Friday, February 5, 2010

တော့ဖေါင်း ဇာဘော်လီ ရုံ ဆန္ဒပြပွဲအား ဖြေရှင်းပေးခဲ့သော ပြည်သူ့စေတနာ့ဝန်ထမ်းအသင်း (၁)နှစ်တာကာလအတွင်း ဖြေရှင်း ပေးခဲ့သော အမှုပေါင်း (၈၀၀) နီးပါးရှိ

တော့ဖေါင်း ဇာဘော်လီ ရုံ မြန်မာပြည်သားများ ဆန္ဒပြပွဲအား ဖြေရှင်း ပေးခဲ့သော ပြည်သူ့ စေတနာ့ ဝန်ထမ်း အသင်း - PVA (၁) နှစ်တာ ကာလအတွင်း ဖြေရှင်း ပေးခဲ့သော အမှုပေါင်း (၈၀၀) နီးပါးရှိ ပြီ ဖြစ်ကြောင်း ပြည်သူ့ စေတနာ့ ဝန်ထမ်း အသင်း - PVA ၏ ပြောပြချက် အရ ဟံသာဝတီမှ သိရှိ ရပါသည်။ ပြည်သူ့ စေတနာ့ ဝန်ထမ်း အသင်း - PVA ဖွဲ့စည်း ရခြင်း နှင့် ပတ်သက်ပြီး ဗဟို ဦးဆောင် ကော်မတီ ( ၃ ) ဦးကျော်ကျော် က ယခုလို ပြောပြ ပါတယ်။ ကျွန်တော်တို့ ပြည်သူ့ စေတနာ့ ဝန်ထမ်း အသင်း - PVA ကို (၁) ပြည်သူ အချင်းချင်း ကြားတွင် ပြည်သူ့ အကျိုးပြု လုပ်ငန်း များကို တိုးမြှင့် ဆောင်ရွက် သွားနိုင်ရေး (၂) ပြည်သူ တို့၏ အတွေး အခေါ်၊ အသိ အမြင၊် ဗဟုသုတများ တိုးတက် မြင့်မား လာစေရေး (၃) စည်းကမ်း စာရိတ္တ ကောင်းမွန်ပြီး စည်းလုံး ညီညွတ် စွာဖြင့် ပြည်သူ တို့၏ဂုဏ်သိက္ခာကို ထိန်းသိမ်း စောင့်ရှောက် မြှင့်တင် သွားနိုင်ရေး (၄) ပြည်သူ တို့၏ တာဝန်သိ စိတ်ဓာတ် နိုးကြားတက် ကြွစွာဖြင့် ငြိမ်းချမ်း သာယာ ဖွံ့ဖြိုး တိုးတက် သော လူ့ဘောင် လောက တည်ဆောက် နိုင်ရေး တို့အတွက် ဦးတည် ကြိုးပမ်း ဆောင်ရွက်နေခြင်း ဖြစ်ပါတယ်။


ပြည်သူ့ စေတနာ့ ဝန်ထမ်း အသင်း အနေဖြင့် မိမိနိုင်ငံသား ပြည်သူများ အကျိုးကို အတတ်နိုင်ဆုံး သယ်ပိုး ဆောင်ရွက် နိုင်ဖို့နဲ့ တိုင်းတပါးမှာ အကြောင်း အမျိုးမျိုးကြောင့် ရပ်တည် နေထိုင် ကြရစဉ် ပြည်သူများ ကြုံတွေ့ နေကြရတဲ့ အခက် အခဲ အကျပ် အတည်း များကို ကူညီ ဖြေရှင်း ဆောင်ရွက် ပေးနိုင်ဖို့အတွက် ရည်ရွယ်ပြီး စတင်ဖွဲ့စည်းခဲ့ခြင်းဖြစ်ပါတယ်။ ပြည်သူများအတွက် ကောင်းမြတ်တဲ့စေတနာနဲ့ အခမဲ့တာဝန်ယူထမ်းဆောင် နေတာမို့ ပြည်သူ့စေတနာ့ဝန်ထမ်းအသင်း လို့ အမည် ပေးခဲ့ခြင်း ဖြစ်ပါတယ်။ အင်္ဂလိပ်ဘာသာ အားဖြင့် People Volunteers' Association လို့ ခေါ်ဆိုပြီး အတိုကောက် အားဖြင့်တော့ PVA လို့ အမည် တွင်ပါတယ်။

