Monday, January 25, 2010

ရွှေဝါရောင်လှုပ်ရှားမှု အဖွဲ့၏ ပထမ ခြေလှမ်း

မြန်မာပြည်တွင်း၌ လူထုတစ်ရပ်လုံးအတွက် ဒီမိုကရေစီ ထွန်းကားရေးကို ရှေးရှုကာ လူမျိုး၊ ဘာသာ၊ ပုဂ္ဂိုလ် မခွဲခြားဘဲ သံဃာ ၊ ကျောင်းသား ၊လူထုတစ်ရပ်လုံး မြန်မာအရေးကို လက်တွဲညီစွာ လှုပ်ရှား လုပ်ဆောင်နိုင်ရေးအတွက် (၂၀၀၇) ရွှေဝါရောင် တော်လှန်ရေးမှ မျိုးဆက်များဖြစ်သော သံဃာ၊ ကျောင်းသား ၊ လူထုများကို အခြေခံ၍ မျိုးဆက်သစ် ပြည်သူများ နှင့် အတူ (ရွှေဝါရောင်သံဃာ-ကျောင်းသား-လူထုပူးပေါင်းလှုပ်ရှားမူအဖွဲ့) ကို ( ၁၊၀၁၊၂၀၁၀) နေ့၌ (ရွှေဝါရောင်သောတုဇနဘိက္ခူ အဖွဲ့ကြီး) ကို အခြေခံကာ ထပ်ဆင့်ဖွဲ့စည်းလိုက်ပြီဖြစ်ကြောင်း (ရွှေဝါရောင်သံဃာ-ကျောင်းသား-လူထုပူးပေါင်းလှုပ်ရှားမူအဖွဲ့) က ကြေညာချက်ထုတ် တိုက်တွန်းနိုးဆော်လိုက်ကြောင်းနှင့် စာရေးဆရာ (အရှင်) ၏ (အသိ) ကဗျာ ကို ရွှေဝါရောင် သံဃာ-ကျောင်းသား-လူထု ပူပေါင်းလှုပ်ရှားမှု့ အဖွဲ့ (Saffron Monks-Students-People Alliance) (SMSPA)၊ရွှေဝါရောင်သောတုဇနဘိက္ခူ သံဃာ့အဖွဲ့ ကြီး (Saffron Young Monks Organization) (SYMO)၊ လွတ်လပ်သောစာပေနှင့်အနုပညာအဖွဲ့ (Free Literature and Art Organization) (FLAO) တို့  ပူပေါင်းကာ သီရိမင်္ဂလာဈေး၊ ဆူလေဘုရားအနီး၊ ရန်ကုန်မြို့ ရှိ ဘုန်းကြီးကျောင်းများ နှင့် မြန်မာပြည် တစ်ဝန်းလုံးသို့  လိုက်လံဝေ နေကြောင်း သိရသည်။

ကိုမျိုးချစ်မြန်မာထံမှ ရယူပါသည်။





ပြန်ခေါက်ထားရန်

No comments:

Post a Comment

လွတ်လပ်စွာ ဝေဖန်ရေးသားခွင့်ရှိပါသည်။ အများသူငါဖတ်ရန်မသင့်သော ရိုင်းပြသောစကားလုံးများ သုံးစွဲပါက ဖျက်ခြင်းခံရပါမည်။
ဝေဖန်ရေးနှင့် အကြံပေးခြင်းများကို လှိုက်လှဲစွာကြိုဆိုရလျက်။
လေးစားစွာဖြင့်
အေးနန္ဒာအောင်

ကမ္ဘာအနှံ့ကသတင်းတွေ....