Wednesday, February 10, 2010

ရန်ကုန်မြို့ ၊လှိုင်သာယာမြို့နယ် စက်မှုဇုံ (၃)တွင် အလုပ်သမားများ ဆန္ဒပြ

ယနေ့ ၂၀၁၀ခုနှစ်၊ ဖေဖေါ်ဝါရီလ ၊၉ရက်ရက်နေ့တွင် ရန်ကုန်မြို့ ၊လှိုင်သာယာမြို့နယ်
စက်မှုဇုံ(၃)တွင် အလုပ်သမားများ ဆန္ဒပြခဲ့ကြကြောင်း သိရပါသည်။
ဆန္ဒပြနေသည့်နေရာ ---- လှိုင်သာယာ စက်မှုဇုံ (၃)၊၃/၃၆ မင်းကြီးမဟာမင်းခေါင်လမ်း
မြဖက်ရှင် အထည်ချုပ်စက်ရုံ
စက်ရုံပိုင်ရှင်------------ထိုင်းလူမျိုး

အလုပ်သမားအင်အား ---- အင်အား ၂၀၀၀ ကျော်

တောင်းဆိုချက်တွေက ----
၁။ လစာ တသောင်း ထပ်တိုးပေးဖို့
၂။ အလုပ်ချိန် လျော့ချပေးဖို့ (လက်ရှိအလုပ်ချိန်က နံက် ၇ နာရီခွဲကနေ ည ၁၁ နာရီခွဲအထိ)
၃။ အလုပ်သမားမားစားသောက်နေထိုင်တဲ့နေရာတွေ သန့်ရှင်းစေဖို့

အလုပ်ရှင်ရဲ့တုံ့ပြန်မှု ---
အလုပ်ရှင်က အလုပ်သမားတွေ တောင်းဆိုတင်ပြချက်ကို လက်မခံပဲ အာဏာပိုင်တွေကို
တိုင်ကြားလိုက်တယ်


နအဖ တုံ့ပြန်မှု --

အကြမ်းဖက်ဖြိုခွင်းမည့်ပုံမျိုးရှိနေ။
လုံထိမ်း ၁၀၀၀ လောက် နဲ့ဝိုင်းထားတယ်။
- ရဲလုံထိန်းကါး ၃၈ စီး
- မီးသတ် ၄ စီး
- အချုပ်ကါး ၄ စီးနဲ့ ပိတ်ဆို့ထားတယ်။
န၀ဒေး လမ်းဆုံဘက်မှာလည်း ပိတ်ဆို့ထားတယ်။
ဆန္ဒပြအလုပ်သမားတွေ အပြင်မထွက်နိုင်အောင်။ အပြင်က ပြည်သူလူထုတွေ လာရောက်မပူးပေါင်းနိုင်အောင်
ဖြတ်တောက် ပိတ်ဆို့မှုတွေလုပ်နေတယ်။
သတင်းဆက်သွယ်မှုတွေနှေးကွေးအောင် ဖြတ်တောက်မှုတွေလုပ်နေတယ်။ အင်တာနက်အမြန်နှုံးတွေ လျော့ချထားတယ်။

လတ်တလောအခြေအနေ --

အလုပ်ရှင်နဲ့အလုပ်သမား ညှိနှိုင်းဆွေးနွေးမှုတွေလုပ်နေတယ်။ သဘောတူညီမှုမရသေး။

ဘေးပတ်ဝန်းကျင်အခြေအနေ --

အနီးအနားက အခြားစက်ရုံများမှာရှိတဲ့ အလုပ်သမားတွေ ဆန္ဒပြပွဲကို ပူးပေါင်းလာကြပြီ။
yes အထည်ချုပ်စက်ရုံ၊ သကြားလုံးနှင့် အခြားလူသုံးကုန်များ စက်ရုံ၊ “အိုဘယ်” အထည်ချုပ်စက်ရုံ၊ စက်ကရိယာပစ္စည်းစက်ရုံ၊ လူသုံးကုန်စက်ရုံ။ သုံးထပ်သားထုတ်လုပ်ရေးစက်ရုံ အစရှိတဲ့ စက်ရုံများက အလုပ်သမားများ။

(အထက်ပါ သတင်းများကို အချိန်နဲ့တပြေးညီပေးပို့ပေးနေသော ပြည်တွင်းပြည်ပက မိတ်ဆွေများအားလုံးကို ကျေးဇူးတင်ပါတယ်)

ခင်မင်လေးစားစွာဖြင့်
သားဆွေ

ပေးပို့သူ။ ။ကိုမင်းရန်နိုင်၊ကိုဖြိုးဝေ(mmp)

ပြန်ခေါက်ထားရန်

No comments:

Post a Comment

လွတ်လပ်စွာ ဝေဖန်ရေးသားခွင့်ရှိပါသည်။ အများသူငါဖတ်ရန်မသင့်သော ရိုင်းပြသောစကားလုံးများ သုံးစွဲပါက ဖျက်ခြင်းခံရပါမည်။
ဝေဖန်ရေးနှင့် အကြံပေးခြင်းများကို လှိုက်လှဲစွာကြိုဆိုရလျက်။
လေးစားစွာဖြင့်
အေးနန္ဒာအောင်

ကမ္ဘာအနှံ့ကသတင်းတွေ....