Tuesday, February 2, 2010

အမေရိကန်နိုင်ငံအလက်စကားပြည်နယ်ကမ်းလွန် ပင်လယ် ပြင်တွင်မြန်မာသင်္ဘောသားတစ်ဦးကွန်တိန်နာတင် သင်္ဘော ပေါ်မှ ပြုတ်ကျ

မန်မာသင်္ဘောသား တစ်ဦးသည် အမေရိကန် နိုင်ငံ အလက်စကား ပြည်နယ် ကမ်းလွန် ပင်လယ် ပြင်တွင် ပေ ၈၀၀ နီးပါးရှိသော ကွန်တိန်နာတင် သင်္ဘော ပေါ်မှ ပြုတ်ကျ ခဲ့ကြောင်း နှင့် အမြင့်ပေ ၂၀ ရှိ လှိုင်း များကြားတွင် ၄င်းအား ရှာဖွေ ခြင်းကို ရပ်ဆိုင်း လိုက်ပြီ ဖြစ်ကြောင်း သတင်း ဖော်ပြ ချက်များ အရ သိရှိရ ပါသည်။ မြန်မာ သင်္ဘောသား သည် အသက် ၂၆ နှစ် ရှိပြီ ဖြစ်ကြောင်း နှင့် ၄င်းသည် ဇန်န၀ါရီလ ၂၆ ရက်နေ့ ဒေသ စံတော်ချိန် ည ၈ နာရီ ခန့်တွင် သင်္ဘော ပေါ်မှ ပြုတ်ကျ ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။ အခြား သင်္ဘောသား များ၏ အဆိုအရ ၄င်းသည် ရေမကူး တတ်ကြောင်း သိရသည်။

သင်္ဘောပေါ်မှ ပြုတ်ကျကြောင်း ဒေသစံတော်ချိန် ည ၈ နာရီ မိနစ် ၂၀ ခန့်တွင် သိရှိရပြီးနောက် အမေရိကန် ကမ်းခြေစောင့် တပ်ဖွဲ့သည် အခင်း ဖြစ်ပွားရာ နေရာ ၀န်းကျင်ရှိ အခြား သင်္ဘော များအနေဖြင့် ရှာဖွေ ကယ်ဆယ် မှုများ ပြုလုပ်ရန် အသံလွှင့် ထုတ်ပြန် ခဲ့ကြောင်း၊ HC-130 Hercules အမျိုးအစား လေယာဉ်ကို အခင်း ဖြစ်ပွားရာ နေရာသို့ ည ၁၀ နာရီ ၁၆ မိနစ်ခန့် တွင် သွားရောက် စေခဲ့ကြောင်း၊ နံနက် ၁ နာရီခန့်တွင် ရောက်ရှိ ခဲ့ကြောင်းနှင့် ကွန်တိန်နာ သင်္ဘောပေါ်မှ သင်္ဘောသား များနှင့် အတူ ပြုတ်ကျ သွားသော သင်္ဘောသားကို ရှာဖွေခဲ့ကြောင်း သိရသည်။

ယင်းကဲ့သို့ ရှာဖွေရာတွင် ပြုတ်ကျသွားသော သင်္ဘောသားကို မတွေ့ ရှိခဲ့ကြောင်းနှင့် ယင်းအချိန်၌ လေတိုက်မှုနှုန်းမှာ တစ်နာရီ ၃၉ မိုင်၊ လေထုအပူချိန်မှာ ၃၉ ဒီဂရီ၊ ရေထု အပူချိန်မှာ ၄၇ ဒီဂရီနှင့် လှိုင်းအမြင့် မှာ ပေ ၂၀ ရှိကြောင်း သိရသည်။ သင်္ဘောသားမှာ နိုင်ငံတကာ ရေပိုင်နက်ထဲတွင် ကျရောက်ခဲ့ခြင်း ဖြစ်ကြောင်းနှင့် ရှာဖွေမှုကို ဇန်န ၀ါရီလ ၂၇ ရက် ညနေ ၃ နာရီ ၁၄ မိနစ်တွင် ရပ်ဆိုင်းလိုက်ကြောင်း သိရသည်။

ပေ ၈၀၀ နီးပါးရှိသော ကွန်တိန်နာတင် သင်္ဘောမှာ လိုက်ဘေးရီးယား အလံ လွှင့်တင် ထားသော သင်္ဘော ဖြစ်ကြောင်း နှင့် တရုတ်နိုင်ငံမှ မက္ကဆီကို နိုင်ငံသို့ သွားသော သင်္ဘော ဖြစ်ကြောင်း သိရသည်။
ဟံသာဝတီ | HANTHAWADDY

ပြန်ခေါက်ထားရန်

No comments:

Post a Comment

လွတ်လပ်စွာ ဝေဖန်ရေးသားခွင့်ရှိပါသည်။ အများသူငါဖတ်ရန်မသင့်သော ရိုင်းပြသောစကားလုံးများ သုံးစွဲပါက ဖျက်ခြင်းခံရပါမည်။
ဝေဖန်ရေးနှင့် အကြံပေးခြင်းများကို လှိုက်လှဲစွာကြိုဆိုရလျက်။
လေးစားစွာဖြင့်
အေးနန္ဒာအောင်

ကမ္ဘာအနှံ့ကသတင်းတွေ....