Friday, April 23, 2010

လသာတွင် ဗုံးလန့်ပြီး ပြေးကြ

(လသာတွင်ဗုံးလန့်ပြီး ပြည်သူများထွက်ပြေးကြသည်ဟု သိရပြီး အမှန်တကယ်မှာ တိုက်ပြိုမှုသာဖြစ်ကြောင်း freedom News Group သတင်းဖေါ်ပြချက်အရသိရပါသည်။)

၁၁း၁၄ သောကြာနေ့ 

ရန်ကုန် မြို့ လသာ မြို့ နယ် ၂၃ လမ်း အထက်ဘလောက် အိမ်အမှတ် ၁၁၆ – ၁၂၀ တွင် ယနေ့ မနက် ၁၁ နာရီခန့်ကဆောက်လုပ်ဆဲ လေးထပ်တိုက်တစ်လုံး၏ ငြမ်း ပြို ကျမှု ဖြစ်ပွားခဲ့သည် ဟု သတင်းရရှိသည်။ငြမ်းပြိုကျမှု ကြောင့်တန်ဖိုးကြီး လန်ခရူဆာ ကား တစ်စီး ပျက်စီးသွားပြီး ၊အလုပ်သမား တစ်ဦး ဒဏ်ရာ ရရှိသွားသည် ဟု သိရသည်။

ဆောက်လက်စ RC တိုင်ငြမ်းမှ တစ်ဆင့် ပြိုကျရာ ၀ုန်းခနဲ အသံကြောင့်လမ်းသူ လမ်းသား များ နှင့် ပလတ်စတစ်အိတ် နှင့် ကွာစေ့ လက်ကားရောင်းသူ များ မှာဗုံးပေါက်သည် ထင်ပြီး ကြောက်လန့် ၍ ပြေးကြသည် ။
၂၃ လမ်း နေ ဦးကျင်ဝှက်က စောစောစီးစီး ၀ုန်းကနဲ ဆိုတော့ လန့် သွားတယ် ။ဖုန်တွေ ထလာပြီး နောက် ဒုန်းဒုန်းနဲ့ အသံတွေ ကြားတော့ ဦးလဲ တူမ နဲ့  သမီး ကိုခေါ်ပြီး ထွက်ပြေးတော့ တာပဲ ၊အဲဒီနား က ဆိုင်တွေ ကလည်း ပြေးလိုက်ကြတာ
ဆိုတာ ၂၃ လမ်း ထဲ မှာ အပြေးပြိုင်ပွဲ လုပ်နေလား အောက်မေ့ ရတယ် ဟု Freedom News Groupသို့ ပြောသည်။
ငြမ်းပြိုကျမှု ကြောင့် ပျက်စီးသွားသည့် ကားပိုင်ရှင်က ဆောက်လုပ်ရေး လုပ်ငန်း ရှင် အား ကား အသစ်တစ်စီး ပြန်လည် လျှော်ပေးရန် တောင်းခံရာ ကန်ထရိုက် က မလျှော် ပေး နိုင်ကြောင်း ပြန်လည် ငြင်းဆန်ပြီး နောက် ၎င်း တို့ နှစ်ဦး၏ ပြဿနာ မှာ ဆက်လက် ဖြစ်ပွားနေသည်။
သင်္ကြန် အတက်နေ့ မေလ ၁၅ ရက်နေ့  က ယနေ့ ထိ လူ ၂၈ ဦး တိတိ သေဆုံးပြီး ဖြစ်သည့် ဗုံးပေါက်ကွဲမှုနောက်ပိုင်း တွင် ရန်ကုန် မြို့ ဉ် ဘုံးလန့် မှု များ ဆက်လက် ဖြစ်ပွားလျှက်ရှိသည်။
မြန်မာ နိုင်ငံတွင် ၁၉၉၅ ခုနှစ်က ဆူးလေ ဘုရားလမ်းရှိ Trader ဟိုတယ် တည်ဆောက်စဉ် ငြမ်း အစိတ် အပိုင်းအချို့ ပြိုကျမှုကြောင့် အလုပ်သမား ဆယ်ဦး ခန့် သေဆုံးခဲ့သည်။
သတင်း-Freedom News Group


No comments:

Post a Comment

လွတ်လပ်စွာ ဝေဖန်ရေးသားခွင့်ရှိပါသည်။ အများသူငါဖတ်ရန်မသင့်သော ရိုင်းပြသောစကားလုံးများ သုံးစွဲပါက ဖျက်ခြင်းခံရပါမည်။
ဝေဖန်ရေးနှင့် အကြံပေးခြင်းများကို လှိုက်လှဲစွာကြိုဆိုရလျက်။
လေးစားစွာဖြင့်
အေးနန္ဒာအောင်

ကမ္ဘာအနှံ့ကသတင်းတွေ....