Wednesday, March 17, 2010

ဂျပန်နိုင်ငံသို့ ပို့ပေးမည်ဟု ဆိုကာ ကျပ်သိန်း ၇ဝ လိမ်လည် သူ ဖမ်းဆီး အရေးယူ

ဂျပန် နိုင်ငံသို့ ပို့ပေးမည်ဟု ဆိုကာ ကျပ်သိန်း ၇ဝ လိမ်လည် သူအား ရန်ကုန်တိုင်း ကျောက်တံတား မြို့နယ်တွင် ဖမ်းဆီး အရေးယူ ထားကြောင်း ရန်ကုန်တိုင်း ရဲတပ်ဖွဲ့မှူးရုံး ထံမှ စုံစမ်း သိရှိ ရသည်။ ကျောက်တံတား မြို့နယ် အမှတ်(၂) ရပ်ကွက် မဟာဗန္ဓုလ လမ်းတွင် နေထိုင်သည့် ဒေါ်ခင် အေးမော် သည် ပြည်ပအလုပ် အကိုင်ဆိုင်ရာ အကျိုးဆောင် လိုင်စင် မရှိဘဲ လှိုင်မြို့နယ်၊ အမှတ်-၂ ရပ်ကွက်၊ ၉ လမ်းတွင် နေထိုင်သူ ဦးအောင်ဝင်းထွန်း ထံမှ ဂျပန် နိုင်ငံတွင် အလုပ် အကိုင် ရရှိအောင် ဆောင်ရွက် ပေးမည်ဟု ဆိုကာ ၂ဝဝ၇ ခုနှစ် ဖေဖော်ဝါရီလ ၁၆ ရက်နေ့ တွင် ၅၅ သိန်း၊ ၂ဝဝ၈ ခုနှစ် ဇန်နဝါရီ လ ၂ဝ ရက်နေ့တွင် ၁၅ သိန်း စုစုပေါင်း ကျပ်သိန်း ၇ဝ ရယူ ခဲ့ကြောင်း၊ ယင်းသို့ ရယူပြီးနောက် ဂျပန်နိုင်ငံသို့ အမှန် တကယ် သွားရောက် နိုင်ရန် ဆောင်ရွက် ပေးနိုင်ခြင်း မရှိသဖြင့် အရေးယူ ပေးရန် တိုင်တန်း ထားခြင်း ဖြစ်ကြောင်း ယင်းရဲတပ်ဖွဲ့မှူးရုံး၏ ထုတ်ပြန် ချက်တွင် ဖော်ပြချက် အရ သိရသည်။

အဆိုပါကျပ်သိန်း ၇ဝ လိမ်လည်မှုကို ကျောက်တံတားမြို့နယ် ရဲတပ်ဖွဲ့စခန်းမှ (ပ) ၈၅/၁ဝ ပြည်ပ အလုပ် အကိုင်ဆိုင်ရာ ဥပဒေပုဒ်မ ၂၆ ဖြင့် ဖမ်းဆီး စစ်ဆေးလျက် ရှိကြောင်း ယင်း ရဲတပ်ဖွဲ့ စခန်း ထံမှ စုံစမ်း သိရှိ ရသည်။
ဟံသာဝတီသတင်းဌာနမှဖေါ်ပြပါသည်။

No comments:

Post a Comment

လွတ်လပ်စွာ ဝေဖန်ရေးသားခွင့်ရှိပါသည်။ အများသူငါဖတ်ရန်မသင့်သော ရိုင်းပြသောစကားလုံးများ သုံးစွဲပါက ဖျက်ခြင်းခံရပါမည်။
ဝေဖန်ရေးနှင့် အကြံပေးခြင်းများကို လှိုက်လှဲစွာကြိုဆိုရလျက်။
လေးစားစွာဖြင့်
အေးနန္ဒာအောင်

ကမ္ဘာအနှံ့ကသတင်းတွေ....