Sunday, April 25, 2010

ဂျပန် သတင်းဋ္ဌာန ကထုတ်လွှင့်သွားတဲ့ သင်္ကြန်အကြတ်နေ့ ဗုံးပေါက်ကွဲမှုသတင်း

ရန်ကုန်ကန်တော်ကြီး X2O ရေကစားမဏ္ဍပ်မှာဗုံးပေါက်ကွဲမှုဖြစ် !!
ရန်ကုန်မြို့ ကန်တော်ကြီးစောင်းက X2O သင်္ကြန်မဏ္ဍပ်မှာ ဒီနေ့ နေ့လည် ၃း၀၀ နာရီလောက်က ဗုံး ၃ လုံး
ပေါက်ကွဲခဲ့လို့ အနည်းဆုံး လူ ၉ ဦး သေဆုံးခဲ့ပြီးတော့ ၉၀ ကျော် ဒဏ်ရာရရှိခဲ့ပါတယ်။ အဲဒီမဏ္ဍပ်ရှိတဲ့နေရာဟာ VIPအကွက်လို့ ခေါ်တဲ့ အစိုးရအရာရှိကြီးတွေနဲ့ အဆက်အသွယ်ရှိသူတွေကို နေရာချထားပေးတဲ့ မဏ္ဍပ်နေရာလို့သိရပါတယ်။
ဗုံးဟာ တလုံးပြီးတလုံး ဆက်ပေါက်ကွဲခဲ့တာဖြစ်တယ်လို့ မျက်မြင်သက်သေများက ပြောပါတယ်။
ဒဏ်ရာရသူတွေထဲမှာ စစ်ဒေသ ၃ က အရာရှိကြီးတယောက် ပါတယ်လို့လည်း ပြောကြပါတယ်။
စစ်အစိုးရရဲ့ ရုပ်မြင်သံကြားမှလည်း ဗုံးကွဲလို့ လူ ၈ ဦးသေဆုံးပြီး ထိခိုက်ဒဏ်ရာ ရသူ ၉၄ ယောက်အထိရှိခဲ့ကြောင်းကြေညာသွားပြီး ဗုံးခွဲမှုကျူးလွန်သူများကို သတင်းပေးဖို့ ဆော်သြထားပါတယ်။
ရန်ကုန်ဆေးရုံကြီး သတင်းရပ်ကွက်ကို ကိုးကားပြီး ရန်ကုန်ကလာတဲ့ သတင်းတွေမှာတော့ ပေါက်ကွဲမှုတွေကြောင့်လူ ၉ ဦးထက်မနည်း သေဆုံးပြီး အများအပြားလည်း ထိခိုက်ဒဏ်ရာတွေရခဲ့ကြောင်း ဖော်ပြထားပါတယ်။
CNN သတင်းမှာတော့ အနည်းဆုံးသေဆုံးသူ ၂၀ နဲ့ ဒဏ်ရာရသူ ၇၀ကျော်ရှိကြောင်း ရန်ကုန်ဆေးရုံကြီးက
ဆေးရုံဝန်ထမ်းတစ်ဦးရဲ့ ပြောဆိုချက်ကို ကိုးကားဖော်ပြထားပြီး.. မြန်မာစစ်အစိုးရသတင်းမှာတော့ သေဆုံးသူ ၈ဦးနဲ့ဒဏ်ရာရသူ ၉၀ကျော်ရှိကြောင်း စစ်အစိုးရပိုင်MRTV ကကြေငြာသွားပါတယ်။

.

No comments:

Post a Comment

လွတ်လပ်စွာ ဝေဖန်ရေးသားခွင့်ရှိပါသည်။ အများသူငါဖတ်ရန်မသင့်သော ရိုင်းပြသောစကားလုံးများ သုံးစွဲပါက ဖျက်ခြင်းခံရပါမည်။
ဝေဖန်ရေးနှင့် အကြံပေးခြင်းများကို လှိုက်လှဲစွာကြိုဆိုရလျက်။
လေးစားစွာဖြင့်
အေးနန္ဒာအောင်

ကမ္ဘာအနှံ့ကသတင်းတွေ....