Friday, February 26, 2010

Oscar ထိပ်တမ်း Burma VJ နဲ့ ရွှေဝါရောင်မှတ်တမ်း

၈၂ ကြိမ်မြောက် အော်စကာဆု ရွေးချယ်ပေးအပ်ပွဲကို လာမည့် မတ်လ ၇ ရက်နေ့တွင် ကျင်းပမည်ဖြစ်သည်။ ဆုရွေးချယ်ပေးအပ်မည့် ရုပ်ရှင်အမျိုးအစားမျိုးမျိုးထဲမှ (မှတ်တမ်းတင် ရုပ်ရှင်အမျိုးအစား ) Documentary တွင် ၂၀၀၇ ခု မြန်မာနိုင်ငံတွင် ဖြစ်ပေါ်ခဲ့သော ရွှေဝါရောင်သံဃာ့လှူပ်ရှားမှုတွင် အကြမ်းမဖက် မေတ္တာပို့တောင်းဆု ဆိုကြသော လက်နက်မဲ့ ရဟန်းရှင်လူပြည်သူလူထုကို နိုင်ငံတော်အေးချမ်းသာယာရေးနဲ့ ဖွံ့ဖြိုးရေးကောင်စီရဲ့ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်ထဲရေးဝန်ကြီးဌာနတို့မှ စစ်လက်နက်ကိရိယာ အပြည့်အစုံနဲ့ စစ်သား၊စစ်ဗိုလ် အရာရှိများ၊ ရဲသား၊ရဲအရာရှိများ၊ လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန မှ မီးသတ်ရဲဘော်များ၊ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ နာယကကြီးအဖြစ် ဦးဆောင်ဖွဲ့စည်းထားသော ပြည်ထောင်စုကြံ့ ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးကောင်စီမှ အဖွဲ့ဝင်တို့၏ လူမဆန်စွာ ရက်ရက်စက်စက် သခင်အားရအောင် ကျွန်ပါးဝ၍ စိတ်အေးလက်အေး ကျွမ်းကျွမ်းကျင်ကျင် စနစ်တကျ ရိုက်နှက်နှိပ်စက်မှုကို မှတ်တမ်းတင်ရိုက်ကူးဖေါ်ပြထားသည့် Burma VJ ဇာတ်ကားသည် စကာတင် ရွေးချယ်ထားသည့် ငါးခုထဲတွင် တခုအပါအဝင်ဖြစ်သည်။ လက်ရှိအခြေအနေအရ နံပါတ် ၁ နေရာ တွင်ရှိနေသည်။
ထိုအခမ်းအနားသို့ တက်ရောက်ရန် မြန်မာနိုင်ငံလုံးဆိုင်ရာ သံဃာ့တပ်ပေါင်းစု ပြည်ပတာဝန်ခံ ဆရာတော် ဦးပညာဇောတနှင့် ဦးဃောသိတတို့ကို တက်ရောက်စကားပြောပေးရန် ဖိတ်ကြားထားကြောင်းနဲ့၊ တက်ရောက်မည်ဖြစ်ကြောင်း သိရှိရသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၁၅ ရက် နေ့က လောစ်အိန်ဂျလိ ဟောလိဝုဒ် နယ်မြေတွင်ကျင်းပသည့်အခမ်းအနားသို့ သံဃာ့တပ်ပေါင်းစုဆရာတော် ဦးဃောသိတ တက်ရောက်ကာ ရုပ်ရှင်သရုပ်ဆောင်များ၊ဒါရိုက်တာများ၊ ထုတ်လုပ်သူများ၊ အကယ်ဒမီဆုပေးပွဲ ဘုတ်အဖွဲ့မှတာဝန်ရှိသူများနှင့်တွေ့ဆုံစကားပြောဆိုခဲ့ကြောင်း သိရပါသည်။ Burma VJ Video Documentary အပါအ၀င် ဇာတ်ကား ၅ ကားမှ ၁ ကားကိုသာ အော်စကာဆအတွက် ရွေးချယ်၍ ၎င်းနေ့တွင် ကြေညာမည် ဖြစ်ကြောင်း သိသတင်းရရှိပါသည်။

Burma VJ ဇာတ်ကားနမူနာကိုမြည်းကြည့်ပါ။
11

No comments:

Post a Comment

လွတ်လပ်စွာ ဝေဖန်ရေးသားခွင့်ရှိပါသည်။ အများသူငါဖတ်ရန်မသင့်သော ရိုင်းပြသောစကားလုံးများ သုံးစွဲပါက ဖျက်ခြင်းခံရပါမည်။
ဝေဖန်ရေးနှင့် အကြံပေးခြင်းများကို လှိုက်လှဲစွာကြိုဆိုရလျက်။
လေးစားစွာဖြင့်
အေးနန္ဒာအောင်

ကမ္ဘာအနှံ့ကသတင်းတွေ....