Saturday, April 10, 2010

အစာငတ်ခံဆန္ဒပြကြရအောင်

မြန်မာ့သမိုင်းတွင်သာမက ကမ္ဘာ့သမိုင်းမှာပါမှတ်တမ်းတင်သွားအောင်
ပြည်တွင်း ပြည်ပ တပြိုင်တည်း အစာငတ်ခံဆန္ဒပြပွဲကို ခြိမ့်ခြိမ့်သဲသဲ
ညီညီညွတ်ညွတ် စည်းကမ်းတကျ မြန်မာစစ်အာဏာရှင်စနစ်ချေမှုန်းရေး
တိုက်ပွဲကို တက်တက်ကြွကွဆင်နွဲကြမည်ဆိုလျှင် ယ္ခုအချိန်သည် အချိန်
ကောင်း ဖြစ်သည်ဟု ထင်မြင်မိပါသည်။

ပြည်တွင်းမှ NLD အနေဖြင့် မေလ-၆-ရက်နေ့ကျော်သွားလျှင် ပါတီ
ဆက်လက်ရပ်တည်ခွင့် မသေခြာတော့ပါ။ မတရားသော နအဖ ဥပဒေ
အရ ပါတီဖျက်သိမ်းခံရမည်ဖြစ်ပြီး မြန်မာ့ဒီမိုကရေစီရေးတိုက်ပွဲအတွက်
အဓိကကျသောပြည်တွင်းမှ အဖွဲ့အစည်းကြီးအား စစ်အာဏာရှင်များက
စိတ်ထင်သလို ပြုလုပ်ကြတော့မှာဖြစ်သလို ရွေးကောက်ပွဲပြုလုပ်ပြီးနောက်
မြန်မာတနိုင်ငံလုံးကို တသက်လုံးအခြေခံဥပဒေအရ ဆိုပြီး ဗိုလ်ချုပ်ကြီး
များနှင့်သူတို့၏ဆွေမျိုးအသိုင်းအဝိုင်းများက သက်ဦးဆံပိုင်ဘုရင်များ
အတိုင်း ဖိနှိပ်အုပ်ချုပ်ကြတော့မည်ဖြစ်ပါသည်။
သို့ဖြစ်ပါသောကြောင့်...မြန်မာနိုင်ငံကိုချစ်သောနိုင်ငံသားတိုင်း
အစာငတ်ခံဆန္ဒပြပွဲများတွင် ပူးပေါင်းပါဝင်ကြပါရန် လေးစားစွာဖြင့်
တိုက်တွန်းနှိုးဆော်အပ်ပါသည်။

ဘာတွေတောင်းဆိုမလဲ


ရွှေဂုံတိုင်ကြေငြာစာတမ်းပါအချက်များကို အဓိကထား
တောင်းဆိုမယ်ဆိုရင်အကောင်းဆုံးဖြစ်မယ်ထင်ပါတယ်။
ပိုကောင်းမဲ့အကြံဥာဏ်များရှိမယ်ဆိုရင်လည်း ညှိနှိုင်း
ဆောင်ရွက်ကြပါ။ ပြည်တွင်း ပြည်ပတသံတည်းဖြစ်မယ်
်ဆိုရင်တော့အကောင်းဆုံးပါ။

ဘယ်တော့စမလဲ

သင်္ကြန်အပြီးစရင် အကောင်းဆုံးပါ။ NLD အတွက်
အချိန်လည်းသိပ်မကျန်တော့ပါ။ ဧပြီ-၁၉-ဆိုလျှင်
်
တနင်္လာနေ့လည်းဖြစ်တဲ့အတွက် ပိုကောင်းမယ်
ထင်ပါတယ်။

ဘယ်နေရာတွေမှာလုပ်မလဲ

-ပြည်တွင်းမှာတော့...နိုင်ငံအနှံ့မှာရှိတဲ့ NLD ရုံးတွေမှာလုပ်ရင်
ပိုပြီးအဆင်ပြေနိုင်မယ်ထင်ပါတယ်။

-ပြည်ပမှာတော့...ကိုယ်ရောက်ရှိနေသောနိုင်ငံများရှိ
ထင်ရှားသော နေရာများ ၊ လူစည်ကားသော
နေရာများမှာလုပ်နိုင်ရင် ပိုကောင်းမယ် ထင်ပါတယ်။

ဘာတွေပြင်ဆင်ထားမလဲ

အစာငတ်ခံဆန္ဒပြမဲ့အဖွဲ့တိုင်းအတွက်.........

၁- အနည်းဆုံး ဆရာဝန်တဦးပါဝင်သောဆေးအဖွဲ့ ။

၂- အထွေထွေကူညီပန့်ပိုးရေးအဖွဲ့ ။

၃- သတင်းနှင့် ပြန်ကြားရေးအဖွဲ့ ။

ဆိုပြီး အဓိကအားဖြင့် အနည်းဆုံး-၃-ဖွဲ့တော့လိုမှာပါ ။
ကိုယ့်ဒေသနဲ့ကိုက်ညီမဲ့ အဖွဲ့ငယ်လေးတွေကိုလည်း အခြင်းခြင်း
ညှိညှိနှိုင်းနှိုင်းနဲ့ ဆောင်ရွက်နိုင်မယ်ဆိုရင်ပိုကောင်းမှာပါ။

