Wednesday, June 2, 2010

ပြည်သူ့ဘုန်းဘုန်း


စေတနာမှန်လို့ကံကြီးပါသည်

ဖော့ဝိန်းတွင်ပြုလုပ်သော NLD နှစ်ပတ်လည်ညီလာခံသို့ တက်ရောက်ပြီး အပြန်တွင် ဆရာတော်ဦးပညာဇောတနှင့် ကိုမျိုးသန့်(NLD ဥက္ကဌ) ဒေါ်ခင်ဆန်းဝေ တို့စီးနင်းလိုက်ပါသော ကားသည် Buffalo သို့ အသွား အမှတ်(၉၀)အဝေးပြေး လမ်းမကြီး ပေါ်တွင် ကားတိုက်မှုဖြစ်ပွါးခဲ့ပြီး ကားမှာအရှေ့ အနောက်တိုက်ခံရပြီး အကြီးကျယ်ပျက်စီးသွားခဲ့ပါသည်။ ကားအတွင်း စီးနင်းလိုက်ပါလာသော ဆရာတော်နှင့်အားလုံးမှာ ပွန်းပဲ့ရုံသာဖြစ်ကြပြီး ဆေးရုံတွင် ဓါတ်မှန်ရိုတ်ခြင်း စစ်ဆေးမှုများကို ပြုလုပ်ပြီးမှ စိတ်ချရသောအခြေနေကြောင့် ဆေးရုံမှ ပြန်လည်ဆင်းသက်လာပြီး ဆရာတော်ဦးပညာဇောတမှာ ယခုအခါ Buffalo တွင်ခေတ္တသီတင်းသုံးနေပြီး မကြာခင်တွင် သီတင်းသုံးရာ နယူးယောက်မြို့ကို
ပြန်ကြွတော်မူမည်ဟုသိရပါသည်။  ကားတိုက်သည့် သတင်းကို ကျနော် အလွန်ထိတ်လန့်သွားပါသည် ကံကြီးမားလှသည်ဟု တွေးရင်းက ဆရာတော်ဦးပညာဇောတ၏ ကျနော်ထောင်တွင်းမှာ ကြားသိခဲ့ရသော အကြောင်းများနှင့်လက်ရှိ ဆရာတော်ရပ်တည်မှုကို မသိသေးသူများ  သိရအောင် မျှဝေခြင်ပါသည်။



