)Democratic Federation of Burma(DFB)
(5)Kachin Nation Organization,Japan(KNO-JP)
(6)Kachin State National Congress for Democracy (Liberated Area-Japan)
(KNCD(LA-JP)
(7)Karen National League(KNL-JP)
(8)Karen National Union-Japan(KUN-JP)
(9)Naga National Society(NNS)
(10)National Democratic Front (Burma) (NDF(B))Representative for Japan
(11)Palaun Nation Society(PNS)
(12)Punnyagari Mon National Society(PMNS)
(13)Shan Nationalities for Democracy-Japan(SND-JP)
(14)Shan State Nationalities for Democracy-Japan(SSND-JP)
(15)Confederation of National Youth Burma (Japan Branch)(CNYB-JB)
(16)Save Burma
(17)Peaceful Burmaဆိုတဲ့ အဖွဲ့ပေါင်း(၁၇)ဖွဲ့ပါဝင်တဲ့ Joint Action Committee of Burmese Community in Japan(JAC)
၊National League for Democracy (Liberated Area) Japan Branch (NLD(LA)JB)
League for Democracy in Burma (LDB)
Association of United Nationalities in Japan(AUN-Japan)
All Burma Federation of Student Unions(ABFSU)
Democratic Party for a New Society (DPNS)


Federation of Worker's Union of Burmese Citizen(In Japan)(FWUBC-Japan)

အစရှိတဲ့ အဖွဲ့အစည်း အသီးသီးမှ တာဝန်ရှိသူများ တက်ရောက်ပြီး မြန်မာ့အရေးနဲ့ ပါတ်သက်တဲ့ မိမိတို့၏သဘောဆန္ဒများကို ရင်းနှီးပွင့်လင်းစွာနဲ့ ဆွေးနွေးတင်ပြခဲ့ကြပါတယ်။ လုပ်ငန်းတာဝန် အသီးသီးကိုလည်း ကျေကျေနပ်နပ်ကြီး ခွဲဝေယူခဲ့ကြပါတယ်။ အစည်းအဝေး မတက်ရောက်နိုင်တဲ့ အဖွဲ့အစည်းများမှလည်း ယခုအစည်းအဝေးရဲ့ ဆုံးဖြတ်ချက်များကို ကျေနပ်စွာထောက်ခံကြကြောင်း ဆက်သွယ်ပြောကြား လာကြပါတယ်။ တကယ့်ကို အားရစရာကောင်းတဲ့ စည်းလုံးညီညွတ်မှုပါပဲ။
အစည်းအဝေးမှာ ဆွေးနွေးတိုင်ပင်ကြတဲ့ ကိစ္စရပ်တွေကတော့ အကြမ်းအားဖြင့် ပြောရရင်...
၂၀၁၀၊ သြဂုတ်လ၈ရက်(၈၈၈၈)နေ့အထိမ်းအမှတ် ချီတက်ဆန္ဒပြခြင်းကိစ္စ၊ (၈၈၈၈) အထိမ်းအမှတ်အဖြစ် ယခုနှစ်မှာ ထူးခြားစွာ အားလုံးသောဆန္ဒပြသူများ တူညီဝတ်စုံဝတ်ဆင်နိုင်ရေးကိစ္စ၊ ၂၀၁၀ရွေးကောက်ပွဲနဲ့ ပါတ်သက်တဲ့ကိစ္စများ၊ ၂၀၁၀ရွေးကောက်ပွဲဟာ စစ်မှန်ပြီးတရားမျှတတဲ့ ရွေးကောက်ပွဲမဟုတ်ဘူးဆိုတာကို ဂျပန်အစိုးရက တရားဝင်လက်ခံလာနိုင်အောင် ဘယ်ပုံဘယ်နည်း ဆောင်ရွက်သွားမယ်ဆိုတဲ့ကိစ္စ၊ NLD ပါတီနဲ့ ၂၀၁၀ ဇူလိုင်(၁၉) ရက်နေ့အာဇာနည်နေ့ အထိမ်းအမှတ်အဖြစ် (လူငယ်စာတမ်းဖတ်ပွဲ ကျင်းပရေးကိစ္စ) စသည်များကို ဆွေးနွေးခဲ့ကြပါတယ်။ အစည်းအဝေး စည်းကမ်းချက်အရ အသေးစိတ်ကို ပြန်ရေးပြခွင့်မရှိပေမယ့် ကျမအတွက်တော့ အိပ်ယာစောစောထပြီး သွားရကျိုးတကယ်နပ်တဲ့ အစည်းအဝေးပွဲ တစ်ခုပါပဲ။



ဓါတ်ပုံများပို့ပေးသော ကိုမိုင်ကျော်ဦးအား ကျေးဇူးတင်ပါသည်။

No comments:

Post a Comment

လွတ်လပ်စွာ ဝေဖန်ရေးသားခွင့်ရှိပါသည်။ အများသူငါဖတ်ရန်မသင့်သော ရိုင်းပြသောစကားလုံးများ သုံးစွဲပါက ဖျက်ခြင်းခံရပါမည်။
ဝေဖန်ရေးနှင့် အကြံပေးခြင်းများကို လှိုက်လှဲစွာကြိုဆိုရလျက်။
လေးစားစွာဖြင့်
အေးနန္ဒာအောင်

ကမ္ဘာအနှံ့ကသတင်းတွေ....