Monday, March 29, 2010

ဂျပန်ရှိတရုတ်သံရုံးရှေ့တွင် တရုတ်အစိုးရအား ဆန္ဒပြတောင်းဆိုမှုပြုလုပ်

မြန်မာစစ်အာဏာရှင် အစိုးရကို နည်းအမျိုးမျိုးနဲ့ အားပေးလျက်ရှိသော တရုတ်အစိုးရအား

ဂျပန်ရောက်မြန်မာနိုင်ငံသားများ ပူးပေါင်းဆောင်ရွက်ရေး ကော်မတီ(JAC)မှ ဦးစီး၍

မြန်မာစစ်အာဏာရှင်တို့အား ကူညီထောက်ပံ့မှုများ ရပ်တန်းကရပ်ပေးပါရန် တောင်းဆိုမှုကို

၂၀၁၀ခုနှစ်မတ်လ၂၉ရက်နေ့မှ စ၍ ဂျပန်နိုင်ငံရှိ တရုတ်သံရုံးရှေ့အနီးနားတွင် ညနေ(၃)နာရီမှ

(၄)နာရီအထိ ပြုလုပ်ခဲ့ပါသည်။

မနက်ဖြန် ၂၀၁၀ခုနှစ်မတ်လ၃၀ရက်(အင်္ဂါနေ့)တွင်လည်း ဆက်လက်၍ ဆန္ဒပြမှုများကို
ပြုလုပ်သွားမည်ဟု သိရပါသည်။ဂျပန်နိုင်ငံ တိုကျိုမြို့ရှိ မြန်မာ့ဒီမိုကရေစီ လှုပ်ရှားသူများ
ပူးပေါင်းပါဝင်ကြပါရန် ဖိတ်ခေါ်လျက်ရှိကြောင်းသိရပါသည်။

ဓါတ်ပုံ။ ။Aung Htoo Thein, Sithu Tun.

No comments:

Post a Comment

လွတ်လပ်စွာ ဝေဖန်ရေးသားခွင့်ရှိပါသည်။ အများသူငါဖတ်ရန်မသင့်သော ရိုင်းပြသောစကားလုံးများ သုံးစွဲပါက ဖျက်ခြင်းခံရပါမည်။
ဝေဖန်ရေးနှင့် အကြံပေးခြင်းများကို လှိုက်လှဲစွာကြိုဆိုရလျက်။
လေးစားစွာဖြင့်
အေးနန္ဒာအောင်

ကမ္ဘာအနှံ့ကသတင်းတွေ....