Friday, June 25, 2010

ဂျပန်လွှတ်တော်အမတ်များမှ နအဖ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် ဒေါ်အောင်ဆန်းစုကြည်တို့ အမြန်ဆုံး တွေ့ဆုံဆွေးနွေးရန် တိုက်တွန်းတောင်းဆို (ဗွီဒီယို)

ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် နအဖ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး သန်းရွှေတို့  ၂၀၁၀ ရွေးကောက်ပွဲ မတိုင်မှီ အမြန်ဆုံး တွေ့ ဆုံဆွေးနွေးရန် တိုက်တွန်း တောင်းဆိုသည့် လှုပ်ရှားမှုကို မြန်မာ့ဒီမိုကရေစီအရေး ထောက်ခံအားပေးသော အမတ်များ သမဂ္ဂအဖွဲ့ မှ ဦးစီး၍ ဂျပန်အမတ်များ၏ ထောက်ခံသည့် လက်မှတ်များကို ကောက်ခံခဲ့ပါသည်။

ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် နအဖ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး သန်းရွှေတို့  ၂၀၁၀ ရွေးကောက်ပွဲ မတိုင်မှီ အမြန်ဆုံး တွေ့ ဆုံဆွေးနွေးရန် တိုက်တွန်း တောင်းဆိုသည့် လှုပ်ရှားမှုကို မြန်မာ့ဒီမိုကရေစီအရေး ထောက်ခံအားပေးသော အမတ်များ သမဂ္ဂအဖွဲ့ မှ ဦးစီး၍ ဂျပန်အမတ်များ၏ ထောက်ခံသည့် လက်မှတ်များကို ကောက်ခံခဲ့ပါသည်။

လက်ရှိမြန်မာပြည်၏ အခြေအနေနှင့် တိုင်းပြည်ကို ငြိမ်းချမ်းစွာ ပြောင်းလဲနိုင်သည်မှာ တွေ့ဆုံဆွေးနွေးရေး နည်းလမ်းဘဲဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည်နှင့် နအဖ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး သန်းရွှေတို့  ၂၀၁၀ ရွေးကောက်ပွဲ မတိုင်မှီ အမြန်ဆုံး တွေ့ဆုံဆွေးနွေးပေးရန် လွတ်တော် အမတ်များ၏ ဆန္ဒသဘောထား လက်မှတ်များကို ကောက်ခံရာတွင် လက်ရှိအဏာရပါတီ Democratic Party မှ လွတ်တော်အမတ်ပေါင်း (၇၃)ဦး အပါအ၀င် ပါတီ ၇ ခုမှ အမတ်ဦးရေ စုစုပေါင်း (၈ရ)ဦးတို့၏ ထောက်ခံသည့် လက်မှတ်များကို ကောက်ခံရရှိခဲ့ပါသည်။

ထိုအပြင် ဂျပန်ရောက် မြန်မာ့ဒီမိုကရေစီအဖွဲ့အစည်းများ လှုပ်ရှားမှုတခုအဖြစ် အမျိုးသားခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် တိုက်ရိုက်တွေ့ဆုံဆွေးနွေးပွဲ ပြုလုပ်ရန် ဗိုလ်ချုပ်မှူးကြီး သန်းရွေထံ စာရေးသားတောင်းဆိုသည့် လှုပ်ရှားမှုကို ဂျပန်ရောက် မြန်မာ့ဒီမိုကရေစီအဖွဲ့ ၈ ဖွဲ့ ၊ တိုင်ရင်းသားအဖွဲ့အစည်း ၁၀ ဖွဲ့ နှင့် မြန်မာ့ဒီမိုကရေစီအရေးကို အားပေးထောက်ခံသည့် ဂျပန် NGO ၁၀ ဖွဲ့တို့သည်လည်း တိုက်တွန်းတောင်းဆိုသည့် စာများကိုပေးပို့ခဲ့ကြပါသည်။

ယခုလို ဂျပန်အမတ်များ ဆန္ဒသဘောထား လက်မှတ်များနှင့် မြန်မာ့ဒီမိုကရေစီ အဖွဲ့အစည်းများ ၊ NGO အဖွဲ့များတို့၏ တိုက်တွန်း တောင်းဆိုသည့် စာနှင့် လက်မှတ်များတို့ကို နအဖ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ထံနှင့် အထွေထွေအတွင်းရေးမှူးချုပ် ၊ လုံခြုံရေးကောင်စီ အဖွဲ့ ဝင်နိုင်ငံများထံသို့  ၂၀၁၀၊ဇွန်လ (၁၉ ရက်၊ ၂၂ ရက်)နေ့တွင် တာဝန်ရှိသူများမှ ပေးပို့ခဲ့ကြောင်း သိရှိရပါသည်။


သတင်းမှတ်တမ်း။ ။ကိုမိုင်ကျော်ဦး(http://pnsjapan.blogspot.com/)

အကိုမိုင်ကျော်ဦးနှင့်ကိုမြတ်သူတို့အားကျေးဇူးအထူးတင်ရှိပါသည်။

No comments:

Post a Comment

လွတ်လပ်စွာ ဝေဖန်ရေးသားခွင့်ရှိပါသည်။ အများသူငါဖတ်ရန်မသင့်သော ရိုင်းပြသောစကားလုံးများ သုံးစွဲပါက ဖျက်ခြင်းခံရပါမည်။
ဝေဖန်ရေးနှင့် အကြံပေးခြင်းများကို လှိုက်လှဲစွာကြိုဆိုရလျက်။
လေးစားစွာဖြင့်
အေးနန္ဒာအောင်

ကမ္ဘာအနှံ့ကသတင်းတွေ....