Thursday, February 4, 2010

၆၃ ကြိမ်မြောက် သျှမ်းအမျိုးသားနေ့အထိမ်းအမှတ်ကျင်းပမည်

မိုးသောက်ကြယ်။ ။ဂျပန်နိုင်ငံရှိသျှမ်းတိုင်းရင်းသားများစုစည်း၍(၆၃)ကြိမ်မြောက်
သျှမ်းအမျိုးသားနေ့အခမ်းအနားကို ဖေဖော်ဝါရီလ(၇)ရက်နေ့တွင်ကျင်းပပြုလုပ်မည်ဖြစ်ကြောင်းသိရှိရသည်။
အခမ်းအနားကိုနှစ်ပိုင်းခွဲ၍ကျင်းပမည်ဖြစ်ပြီးနေ့လယ်(၁)နာရီမှ(၃)နာရီခွဲအထိပထမပိုင်းအစီအစဉ်ကို
သျှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့(ဂျပန်)SHAN-NATIONALITIES-FOR-DEMOCRACY(JAPAN)
မှတာဝန်ယူကျင်းပမည်ဖြစ်သည်။
နေရာမှာ Ikebukuro အရပ်ရှိ Kumin Center, 6 F တွင်ဖြစ်သည်။

ဒုတိယပိုင်းအစီအစဉ်ကို သျှမ်းစာပေနှင့်ယဉ်ကျေးမှုအသင်းမှကြီးမှူး၍ သျှမ်းပြည်နယ်နေ့အထိမ်းအမှတ် မိတ်ဆုံစားပွဲအခမ်းအနားသဘောမျိုး ပြုလုပ်မှာဖြစ်ကြောင်းလည်း သိရှိရသည်။
ကျင်းပမည့်နေရာမှာ မွန်အမျိုးသားနေ့အခမ်းအနားကျင်းပခဲ့သည့် Tokyo, Itabashi-Ku, Oyama Higashi Cho, 51-1< Oyama Green Hall ဖြစ်ပြီး အိခဲဘုခုရို(Ikebukuro)ရှိ Tobu Tojo Line စီး၍ Oyama ဘူတာ မြောက်ဖက်ပေါက်မှ ထွက်ရမည်ဖြစ်ပါသည်။ ကျင်းပမည့်အချိန်မှာ ညနေ ၆ နာရီမှ ၉ နာရီအထိဖြစ်သည်။ ဂျပန်နိုင်ငံရှိ သျှမ်းတိုင်းရင်းသားများစုပေါင်း၍ သျှမ်းပြည်နယ်နေ့အထိမ်းအမှတ်အခမ်းအနားကျင်းပလာခဲ့သည်မှာ ၁၇ ကြိမ်ရှိသွားပြီဟုသိရှိရပြီး ယခုနှစ်တွင်လည်း တက်ရောက်လာမည့်ဧည့်ပရိတ်သတ်များကို သျှမ်းရိုးရာယဉ်ကျေးမှုအက၊ သျှမ်းတေးသီချင်းများနှင့်အတူ ရိုးရာအစားအစာများနှင့် တည့်ခင်းဧည့်ခံမည်ဟု သိရှိရပြီး ဂျပန်နိုင်ငံရောက် မြန်မာနိုင်ငံသားများအားလုံး မပျက်မကွက် တက်ရောက်ကြပါရန်ဖိတ်ခေါ်ထားကြောင်းလည်းသိရှိရပါသည်။ အသေးစိပ်သိရှိလိုပါက- ၀၈၀ ၂၀၄၈ ၅၈၃၄၊ ၀၉၀ ၃၂၀၈ ၉၁၅၉၊ ၀၉၀ ၈၅၀၈ ၉၂၇၉၊ ၀၈၀ ၃၄၆၅ ၄၀၇၂ သို့ ဆက်သွယ်၍ မေးမြန်းနိုင်ပါကြောင်း..... ရေးသားသူ ။ ။ moethaukkye

ပြန်ခေါက်ထားရန်

No comments:

Post a Comment

လွတ်လပ်စွာ ဝေဖန်ရေးသားခွင့်ရှိပါသည်။ အများသူငါဖတ်ရန်မသင့်သော ရိုင်းပြသောစကားလုံးများ သုံးစွဲပါက ဖျက်ခြင်းခံရပါမည်။
ဝေဖန်ရေးနှင့် အကြံပေးခြင်းများကို လှိုက်လှဲစွာကြိုဆိုရလျက်။
လေးစားစွာဖြင့်
အေးနန္ဒာအောင်

ကမ္ဘာအနှံ့ကသတင်းတွေ....