-ပြည်ပနိုင်ငံတွေမှာ ဆန္ဒပြမဲ့သူများကတော့ ကိုယ်ဆန္ဒပြ
မဲ့ ဒေသရဲ့ ရာသီဥတု အခြေအနေပေါ်မူတည်ပြီး ပြင်ဆင်
ထားသင့်ပါတယ်။ ဆောင်းရာသီကိုရောက်နေပြီဖြစ်တဲ့နိုင်ငံများ
အတွက်ကတော့ ရွက်ဖျင်တဲများအပြင် မီးဖိုရန် (မီးလှုံ ရန် ၊
ရေနွေးကြိုရန်)၊ သက်တောင့်သက်သာ နွေးနွေးထွေးထွေး
ညဖက်အိပ်နိုင်ရန် ကြိုတင်စီစဉ်ထားသင့်ပါတယ်။
( ဗိုက်ဆာနေရတဲ့အထဲ အေးချမ်းတဲ့ဒါဏ်ခံရလျှင် ပိုပြီး
ခံရခက်သလို ခံနိုင်ရည်စွမ်းရည်လည်းကျဆင်းပါတယ်။)
အရေးကြီးဆုံးက အိမ်သာ များ လိုပါတယ်။

လက်နက်ကိုင်တွေဘာလုပ်သင့်သလဲ

ပြည်တွင်း ပြည်ပ အစာငတ်ခံဆန္ဒပြသည်နှင့်တပြိုင်တည်း
လက်နက်ကိုင်အဖွဲ့အစည်းများကလည်း စစ်အာဏာရှင်အား
စစ်ကြေငြာ၍ နေရာအနှံ့တွင် တိုက်ခိုက်သင့်ပါတယ်။

ဘယ်သူတွေပါသင့်သလဲ

-ပြည်တွင်းအတွက်ကတော့.........
ပြည်တွင်းကလူတွေ ဆုံးဖြတ်ကြပါစေ။

-ပြည်ပအတွက်ကတော့.........
အကြီးကြယ်ဆုံး.....အမြင့်မြတ်ဆုံး.....
ရှေ့တန်းအရောက်ဆုံးခေါင်းဆောင်ကြီးများဖြစ်ကြတဲ့

-ပြည်ပရောက်အစိုးရအဖွဲ့ဝင် ဝန်ကြီးချုပ်၊ ဝန်ကြီးများနှင့်
ဝန်ကလေးများ ။
-ပြည်ပရောက် လွှတ်တော်ကိုယ်စားလှယ်များ ။
-မြန်မာ့ဒီမိုကရေစီရရှိရေးအတွက် ရှေ့တန်းမှဦးဆောင်၍
စွမ်းစွမ်းတမန် ဆောင်ရွက်နေကြသည်ဆိုသော အဖွဲ့
အစည်း အသီးသီးမှ ခေါင်းဆောင်ကြီးများ ၊ ခေါင်းဆောင်
ကလေးများ နှင့် အဖွဲ့ဝင်များ ။
-မြန်မာ့အရေးကျွမ်းကျင်သူ-မြန်မာ့အရေးလေ့လာသူများ
ဟု ဆိုသူများ ။
-ကျောင်းသားခေါင်းဆောင်များ ။
-မျိုးချစ်မြန်မာများ ။

အထက်ပါ ပုဂ္ဂိုလ်များပါဝင်၍ အနည်းဆုံး-၁၄-ရက်(သို့)
-၂၁-ရက်ခန့် အစာငတ်ခံဆန္ဒပြကြပါလျှင် ပိုမိုထိရောက်
နိုင်မည်ဟု ယုံကြည်မိပါသည်။

( ၂၂-နှစ် ကြာပြီဖြစ်လို့ တစ်နှစ်ကို တစ်ရက်နှံးနဲ့ ဆိုရင်တောင်
အနည်းဆုံး ၂၂-ရက်လောက်တော့ပြသင့်ပါတယ်။)
(အကြံပြုချက်များသာဖြစ်ပါသည်။)

နိဂုံးချုပ်၍ ဆိုရပါမူ ယ္ခုလိုအချိန်အခါမျိုးတွင် ပြည်တွင်း
ပြည်ပ တသံတည်းထွက်၍ ညီညီညွတ်ညွတ် စည်းကမ်းရှိရှိ
နှင့် လုပ်ကိုင်ဆောင်ရွက်နိုင်ကြပါလျှင် မဝေးလှသောကာလ၌
မိဘနှင့် သားသမီးများ အေးချမ်းလွတ်လပ်ပျော်ရွှင်စွာဖြင့်
ပြန်လည်ဆုံတွေ့နိုင်ကြမည်ဖြစ်ပြီး နေ့စဉ်နေ့တိုင်း မိသားစု
ထမင်းဝိုင်းများ၌ ကြည်နူးမှုများနှင့်အတူ လက်ဆုံစားနိုင်
ကြတော့မည်ဟု ယုံကြည်မိပါသည်။ ။
ကိုခိုင်
၉-၄-၂၀၁၀
၂၃း၄၀
http://kokhine.blogspot.com/
(စစ်အာဏာရှင်စနစ်ကျဆုံးရမည်။)

No comments:

Post a Comment

လွတ်လပ်စွာ ဝေဖန်ရေးသားခွင့်ရှိပါသည်။ အများသူငါဖတ်ရန်မသင့်သော ရိုင်းပြသောစကားလုံးများ သုံးစွဲပါက ဖျက်ခြင်းခံရပါမည်။
ဝေဖန်ရေးနှင့် အကြံပေးခြင်းများကို လှိုက်လှဲစွာကြိုဆိုရလျက်။
လေးစားစွာဖြင့်
အေးနန္ဒာအောင်

ကမ္ဘာအနှံ့ကသတင်းတွေ....