Friday, February 19, 2010

ခဲ တစ်လုံးနှင့် ငှက်နှစ်ကောင် ပစ်ရန် ကြိုးစားနေသော နအဖ

၂၀၁၀ ခုနှစ်လဲရောက်လာပြီ.. အာလုံး စိတ်ဝင်တစား ရှိနေသော ရွေးကောက်ပွဲ အကြောင်းကလဲ ဘာမှ ရေရေရာရာ ထွက်ပေါ်လာခြင်းလဲ မရှိပေ။ အတွင်းကဘဲ မျှော်မျှော် အပြင်ကဘဲ အော်အော် လက်ရှိ စစ်အစိုး ရကတော့ နဲနဲမှ မဖြုန် တုန်တိဘော လုပ်နေသည်။ စစ်အစိုးရ အားတက်သရော လုပ်နေသည် ကတော့
၁။ ဖြစ်ပေါ်လာမည့် အစိုးရ သစ်တွင် ( စစ်အစိုးရဘဲဖြစ်ဖြစ်..အရပ်သား အစိုးရ ဘဲဖြစ်ဖြစ်) တတ်နိုင်သမျှ သူတို့ကို မလွန်ဆန်နိုင် သောသူများ ပါရှိရေး
၂။ အပြစ်ရပ်အဖွဲ့ များအား ရှင်းလင်းရေး (အနုနည်း+အကြမ်းနည်း)
၃။ နိုင်ငံတော် စီးပွါးရေး အားလုံးတွင် နအဖ အပေါင်းအပါ များ ပါဝင်နေစေရေး များပင်ဖြစ်၏။

