Friday, March 12, 2010

မြန်မာနိုင်ငံလူ့အခွင့်အရေးနေ့အထိမ်းအမှတ် ချီတက်ဆန္ဒပြပွဲကျင်းပမည်။

ကိုဖုန်းမော်အစရှိသော ရဟန်း ရှင်လူ ပြည်သူ ကျောင်းသားများ အသက် သွေး ချွေး
များဖြင့် အရင်းတည်၍တောင်းဆိုခဲ့ကြသော ဒီမိုကရေစီနှင့် လူ့အခွင့်အရေး ရရှိရေးအတွက် မြန်မာနိုင်ငံ
သားများအနေနှင့် မည်သည့်နေရာ မည်သည့်အရပ် မည်သည့်နိုင်ငံတွင် ရောက်နေသည်ဖြစ်စေ မိမိတိုင်း
ပြည်နှင့် မိမိလူမျိုးအတွက် မိမိနိုင်ရာတာဝန်ကို နိုင်ရာအခန်းကဏ္ဍမှ ထမ်းရွက်ရမည်ဖြစ်သောကြောင့် ယခုကျ
ရောက်မည့် မတ်လ(၁၃)ရက်မြန်မာနိုင်ငံလူ့အခွင့်အရေးနေ့တွင် တောင်းဆိုတိုက်ပွဲဝင်ကြပါရန် တိုက်တွန်း
နှိုးဆော် လိုက်ရပါသည်။ဂျပန်နိုင်ငံရောက်မြန်မာ့အဖွဲ့အစည်းများပူးပေါင်းဆောင်ရွက်ရေးကော်မတီ(JAC)မှဦးဆောင်၍
မြန်မာနိုင်ငံလူ့အခွင့်အရေးနေ့အထိမ်းအမှတ် ချီတက်ဆန္ဒပြပွဲကျင်းပမည်။
နေ့ရက်။ ။ ၂ဝ၁ဝ ခုနှစ်၊ မတ်လ ၁၃ ရက်၊ စနေနေ့။
အချိန်။ ။ နေ့လည် ၁ နာရီ စုရပ်၊ နေ့လည် ၂ နာရီ အခမ်းအနားစတင်၍ (၃)နာရီ
တွင် စတင်ချီတက်မည်။
နေရာ။ ။ Ebisu ပန်းခြံ ၊ Ebisu ဘူတာအနီး၊
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (လွတ်မြောက်နယ်မြေ-ဂျပန်ဌာနခွဲ)မှ တိုက်ရိုက်ဖေါ်ပြပါသည်။

No comments:

Post a Comment

လွတ်လပ်စွာ ဝေဖန်ရေးသားခွင့်ရှိပါသည်။ အများသူငါဖတ်ရန်မသင့်သော ရိုင်းပြသောစကားလုံးများ သုံးစွဲပါက ဖျက်ခြင်းခံရပါမည်။
ဝေဖန်ရေးနှင့် အကြံပေးခြင်းများကို လှိုက်လှဲစွာကြိုဆိုရလျက်။
လေးစားစွာဖြင့်
အေးနန္ဒာအောင်

ကမ္ဘာအနှံ့ကသတင်းတွေ....