ကျနော်သိသော ဆရာတော်ဦးပညာဇောတ ဒီမိုကရေစီရေးလှုပ်ရှားမှု အကျဉ်းချုပ်
 ဆရာတော်ဦးပညာဇောတ သည် ၁၉၉၀ အလုံမြို့နယ် ဇောတနာရာမကျောင်းမှ ကံဆောင်သပိတ် သဖြင့် န၀တ စစ်အစိုးရမှ မတရားထောင်ဒဏ်(၃)နှစ် ချမှတ်ကာ အင်းစိန်ထောင် အမှတ်(၅)ဆောင်မှ ခက်ခဲဆင်းရဲရအောင် စစ်အစိုးရမှ သာယာဝတီထောင်သို့ ပြောင်းခဲ့သည် သာယာဝတီထောင်မှ ၁၉၉၃ ခုနှစ်တွင် လွတ်မြောက်ခဲ့ပြီးနောက် ၁၉၉၈ခုနှစ်တွင် ရဟန်းပျိုသမဂ္ဂပြန်လည်ဖွဲ့စည်းပြီး ဒီမိုကရေစီရေးလှုပ်ရှား သဖြင့် နောက်ထပ် ထောင်ဒဏ်(၇)နှစ်ကို အင်းစိန်ထောင်နှင့် သာယာဝတီထောင်များတွင် အကျဉ်းချခြင်းခံရပြီး ၂၀၀၄ ခုနှစ်တွင် ပြန်လည်လွတ်မြောက်ခဲ့  ပြီးနောက် ဆရာတော်ဦးပညာဇောတသည် သင်္ဃန်းကျွန်းမဂ္ဂင် ကျောင်းတိုက်သို့ ပြောင်းရွှေ့သီတင်းသုံးတော်မူကာ စာသင်တိုက်နှင့် HIV AIDS ဝေဒနာသည်များကို ကူညီထောက်ပံ့သည့် သာသနာရေးနှင့် လူမှုရေး လုပ်ငန်းများကို လုပ်ဆောင်ရင်း ဆရာတော်သည် စစ်ထောက်လှမ်းရေး၏ စောင့်ကြည့်မှု ဖိအားပေးမှုများကို ကြံကြံခံကာ ၂၀၀၇ ခုနစ်ရွှေဝါရောင်တော်လှန်ရေးဖြစ်သော စက်တင်ဘာလ လမ်းလျှောက်မေတ္တာပို့သည့် သံဃာလှုပ်ရှားမှုကြီး တွင် ဦးဆောင်သံဃာတော်တပါးအဖြစ်လည်း ပါဝင်ခဲ့ပါသည်။ စစ်အစိုးရမှ သံဃာ့လှုပ်ရှားမှုကြီးကို ရက်ရက်စက်စက်ဖြိုခွင်းသော အခါဆရာတော်သည် သံဃာတော်များကို မတရားရိုတ်နှတ်သတ်ဖြတ်မှုများကို မခံမရပ်နိုင်ဖြစ်သည်က တကြောင်း စစ်ထောက်လှမ်းရေးမှ အပူတပင်းလိုက်လံ ဖမ်းဆီးနေသည်ကို မခံလိုဘဲ ဒီမိုကရေစီရေး ဆက်လက်လှုပ်ရှားရန် အတွက် ထိုင်းနိုင်ငံနယ်စပ်သို့ ကြွတော်မူပါသည်၊ ထိုင်းနိုင်ငံနယ်စပ်မှ UNHCR အစီစဉ်ဖြင့် အမေရိကန်နိုင်ငံ နယူယောက်မြို့တွင် သီတင်းသုံးတော်မူနေပြီး သာသနာပြန့်ပွါးရေးအတွက် အမေရိကန်နိုင်ငံ ရောက်ရာဒေသ၌ တရားဓမ္မများဟောကြားတော်မူပြီး နိုင်ငံခြားသားများ ဗုဒ္ဓဘာသာကို စိတ်ဝင်စားမှုရှိလာအောင် တရားကမ္မဋ္ဌန်းပြသပြီး သာသနာပြုလျှက်ရှိသည်။ မြန်မာနိုင်ငံအကြောင်းနှင့် နိုင်ငံရေးအကျဉ်းသားများ ဖိနှိပ်ခံစားမှုများကို နှစ်ကြိမ်တိုင်တိုင် အတွေ့ကြုံရှိသော ဆရာတော်မှ မြန်မာနိုင်ငံမှ အကျဉ်းကျခံနေသော ရဟန်းသံဃာတော်များနှင့် နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေးနှင့် ဒီမိုကရေစီရေးအတွက် ဆက်လက် လုပ်ဆောင်တော်မူသော ဆရာတော်ဦးပညာဇောတ အား နအဖစစ်အစိုးရမှ တရားခံပြေးကြေငြာပြီး မျက်ကွယ်ထောင်ဒဏ် (၁၈)နှစ်ချမှတ်ထားပါသည်။ သင်္ကကျွန်းမဂ္ဂင်ကျောင်းတိုက်ကိုလည်း နအဖ စစ်အစိုးရမှ အညှိုးကြီးစွာဖြင့် ချိတ်ပိတ်ပြီး ကျောင်းတိုက်သိမ်းခဲ့ပါသည်။



ဆရာတော်ဦးပညာဇောတမှ မြန်မာနိုင်ငံနှင့် တကမ္ဘာလုံးမှာရှိသော တကာ တကာမတို့အား မိန့်တော်မူ လိုသည်က

