Thursday, May 27, 2010

ဝါရှင်တန်မှာ ပြုလုပ်သော မြန်မာ့အရေးဆွေးနွေးပွဲ

RFA သတင်း
မေလ(၂၆)ရက် ၂၀၁၀
မြန်မာနိုင်ငံရေး အကျပ်ရိုတ်မှုနှင့်ပတ်သက်ပြီး ပညာရှင်တွေရဲ့ဆွေးနွေးပွဲတရပ်ကို မေလ(၂၅)ရက်နေ့ ညနေပိုင်းက အမေရိကန်ပြည်ထောင်စု ၀ါရှင်တန်ဒီစီမြို့တော်မှာ ကျင်းပခဲ့ပါသည်။ အဲဒီဆွေးနွေးပွဲမှာ ပညာရှင်တွေက "တရားမ၀င် အုပ်ချုပ်မှုကို တရားဝင်အောင် လုပ်ခြင်း" ဆိုတဲ့ခေါင်းစဉ်နှင့် ဆွေးနွေးခဲ့ကြပြီး သုတေသီတွေ ဖြစ်ကြတဲ့ ၀ါရှင်တန်တက္ကသိုလ်က မစ္စ မေရီ ကယ်လယ်ဟမ်၊ ဂျော့တောင်း တက္ကသိုလ်က မစ္စတာ ဒေးဗစ် စတိုင်းဗတ်၊ London School of Economics တက္ကသိုလ်က မစ္စတာ ဂျာဂင် ဟက်ကီနဲ့ ကယ်လီဖိုးနီးယား သက္ကသိုလ်က ဦးမင်းဇင်တို့ တက်ရောက် ဟောပြောသွားခဲ့ပါသည်။
Making Enemies ဆိုတဲ့ မြန်မာစစ်တပ်အကြောင်း စာအုပ်ကိုရေးသားခဲ့သူ ၀ါရှင်တန်သက္ကသိုလ်က ပညာရှင်မစ္စ မေရီ ကယ်လယ်ဟမ်ကတော့ စစ်အစိုးရဟာ လူထုနှင့်ဒေါ်အောင်ဆန်းစုကြည်ကိုရော၊ ကုလသမဂ္ဂ လုံခြုံရေးကောင်စီနှင့် အိုင်လ်အယ်လ်အို စတာတွေအပေါ် စိုးရိမ်စိတ်ရှိတယ်ဆိုတာ လေ့လာ တွေ့ရှိရကြောင်း ပြောကြားပြီး ရွေးကောက်ပွဲအပြီး ဒေါ်အောင်ဆန်းစုကြည်ရဲ့ နိုင်ငံရေးအခန်းကဏ္ဍနဲ့ပတ်သက်လို့ အခုလို သုံးသပ်ပြောဆိုပါတယ်၊
ရွေးကောက်ပွဲပြီးသွားလည်း ဒေါ်အောင်ဆန်းစုကြည်ဟာ အားလုံးကို စုစည်းနိုင်တဲ့ ခေါင်းဆောင့်ဖြစ်သလို နိုင်ငံတကာမှာ သြဇာရှိတဲ့ ခေါင်းဆောင်အဖြစ် ဆက်ရှိနေမှာပါ၊ ဒါပေမယ့်သူ့ကိုအားလုံးက ၀ိုင်းဝန်းအားဖြည့်ပေးဖို့တော့ လိုပါတယ်၊ ဒါမှသာ အားလုံးသွားခြင်တဲ့ ပန်းတိုင်ကို ရောက်နိုင်မှာပါလို့ ပြောသွားပါတယ်။
မြန်မာစစ်အစိုးရရဲ့ မကြာခဏဖိတ်ကြားခြင်းခံရတဲ့ ဂျော့တောင်း တက္ကသိုလ်က မစ္စတာ ဒေးဗစ် စတိုင်းဗတ်ကတော့ အိုဘားမား သမ္မတလက်ထက် ပြောင်းလဲလာတဲ့ အမေရိကန်အစိုးရရဲ့ မြန်မာပြည်ဆိုင်ရာ မူဝါဒနှင့်ပတ်သက်ပြီူ အခုလို ပြောဆိုပါတယ်။
အမေရိကန် ကါန်ဂရက်အမတ်တွေကတော့ လာမဲ့ရွေးကောက်ပွဲမှာ ဒေါ်အောင်ဆန်းစုကြည် ပါဝင်ခွင့်ရဖို့နှင့် ရွေးကောက်ပွဲ လွတ်လပ်ပြီး တရားမျှတအောင် လုပ်ပေးဖို့ ဆိုတဲ့အချက်တွေ ပြောနေတာကိုကြည့်ရင်၊ အမေရိကန် အစိုးရအနေနှင့် ရွေးကောက်ပွဲကို လက်ခံချင်တဲ့ အရိပ်အယောင်တွေပြတာ တွေ့ရတယ်လို့ ပြောဆိုသွားပါတယ်။