ကျွန်တော်တို့ ပြည်သူ့ စေတနာ့ ဝန်ထမ်း အသင်း- PVA ဟာ အထူးသဖြင့် ထိုင်းနိုင်ငံ အတွင်းသို့ ဝင်ရောက် နေထိုင် လုပ်ကိုင် နေကြတဲ့ မြန်မာပြည်သူများ ရင်ဆိုင် ကြုံတွေ့ နေကြတဲ့ အခက် အခဲ ပြဿနာ တွေကို ဝိုင်းဝန်း ကူညီ ဖြေရှင်း ဆောင်ရွက် ပေးနေ ပါတယ်။

အခုလို ပြည်သူ့အရေးကိစ္စများကို ကူညီဆောင်ရွက်ပေးတဲ့နေရာမှာ အသင်းဝင်များအနေဖြင့် တရားမျှတမှု၊ ဥပဒေနှင့်ညီညွတ်မှု၊ ကိုယ်ချင်းစာညှာတာစိတ်ဆိုတဲ့ အချက်သုံးချက်ကို အထူးသတိပြု လေးစား လိုက်နာ ဆောင်ရွက်ကြပါတယ်။

၎င်းအပြင် သူတပါး နိုင်ငံမှာ ရုန်းကန် အလုပ်လုပ် နေကြရတဲ့ မိမိ နိုင်ငံသား ပြည်သူများ အတွက် အမှန် တကယ် လိုအပ်တဲ့ ပြည်သူ့ အကျိုးပြု လုပ်ငန်းများ ကိုလည်း အတတ်နိုင်ဆုံး သယ်ပိုး ဆောင်ရွက် ပေးနေ ပါတယ်။ ပညာရေး အနေဖြင့် အသင်း စည်းရုံးရေး နယ်မြေ ဒေသများတွင် ကိုယ်ထူ ကိုယ်ထ မူလတန်း ကြိုကျောင်း များကို ဖွင့်လှစ် ပေးနိုင် ခဲ့တဲ့ အပြင် ကျန်းမာရေး အနေဖြင့်လည်း လုပ်ငန်းခွင် အရောက် ဆေးကုသမှု စတဲ့ ဝန်ဆောင်မှု လုပ်ငန်းများ ကို ဆောင်ရွက် ပေးနိုင်ဖို့ စီစဉ် နေပါတယ်။ ဘာသာရေး အရ ဓမ္မအလင်း စာစောင်ကို လစဉ် ထုတ်ဝေ ဖြန့်ချိပြီး မိမိပြည်သူများ အပေါ်တွင် တရား ဓမ္မဖြင့် အလင်း ပြနိုင်အောင် ကြိုးစား ဆောင်ရွက် ပေးနေတဲ့ အပြင် ဘာသာရေး ဆိုင်ရာ ရက်ထူး ရက်မြတ် အခါ သမယ များတွင် စုပေါင်းရဟန်းခံရှင်ပြုပွဲများ
ကိုလည်း အခါအားလျော်စွာ ဦးဆောင် ကျင်းပပေးနေခြင်း ဖြစ်ကြောင်း နှင့် ပြည်သူ့စေတနာ့ဝန်ထမ်းအသင်း၏ ဆောင်ရွက်ချက်များကို သိရှိလိုပါက ပြည်သူ့စေတနာ့ဝန်ထမ်းအသင်း၏ ၀ပ်ဆိုဒ်ဖြစ်သော http://www.pva.net.ms/ သို့ သွားရောက်လေးလာနိုင်ကြောင်း ပြောပြပါတယ်။

ပြည်သူ့စေတနာ့ဝန်ထမ်းအသင်းသည် ထိုင်နိုင်ငံ ၊ မဲဆောက်မြို့တွင် အခြေစိုက်ပြီး ထိုင်းနိုင်ငံအတွင်း အကြောင်း အမျိုးမျိုးကြောင့် ရောက်ရှိ နေသော မြန်မာ ပြည်သူများ ၏ အခက် အခဲ များကို တတ်နိုင်သည့် ဘက်မှ ဖြေရှင်း ပေးနေသော အသင်း ဖြစ်သည်။

ပြန်ခေါက်ထားရန်

No comments:

Post a Comment

လွတ်လပ်စွာ ဝေဖန်ရေးသားခွင့်ရှိပါသည်။ အများသူငါဖတ်ရန်မသင့်သော ရိုင်းပြသောစကားလုံးများ သုံးစွဲပါက ဖျက်ခြင်းခံရပါမည်။
ဝေဖန်ရေးနှင့် အကြံပေးခြင်းများကို လှိုက်လှဲစွာကြိုဆိုရလျက်။
လေးစားစွာဖြင့်
အေးနန္ဒာအောင်

ကမ္ဘာအနှံ့ကသတင်းတွေ....