Thursday, February 25, 2010

လူထုတရပ်လုံးအတွက် စတေးခံ အကောင်းဆုံး မြေသြဇာ အဖွဲ့

လှိုင်သာယာ မြို့နယ် ၊ ( ၇ ) ရပ်ကွက် ၊ အန်အယ်ဒီ အဖွဲ့ဝင် ဦးတင်ယု နေသည့် ရပ်ကွက် တံတား ဖြူ မှတ်တိုင် ရှိ ဦးပုည လမ်းထိပ် ဆိုက်ကားဂိတ် နားတွင် ရှိသော လမ်းဆိုင်းဗုဒ် တွင် နအဖ ပြုလုပ်မည့် ၂၀၁၀ ရွေးကောက်ပွဲ အလိုမရှိ၊ ၂၀၀၈ အခြေခံ ဥပဒေ ဖျက်သိမ်းပစ် ၊ စစ်အစိုးရ အလိုမရှိ စသော စာများပါသည့် စာသားများရေးသားထားသည့် စာရွက်များ လိုက်လံ ကပ်သည့် လှုပ်ရှားမှုများကို အကောင်းဆုံး မြေသြဇာ အဖွဲ့မှ လိုက်လံ ပြုလုပ်ခဲ့ကြပါတယ်။ ထို့အပြင် လှိုင်သာယာမြို့နယ် အောင်မြေရိပ်သာ ဘုရား ပေါ်တွင်လည်း ၂၀၁၀ အလိုမရှိစာသားများကို ဆော့ပင် အနီ/အပြာ များဖြင့် လိုက်လံ ရေးသားကြပါတယ်။ အထပ်ပါ (၇ ) ရပ်ကွက် ဦးပုံည လမ်းသွယ် အောင်မင်းခေါင် ( ၁ ) လမ်း၊ အိမ်အမှတ် ( ၂၉၉ ) တွင် မြို့နယ် ကြံ့ဖွံ့ အတွင်းရေးမှူး ဦးဥာဏ်ဝင်း နေထိုင်သည်ဟု သိရှိရပါတယ်


ပေးပို့သူ။ ။ဖြိုးဝေ(mmp)

No comments:

Post a Comment

လွတ်လပ်စွာ ဝေဖန်ရေးသားခွင့်ရှိပါသည်။ အများသူငါဖတ်ရန်မသင့်သော ရိုင်းပြသောစကားလုံးများ သုံးစွဲပါက ဖျက်ခြင်းခံရပါမည်။
ဝေဖန်ရေးနှင့် အကြံပေးခြင်းများကို လှိုက်လှဲစွာကြိုဆိုရလျက်။
လေးစားစွာဖြင့်
အေးနန္ဒာအောင်

ကမ္ဘာအနှံ့ကသတင်းတွေ....