Sunday, February 14, 2010

ဦးတင်ဦး လွတ်ပြီ

မဇ္ဈိမသတင်းဌာန | စနေနေ့၊ ဖေဖေါ်ဝါရီလ ၁၃ ရက် ၂၀၁၀ ခုနှစ် ၂၀ နာရီ ၂၇ မိနစ်
ခြောက်နှစ်ကြာ အချုပ်အနှောင် ခံခဲ့ရသော အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဒုဥက္ကဌ ဦးတင်ဦးသည် ယနေ့တွင် နေအိမ် အကျယ်ချုပ်မှ ပြန်လည် လွတ်မြောက်ပြီ ဖြစ်သည်။


အခုဘဲ ၈ နာရီခွဲမှာ လွှတ်ပေးလိုက်ပါပြီ၊ သက်ဆိုင်ရာ အာဏာပိုင်တွေက ကားနှစ်စီးနဲ့ ဝင်လာပြီးတော့ အမိန့်တွေ ဖတ်ပြတယ်ထင်ပါတယ်။ ဓါတ်ပုံတွေ ရိုက်ပြီးတော့ သတင်းထောက်တွေနဲ့ အန်ကယ်တို့ကို ဝင်ခွင့်ပြုပါတယ်။ အန်ကယ်တို့လည်း အိမ်ထဲရောက်နေပါပြီ။ နိုင်ငံခြား သတင်းအဖွဲ့ကနေပြီးတော့ မေးမြန်းနေပါတယ်။ ကျနော်တို့ကတော့ စကားမပြောဖြစ်သေးဘူ။ အဝေးကနေဘဲ နားထောင်နေပါတယ်။ သတင်းထောက်က ၃၀ လောက်ရှိတယ်ဆိုတော့၊ အုတ်တွေ ကာထားတော့ အသံဘဲ ကြားနေရတယ်။

သူ့ကို မြင်လိုက်တော့ စိတ်ထဲမှာတော့ စိတ်မကောင်းဘူး။ နည်းနည်းပိန်သွားတယ်။ အသံလည်း မှိန်သွားတယ်။ ကျန်းမာေ၇းအတွက် စိတ်မကောင်းပေမဲ့ ။ သူ့စိတ်ဓါတ်ကိုတော့ အားတက်မိတယ်။ ဝမ်းသာပါတယ်။

(မြန်မာစံတော်ချိန် ၈ နာရီ ၅၅ မိနစ် ဆက်သွယ်မေးမြန်းချက်)

''ခင်ဗျား အခုဖုန်းဆက်နေတဲ့အချိန်မှာ ကျနော်တို့ အိမ်ထဲကို ရောက်နေပါပြီ။ သတင်းထောက်တွေလည်း ဝင်နေပါပြီ။ အိမ်ထဲရောက်နေပါပြီ'' ဟု အန်အယ်ဒီ CEC အဖွဲ့ဝင် ဦးအုန်းကြိုင်က မဇ္ဈိမကို ပြောသည်။

(မြန်မာစံတော်ချိန် ၉ နာရီ ဆက်သွယ်မေးမြန်းချက်)

''သတင်းထောက်တွေ ဝိုင်းမေးနေပါတယ်။ ကျန်းမာရေး အခြေအနေ ကောင်းပါတယ်၊ ကောင်းပါတယ်။ ရွှင်ရွှင်လန်းလန်းပါပဲ။ ပင်နီတိုက်ပုံ ဝတ်ထားတယ်။ အန်အယ်ဒီဝတ်စုံ ဝတ်ထားတယ်။ သတင်းထောက်တွေကို အတွေ့ခံနေတယ်။ အင်တာဗျူး လုပ်နေတယ်။ လူတွေက အုံခဲနေတယ်'' ဟု ဦးအုန်းကြိုင်က ပြောသည်။


ပြန်ခေါက်ထားရန်

No comments:

Post a Comment

လွတ်လပ်စွာ ဝေဖန်ရေးသားခွင့်ရှိပါသည်။ အများသူငါဖတ်ရန်မသင့်သော ရိုင်းပြသောစကားလုံးများ သုံးစွဲပါက ဖျက်ခြင်းခံရပါမည်။
ဝေဖန်ရေးနှင့် အကြံပေးခြင်းများကို လှိုက်လှဲစွာကြိုဆိုရလျက်။
လေးစားစွာဖြင့်
အေးနန္ဒာအောင်

ကမ္ဘာအနှံ့ကသတင်းတွေ....