“ တကာ တကာမတို့ နအဖ လုပ်မယ့် ရွေးကောက်ပွဲဟာ လုံးဝ တရားမျှတမှုမရှိသလို ၉၀ ရွေးကောက်ပွဲကို ဖျက်သိမ်းရာလည်းရောက်တယ်၊ နောက်ပြီး တရားမ၀င်တဲ့ နအဖ အစိုးရကို တရားဝင်ဖြစ်အောင် လုပ်ပေးရာရောက်တယ် ထောက်ခံပေးရာရောက်တယ် ဒါကြောင့် ပါတီထောင်သူတွေ ကိုယ်စားလှယ်တွေဟာ စဉ်းစားသင့်တယ် ဘုန်းကြီးပြောခြင်တယ် နောက်တခုက ဘုန်းဘုန်းတို့ ပြည်တွင်းပြည်ပ ဒီမိုအင်းအားစုတွေအနေနဲ့ ပြည်တွင်းက ပြည်သူတွေကို ရွေးကောက်ပွဲနဲ့ပတ်သက်လို့ ဘာလုပ်သင့်တယ် ဘာလုပ်မယ်ဆိုတာ သေချာအောင် ပြောပြဖို့လိုပါတယ်၊ပြည်သူတွေအားလုံး ကန့်ကွက်မဲ ပေးလာအောင် ပေးရဲအောင် ပြောပြသင့်တယ်၊ အတင်းအကျပ် မဲထည့်ခိုင်းရင် မဲမပေးပဲ နေခွင့်ရှိတယ်ဆိုတာမျိုး ဘယ်ကိုသွားတိုင်းရမယ် ဆိုတာမျိုးတွေ ပြောပြသင့်တယ်။ ဒီလိုလုပ်ဖို့ဆိုရင် အင်းအားစုတွေအားလုံး ညီညွတ်ကြဖို့လိုတယ် သဘောထားကြီးဖို့လိုတယ် ဘုန်းကြီးပြောခြင်တယ်
တယောက်အမှားတွေ အဖွဲ့အစည်းတခု အမှားတွေကို ထောက်ပြနေတာထက် စာရင် ပူးပေါင်း ဆောင်ရွက်ခြင်းကသာ အောင်မြင်မှုဆီ အမြန်ဆုံးရောက်ရှိမှာ ဖြစ်ပါတယ်”

ဒီပိုစ့်လေးဖြင့် ဆရာတော်ဦးပညာဇောတ၏ တိုင်းပြည်အပေါ်ထားသည့်မေတ္တာစေတနာနှင့် အနစ်နာခံပြီး တကာ တကာမတို့အတွက် ဒီမိုကရေစီရေးအတွက် ပင်ပန်းဆင်းရဲကြီးစွာ ထောင်ဒဏ်နှစ်ကြိမ်တိုင်တိုင် ထောင်ကျရက်စေ့ခံစားပြီး သည့်တိုင်အောင် မလျော့သည့် ဇွဲလုံ့လတို့အား ဦးထိပ်ပန် ကန်တော့လိုက်ပါသည် အရှင်ဘုရား လေးစားလှပါသည် ဘုရား

ဆရာတော်ဦးပညာဇောတနှင့်အတူ နယူးယောက်ကျောင်းတိုက်မှ ရွှေဝါရောင်သံဃာတော်များ အကြောင်း Reuter သတင်းမှဖေါ်ပြချက် ဒီမှာ ဖတ်ပါ။

Fight for Freedom Burma မှကူးယူပါသည်။


No comments:

Post a Comment

လွတ်လပ်စွာ ဝေဖန်ရေးသားခွင့်ရှိပါသည်။ အများသူငါဖတ်ရန်မသင့်သော ရိုင်းပြသောစကားလုံးများ သုံးစွဲပါက ဖျက်ခြင်းခံရပါမည်။
ဝေဖန်ရေးနှင့် အကြံပေးခြင်းများကို လှိုက်လှဲစွာကြိုဆိုရလျက်။
လေးစားစွာဖြင့်
အေးနန္ဒာအောင်

ကမ္ဘာအနှံ့ကသတင်းတွေ....