အခုတလော နိုင်ငံပိုင် စီးပွါးရေး အားလုံးကို ပုဂ္ဂလိပိုင် အဖြစ်ပြောင်း လဲရေးကို တက်သုတ်ရိုက် လုပ်နေကြတာ ကိုကြည့်ခြင်း အားဖြင့် ဖြစ်ပေါ်လာမဲ့ အစိုးရသစ် လက်ထက်တွင် စစ်အစိုးရ အနေဖြင့် မည်သည့် စီးပွါးရေး ကိုမှ ချုပ်ကိုင်ထားခြင်း မရှိကြောင်း ပြသခြင်သည့် သဘောလဲ ပါရှိနေ ပေသည်။ တနည်းအား ဖြင့်ဆိုရသော် နအဖ တဖြစ်လဲ အရပ်သား အစိုးရ ပြောင်းပြီး ချိန်တွင် ရှိသမျှ စီးပွါးရေး အားလုံးသည် သူတို့လက်ထဲ တွင်ကျန်ရှိနေ စေရန် ဖြစ်သည်။ အမှန်ကတော့ တက်ချင်သည့် အစိုးရ တက်လာပါစေ သူတို့လုပ်ပိုင်ခွင့် များကတော့ ပြောင်းလဲသွား ဘို့ကတော့ မရှိပေ။ အရပ်သား အစိုးရ(သူတို့အခေါ်) တက်လာချိန်တွင် စီးပွါးရေးများကို အရပ်သားများ ပိုင်ဆိုင်ထား ကြောင်းပြသချင်သည့် သဘောသာဖြစ်သည်။
အကောင်းဖက် ကကြည့်လျှင်တော့ ကောင်းတာမြင် နိုင်သည်။ အစိုးရ ပိုင်လုပ်ငန်းအား လုံးသည် အရှုံးနှင့် လည်ပတ်နေကြ ရသည်။ နိုင်ငံတော်အတွက် လဲ အကျိုးမရှိ သလို ပြည်သူတွေ အတွက်လဲ အကျိုးမရှိခဲ့ပေ။ အကယ်၍ ပုဂ္ဂလိကပိုင် ဖြစ်သွားခဲ့လျှင်တော့ နိုင်ငံတော် အတွက် အခွန်ငွေ ရလာနိုင်စရာ ရှိသည်။ (မှန်မှန်ကန်ကန် လုပ်မည် ဆိုလျှင်ပေါ့)။ အားလုံးသော စီးပွါးရေး များမှ အခွန်ငွေ အမှန်တိုင်းသာ ရမည်ဆိုလျှင်တော့ အတိုင်းထက်အလွန် ကောင်းသည်ဟု ဆိုရပေမည်။
အခုလဲ ဦးတင်ဦး ကို မလွှတ်ချင် ပေမဲ့ ဗိုလ်ချုပ်မောင်ဦး စကားလွန် ခဲ့တာရယ် ကင်တာနား လာမဲ့ အချိန်နဲ့ ကိုက်နေတာကလဲ တကြောင်းပါတဲ့ အပြင် နိုင်ငံတကာမှ လဲ ဖိအားတွေ ပေးနေတာ တွေကြောင့် လွှတ်ပေး လိုက်ရတယ် လို့ဆိုရင် မမှားပေ။တကယ်တော့ ထိုးမည့်ဆင် နောက်တလှမ်း ဆုတ်ခြင်းသာ ဖြစ်၏။ ဒါ့အပြင် ဦးတင်ဦး လို စစ်မှုထမ်း(ဗိုလ်ချုပ်ကြီး) ဟောင်းတယောက် ကို လေးစားနေဆဲ ဗိုလ်ချုပ်တွေ စစ်တပ်ထဲ မှာအများအပြား ရှိနေဆဲ ဆိုတာလဲ နအဖ အနေနဲ့ ထဲ့သွင်းစဉ်းစား ရမဲ့အနေအထား မျိုးလဲ ရှိလာပြန်တော့ နအဖ အနေနဲ့၂၀၁၀ ရွေးကောက်ပွဲ အတွက် အတော့ကို မျက်ဖြူစိုက် နေတဲ့ အချိန်ဖြစ်လာနေပြီ။နဲနဲမှ အတိမ်းအစောင်း မခံနိုင်သော ကာလသို့ ရောက်နေသည်။ ဒါကြောင့်လဲ တလောက လှိုင်သာယာဖက် မှာဖြစ်ပေါ်ခဲ့ တဲ့အလုပ်သမား ဆန္ဒပြ ပွဲအပေါ် အတော်လေး သတိထား ကိုင်တွယ် သွားတာကို တွေ့နိုင်ပါတယ်။
အချုပ်အား ဖြင့်ဆိုရ သော် နအဖ အနေဖြင့် ၂၀၁၀ ရွေးကောက်ပွဲ အတွက်ကို အားတက်သရော ရှိလှသည် မဟုတ်ပါ။ ကြေငြာထား သည့်အတိုင်း လုပ်ရန်အတွက် ဆက်လက်မျှော နေခြင်းသာ ဖြစ်၏။ ရွေးကောက်ပွဲ မဖြစ်ခဲ့ လျှင်လည်း သူတို့အတွက် ဘာမှ ပြောင်းလဲ သွားစရာ မရှိတဲ့အတွက် ဤအချက် ကိုသူတို့ ခေါင်းထဲ သိပ်မထဲ့ပေ။ လက်ရှိအတိုင်း ဗိုလ်နေမြဲ ကျားနေမြဲ နဲ့သာ ဆက်လက်သွား နေကြဦးမည်။ အကယ်၍ ရွေးကောက်ပွဲ ၏ရလဒ် သည် သူတို့ထင် သလိုဖြစ် မလာခဲ့လျှင် ဟုဆိုတဲ့ အတွေး အခုကြောင့် အာဏာ နှင့် စီးပွါး ရေး နှစ်ခုစလုံး ကိုသူတို့ ဆက်လက် ချုပ်ကိုင်နိုင် ရေးအတွက် ရှိသမျှ ဥဏ်နီဥဏ်နက် များကို အစွမ်းကုန် ထုတ်၍ ဂဲ တလုံးဖြင့် ငှက်နှစ်ကောင် ပစ်ရန် လုပ်ဆောင်နေ ခြင်းသာ ဖြစ်သည်။ ဝှက်ဖဲ သုံးချပ် ရှိသည့် အနက် တချပ်ကို သုံး၍ ဦးတင်ဦး ကိုလွှတ်ပေးပြီး ကျန်ရှိနေ သေးသော ဝှက်ဖဲ နှစ်ချပ်ကို ထုတ်သုံးမည့် အချိန်ကို ထိုင်၍ စောင့်ကြည့်ကြ မည်လား ဒါမှမဟုတ် ထုတ်သုံး၍ မရအောင် တားဆီးရန် နည်းလမ်းရှာကြမည် လားဆိုတာ စဉ်းစားရ မဲ့အချိန် သို့ရောက်နေပြီဖြစ်၏။ လုပ်သင့်သည် များကို စောလျှင်စွာ လုပ်နိုင် ခဲ့လျှင်တော့ ကစားပွဲ ကိုအသာစီး နှင့်ဆက်ကစား နိုင်မည့်အခွင့် အလမ်းများ ရှိလာနိုင် ပေမဲ့ ကျန်ဝှက်ဖဲ နှစ်ချပ် ကိုထုတ်သုံးခွင့် ရသွားမည် ဆိုလျှင်တော့ နအဖ ဘက်မှ အနိုင်ဖြင့် ပွဲသိမ်းသွား မည်ဖြစ်ကြောင်း။
မျိုးချစ်မြန်မာ
ပြန်ခေါက်ထားရန်

No comments:

Post a Comment

လွတ်လပ်စွာ ဝေဖန်ရေးသားခွင့်ရှိပါသည်။ အများသူငါဖတ်ရန်မသင့်သော ရိုင်းပြသောစကားလုံးများ သုံးစွဲပါက ဖျက်ခြင်းခံရပါမည်။
ဝေဖန်ရေးနှင့် အကြံပေးခြင်းများကို လှိုက်လှဲစွာကြိုဆိုရလျက်။
လေးစားစွာဖြင့်
အေးနန္ဒာအောင်

ကမ္ဘာအနှံ့ကသတင်းတွေ....