Saturday, June 12, 2010

ဂျပန်နိုင်ငံရောက် မြန်မာနိုင်ငံသားများမှ မည်သူမဆို လွတ်လပ်စွာ မဲပေးနိုင်ပါသည်

၂ဝ၁ဝ ရွေးကောက်ပွဲနှင့် ပတ်သက်၍ ကမ္ဘာတဝှမ်းရှိ မြန်မာနိုင်ငံသားများ၏ ဆန္ဒဖော်ထုတ်ပွဲ (Global Action for People’s Ballot) တွင် ဂျပန်နိုင်ငံရောက် မြန်မာနိုင်ငံသားများကလည်း တက်ကြွစွာ ပူးပေါင်းပါဝင်ကြမည်ဟု ၁၆-၅-၂ဝ၁ဝ နေ့ ပထမအကြိမ် အဖွဲ့ပေါင်းစုံ အစည်းအဝေးမှ တညီတညွတ်တည်း ဆုံးဖြတ်ခဲ့ကြပါသည်။

ထို့နောက် “၂ဝ၁ဝ ရွေးကောက်ပွဲနှင့် ပတ်သက်၍ ဂျပန်နိုင်ငံရောက် မြန်မာနိုင်ငံသားများ၏ ဆန္ဒဖော်ထုတ်ပွဲ”ကို ဂျပန်နိုင်ငံ တိုကျိုမြို့တော် Ikebukuro, Kenko Plaza 7F တွင် ၁၃-၆-၂ဝ၁ဝ (တနင်္ဂနွေနေ့) နေ့လည် (၁) နာရီမှ ညနေ (၅) နာရီထိ ကျင်းပရန် စီစဉ်လျက် ရှိပါသည်။

တဖန် ၆-၆-၂ဝ၁ဝ နေ့တွင်လည်း ဒုတိယအကြိမ် အစည်းအဝေး ကျင်းပကာ ဆောင်ရွက်ရန်ရှိမည့် ကိစ္စများကို တညီတညွတ်တည်း ဆုံးဖြတ် အတည်ပြုခဲ့ကြပါသည်။

ဒီမိုကရေစီ လိုလားသော မြန်မာပြည်သူတို့၏ အကျိုးစီးပွားကို ရည်မှန်းလျက် ကျင်းပသော ကမ္ဘာအနှံ့ ကျင်းပသော ဆန္ဒမဲပေးပွဲတွင် ဂျပန်နိုင်ငံရောက် မြန်မာနိုင်ငံသားများမှ မည်သူမဆို မိမိတို့ ဆန္ဒရှိသည့်အတိုင်း လွတ်လပ်စွာ မဲပေးနိုင်ပါသည်။

အဖွဲ့အစည်း အသီးသီးမှ တာဝန်ရှိသူများကလည်း မိမိတို့ အဖွဲ့ဝင်များအားလုံး ပါဝင် မဲပေးနိုင်စေရန် တတ်အားသမျှ နှိုးဆော်ပေးစေလိုပါသည်။

ဂျပန်နိုင်ငံရှိ မြန်မာအသိုင်းအဝိုင်း တခုလုံးသို့ ကျယ်ကျယ်ပြန့်ပြန့် အသိပေး အကြောင်းကြားရန် ကျွန်ုပ်တို့အနေဖြင့် အတတ်နိုင်ဆုံး စီစဉ်ဆောင်ရွက်လျက် ရှိပါသော်လည်း လစ်ဟာမှုများ ရှိကောင်းရှိနိုင်ပါသည်။

သို့ပါ၍ မိမိတို့ နီးစပ်ရာများသို့လည်း အဆင်ပြေသည့် နည်းလမ်းများဖြင့် လက်ဆင့်ကမ်း အကြောင်းကြားပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

Invitation (English)

Invitation Japanese)

No comments:

Post a Comment

လွတ်လပ်စွာ ဝေဖန်ရေးသားခွင့်ရှိပါသည်။ အများသူငါဖတ်ရန်မသင့်သော ရိုင်းပြသောစကားလုံးများ သုံးစွဲပါက ဖျက်ခြင်းခံရပါမည်။
ဝေဖန်ရေးနှင့် အကြံပေးခြင်းများကို လှိုက်လှဲစွာကြိုဆိုရလျက်။
လေးစားစွာဖြင့်
အေးနန္ဒာအောင်

ကမ္ဘာအနှံ့ကသတင်းတွေ....