Sunday, May 30, 2010

မေ(၃၀)ဒီပဲယင်း (၇)နှစ်ပြည့် ဝမ်းနည်းခြင်းအထိမ်းအမှတ်(ဂျပန်)

ယနေ့၃၀-၀၅-၂၀၁၀
နအဖ စစ်အုပ်စု၏ မတရားသည့် ရွေးကောက်ပွဲ ဥပဒေများ ကန့် ကွက်ဆန္ဒပြခြင်းနှင့် မေ ၃၀ ဒီပဲယင်း လုပ်ကြံမှု ကြီး (၇)နှစ် ပြည့် ၀မ်းနည်းခြင်း အထိမ်းအမှတ်အခမ်းအနားကို အမျိုးသားဒီမိုကရေ စီအဖွဲ့ချုပ်(လွတ်မြောက်နယ်မြေ)ဂျပန်ဌာနခွဲမှ ဦးဆောင်၍ ရှိနဂါဝါရှိ မြန်မာသံရုံး (အခွန်ရုံး) ရှေ့တွင် ဒီကနေ့ ကျင်းပခဲ့ပါသည်။ဒီပဲယင်းလုပ်ကြံမှုတွင် နအဖလက်ကိုင်ပါးစေများ၏ရိုက်နှက်သတ်ဖြတ်မှု့ကြောင့်သေဆုံးသွားသူများအတွက် သက်ဆိုင်ရာဘာသာအလိုက် ဘာသာပေါင်းစုံဆုတောင်းမေတ္တာပို့သပြီးနောက် အဖွဲ့စည်းအသီးသီးမှ လွမ်းသူပန်ခွေချခဲ့ပါတယ်။
ဒီကနေ့အခမ်းနားသို့ဂျပန် ရောက် ဗမာပြည်သူပြည်သားများ တိုင်းရင်းသားညီအကိုမောင်နှမများ အဖွဲ့စည်းအသီးသီးမှ ညီအကိုမောင်နှမများ ပူပေါင်းပါဝင်ကြရာ အယောက် ၄၀၀ကျော်ခန့် တက်တက်ကြွကြွပူးပေါင်း ပါဝင်ခဲ့ပါသည်။

သတင်း။ ။(NLD(LA)JB လူငယ်နှင့်ကျောင်းသားရေးရာဌာန)








ဓါတ်ပုံ-ဗွီဒီယို မှတ်တမ်း။ ။ကေသီသိန်း,ကိုပွား,ကိုလှမျိုး(၂)၊ ကိုမျိုးဆော၊ကိုဒီမိုဝေယံ/အောင်ထူးသိန်း

No comments:

Post a Comment

လွတ်လပ်စွာ ဝေဖန်ရေးသားခွင့်ရှိပါသည်။ အများသူငါဖတ်ရန်မသင့်သော ရိုင်းပြသောစကားလုံးများ သုံးစွဲပါက ဖျက်ခြင်းခံရပါမည်။
ဝေဖန်ရေးနှင့် အကြံပေးခြင်းများကို လှိုက်လှဲစွာကြိုဆိုရလျက်။
လေးစားစွာဖြင့်
အေးနန္ဒာအောင်

ကမ္ဘာအနှံ့ကသတင်းတွေ....