စစ်အစိုးရက ကျင်းပဖို့ရှိတဲ့ ရွေးကောက်ပွဲပြီးသွားတဲ့အခါ နောက်တက်လာမည့် အစိုးရသစ်ရဲ့ တရားဝင်မှုမ၀င်မှုနှင့် ပတ်သက်ပြီး ကယ်လီဖိုးနီးယား သက္ကသိုလ်က ဦးမင်းဇင် အခုလို သုံးသပ်ပါတယ်။
"စစ်အစိုးရအနေနှင့် ဒီရွေးကောက်ပွဲ ပြီးသွားရင်တောင်မှ နောက်တက်လာမယ့် စစ်တပ်က ကျောထောက်နောက်ခံ ပေးနေတဲ့ အစိုးရပေါ့လေ အဲဒီအစိုးရမှာ တရားဝင်မှု ရှိလာမလားဆိုရင် ကျွန်တော်ကတော့ ရှိစရာ သိပ်မမြင်ဘူးလို့ မြင်တယ်။ တခုကတော့ ဘာလဲဆိုတော့ စစ်တပ်နှင့် အရပ်သား ဆက်ဆံရေးပေါ့၊ ကျွန်တော်တို့ ဒီမှတ်ပုံတင်တဲ့ ဥပဒေတွေ ရွေးကောက်ပွဲ ဥပဒေတွေကို ကြည့်မယ်ဆိုရင် လုပ်ချင်တာတွေကို တဖက်စောင်းနင်း လုပ်တဲ့အတွက်ကြောင့်မို့ ဒီစစ်တပ်နှင့် အရပ်ဖက် ကျွန်တော် ခုနက အရပ်ဖက်လို့ ဆိုတဲ့နေရာမှာ ဒီ ဒီမိုကရေစီ အင်အားစုတင် မကပါဘူး၊ တိုင်းရင်းသားတွေလည်း ပါပါတယ်၊ သူတို့နှင့် စစ်တပ်နှင့် ဆက်ဆံရေးက ကောင်းသွားဖို့ မမြင်ဘူး၊ သူတို့ရဲ့ မတူညီတဲ့ ဦးတည်ချက်တွေကလည်း ရင်ကြားစေ့နိုင်ဖို့ မမြင်ဘူး ဒီပြဿနာတွေက ဆက်ပြီးဖြစ်နေမယ် ဆက်ပြီးဖြစ်နေရင် စစ်တပ်ကလည်း ဆက်ပြီးဖိနှိပ်နေမယ် ဆက်ပြီးဖိနှိပ်နေရင် နိုင်ငံတကာဖိအားတွေကလည်း ဆက်လာနေမယ် အဲဒီတော့ ဒီဟာက ဂျာအေးသူ့အမေရိုတ်သလို လုံးလည်ချာလည် ဖြစ်နေမယ်"
ဝါရှင်တန်ဒီစီမှာ ကျင်းပခဲ့တဲ့ ပညာရှင်တွေရဲ့ ဆွေးနွေးပွဲကို အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက အရာရှိတွေ မြန်မာ့အရေး လေ့လာနေကြတဲ့ နိုင်ငံတကာ တက္ကသိုလ်ပညာရှင်တွေ ၀ါရှင်တန်မှာရှိတဲ့ နိုင်ငံတကာ သံတမန်တချို့နှင့် မြန်မာ့ဒီမိုကရေစီရေး လှုပ်ရှားသူတွေ အပါအ၀င် စုစုပေါင်း လူ(၁၀၀)နီးပါ တက်ရောက်လာခဲ့ကြောင်း သိရပါသည်။

No comments:

Post a Comment

လွတ်လပ်စွာ ဝေဖန်ရေးသားခွင့်ရှိပါသည်။ အများသူငါဖတ်ရန်မသင့်သော ရိုင်းပြသောစကားလုံးများ သုံးစွဲပါက ဖျက်ခြင်းခံရပါမည်။
ဝေဖန်ရေးနှင့် အကြံပေးခြင်းများကို လှိုက်လှဲစွာကြိုဆိုရလျက်။
လေးစားစွာဖြင့်
အေးနန္ဒာအောင်

ကမ္ဘာအနှံ့ကသတင်းတွေ....