Monday, January 25, 2010

မြန်မာနိုင်ငံ အစိုးရ တာဝန်ရှိသူ များနှင့် မကြာမီ တွေ့ဆုံရန် စီစဉ် နေသည်ဟု အမေရိကန် လက်ထောက် နိုင်ငံခြားရေး ၀န်ကြီး ပြောကြား

မြန်မာနိုင်ငံ အစိုးရ တာဝန်ရှိသူ များနှင့် မကြာမီ တွေ့ဆုံရန် စီစဉ် နေသည်ဟု အမေရိကန် လက်ထောက် နိုင်ငံခြားရေး ၀န်ကြီး ကာ့တ်ကင်းမ်ဘဲလ်က ဇန်န၀ါရီလ ၁၉ ရက်နေ့က ပြောကြား လိုက်ကြောင်း သိရသည်။ အမေရိကန်တွင် အိုဘားမား အစိုးရ တက်လာပြီး နောက်ပိုင်း မြန်မာနိုင်ငံ တပ်မတော် အစိုးရ နှင့် ပိုမို ထိတွေ့ ဆက်ဆံ သွားရန် အမေရိကန်က တရားဝင် ပြောကြား ထားပြီး ယင်းကဲ့သို့ ပိုမို ထိတွေ့ ဆက်ဆံ သွားရန် ဆုံးဖြတ် ခဲ့ခြင်းမှာ မြန်မာနိုင်ငံတွင် ဒီမိုကရက်တစ် ပြုပြင် ပြောင်းလဲရေး အရှိန် ရလာ စေရန် ဖြစ်ကြောင်း သိရသည်။

အမေရိကန် လက်ထောက်နိုင်ငံခြားရေးဝန်ကြီး ကာ့တ်ကင်းမ်ဘဲလ်က အစိုးရနှင့် ဒေါ်အောင်ဆန်းစုကြည် ကြား တွေ့ဆုံ မှုများ အပါအ၀င် တိုးတက်မှု အချို့ ရှိသည်ဟု မှတ်ချက် ချခဲ့သည်။ သို့သော် ဖြေရှင်း ရမည့် အရေး ကိစ္စများ လည်း ကျန်ရှိ နေသေးကြောင်း ၄င်းက ပြောကြား ခဲ့သည်။

၎င်းသည် ပြီးခဲ့သောနှစ် နိုဝင်ဘာလဆန်းက မြန်မာနိုင်ငံသို့ နှစ်ရက်ကြာ လာရောက်ခဲ့ပြီး ခရီးစဉ်အတွင်း နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီးသိန်းစိန်၊ အစိုးရအဖွဲ့ဝင် ၀န်ကြီးများ၊ သက်ဆိုင်ရာတာဝန်ရှိသူများ၊ တရားဝင်မှတ်ပုံတင်ထားသော နိုင်ငံရေးပါတီအချို့မှ တာဝန်ရှိသူများ၊ ဒေါ်အောင်ဆန်းစုကြည်တို့နှင့် တွေ့ဆုံခဲ့သည်။

မြန်မာနိုင်ငံမှ ပြန်လည်မထွက်ခွာမီ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ပြည်တွင်းပြည်ပ သတင်းဌာနများမှ သတင်းထောက်များနှင့်တွေ့ဆုံကာ သတင်းစာရှင်းလင်းပွဲတစ်ခု ပြုလုပ်ခဲ့ပြီး သတင်းထောက်များအား ပြောကြားရာ၌ 'မြန်မာနိုင်ငံနှင့် ဆက်ဆံရေးတိုးတက်ရန်အတွက် အမေရိကန်နိုင်ငံက အရေးပါသောဆောင်ရွက်ချက်များ ဆောင်ရွက်ရန် ပြင်ဆင်ထားကြောင်း၊ သို့သော် အပြန်အလှန် ပူးပေါင်းဆောင်ရွက်မှုကို အခြေခံ၍ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း' ထည့်သွင်းပြောကြားခဲ့သည်။
ဟံသာဝတီသတင်းဌာနမှ။
ပြန်ခေါက်ထားရန်

No comments:

Post a Comment

လွတ်လပ်စွာ ဝေဖန်ရေးသားခွင့်ရှိပါသည်။ အများသူငါဖတ်ရန်မသင့်သော ရိုင်းပြသောစကားလုံးများ သုံးစွဲပါက ဖျက်ခြင်းခံရပါမည်။
ဝေဖန်ရေးနှင့် အကြံပေးခြင်းများကို လှိုက်လှဲစွာကြိုဆိုရလျက်။
လေးစားစွာဖြင့်
အေးနန္ဒာအောင်

ကမ္ဘာအနှံ့ကသတင်းတွေ....