Monday, March 1, 2010

မြန်မာနိုင်ငံရှိ ပြင်သစ်သံရုံးအတွင်း ပြေးဝင်သွားသော နိုင်ငံ ခြားသား ဘောလုံးသမား တစ်ဦး၏ နောက်ဆက်တွဲ သတင်း

ဒေါ်လာ အတုပြုလုပ်ပေးမည် ဟုဆိုကာ လိမ်လည်သူ ကင်မရွန်း နိုင်ငံသားေ ဘာလုံးသမား နှစ်ဦးအား လမ်းမတော် မြို့နယ် တရားရုံးတွင် တရား စွဲတင် ထားကြောင်း သိရသည်။အ ဆိုပါ ကင်မရွန်း နိုင်ငံသား ဘောလုံးသမား နှစ်ဦးသည် မြန်မာ နိုင်ငံရှိ ဘောလုံး ကလပ် များတွင် ကြေးစား ကစားရန် ပြည်တွင်းသို့ ၀င်ရောက် လာခဲ့ သော်လည်း ပြည်တွင်းတွင် ဘောလုံး ကလပ် အသင်းများနှင့် ညှိနှိုင်း မရခဲ့ကြောင်း၊ လမ်းမတော် မြို့နယ် ၀ါးတန်းလမ်း နှင့် ဗိုလ်ချုပ်လမ်း အနီး ဟိုတယ် တစ်ခုတွင် တည်းခို နေခဲ့ကြောင်း သိရသည်။
၎င်းတို့နှစ်ဦး တည်းခိုနေစဉ် ၄င်းတို့သည် အမေရိကန်ဒေါ်လာ အတုများ ပြုလုပ် နိုင်ကြောင်း ပြောဆို ခဲ့၍ ဟိုတယ် မန်နေဂျာက သက်ဆိုင်ရာသို့ အကြောင်းကြားခဲ့ေ ကြာင်း သိရသည်။ ထိုသို့ အကြောင်းကြား ခဲ့ရာ သက်ဆိုင်ရာက ဘောလုံးသမား နှစ်ဦးနှင့် တွေ့ဆုံ ခဲ့ကြောင်း သိရသည်။ သက်ဆိုင်ရာ တာဝန်ရှိသူများ က စုံစမ်း စစ်ဆေးရာမှ ကင်မရွန်း ဘောလုံးသမား နှစ်ဦးသည် ဒေါ်လာ ၁၀ တန်၊ ၂၀ တန်၊ ၁၀၀ တန် တို့ကို အတု လုပ်နိုင်သည်ဟု ဆိုကာ ဒေါ်လာ အစစ်အား နည်းပညာများ အသုံးပြုပြီး စက္ကူပြောင်ကဲ့သို့ ပြုလုပ် ထားကြောင်း သိရသည်။
စက္ကူပြောင်ကဲ့သို့ ပြုလုပ်ထားသော ဒေါ်လာ အစစ်သည် အနီအောက် ရောင်ခြည်ဖြင့် ထိုးကာ အဖြူမှုန့်များ ဖြန်းပါက မူလ ဒေါ်လာ အစစ်ကဲ့သို့ ပြန်ဖြစ် သွားကြောင်း သိရသည်။ ဘောလုံးသမား နှစ်ဦးသည် ဒေါ်လာ အစစ် ကိုပင် အတုဟု ပြောကာ ဒေါ်လာအတု လိုချင်သူများထံမှ ငွေများကို လိမ်လည်ရန် ကြံစည် ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
၎င်းတို့နှစ်ဦးအား လမ်းမတော် မြို့နယ်တရားရုံးတွင် ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၄၈၉(က)ဖြင့် တရားစွဲ တင်ထားကြောင်း သိရသည်။ ၄င်းတို့အား တရား စွဲတင် ထားစဉ် ဖေဖော်ဝါရီလ ၂၃ ရက် နေ့တွင် တရားခံ နှစ်ဦး အနက်မှ တစ်ဦးသည် တရားရုံးမှ အိမ်သာ သွားချင်သည်ဟု ဆိုကာ တက္ကစီ ငှား၍ ထွက်ပြေး သွားပြီး ပြင်သစ် သံရုံး အတွင်း ၀င်ရောက် သွားရာ သံရုံးမှ တာဝန်ရှိသူများ နှင့် သက်ဆိုင်ရာ တာဝန်ရှိသူများ ပူးပေါင်းကာ တရားခံအား အချိန်တို အတွင်း ပြန်လည် ဖမ်းဆီး နိုင်ခဲ့ကြောင်း သိရသည်။
ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၄၈၉ (က)သည် ငွေစက္ကူများ ကိုဖြစ်စေ၊ ဘဏ်ငွေ လက်မှတ် များကို ဖြစ်စေ လိမ်လည် အတုပြုမှု ဖြစ်ပြီး ၀ရမ်းမပါဘဲ ဖမ်းဆီးခွင့် ရှိကြောင်း၊ အာမခံ မပေး နိုင်ကြောင်း၊ ကျေအေးခွင့် မရှိကြောင်း၊ တစ်သက်တစ်ကျွန်း ဒဏ်ဖြစ်စေ၊ ၁၀ နှစ်အထိ ထောင်ဒဏ် တစ်မျိုးမျိုး အပြင် ငွေဒဏ် ချမှတ် ခံရနိုင်ကြောင်း ပြဋ္ဌာန်း ဥပဒေအရ သိရပါသည်။
ဟံသာဝတီ | HANTHAWADDY

No comments:

Post a Comment

လွတ်လပ်စွာ ဝေဖန်ရေးသားခွင့်ရှိပါသည်။ အများသူငါဖတ်ရန်မသင့်သော ရိုင်းပြသောစကားလုံးများ သုံးစွဲပါက ဖျက်ခြင်းခံရပါမည်။
ဝေဖန်ရေးနှင့် အကြံပေးခြင်းများကို လှိုက်လှဲစွာကြိုဆိုရလျက်။
လေးစားစွာဖြင့်
အေးနန္ဒာအောင်

ကမ္ဘာအနှံ့ကသတင်းတွေ....