Wednesday, January 20, 2010

ဖမ်းဆီးထားသူတွေကို မူချပြီး ညှင်းပန်းနှိပ်စက်နေတာလား

မြန်မာနိုင်ငံက စစ်ကြောရေးစခန်းတွေမှာ ဖမ်းဆီးထိမ်းသိမ်းထားသူတွေကို ငယ်ပါကို ရေနွေးနဲ့လောင်း၊
ဖယောက်းစက်ချ၊ မီးနဲ့မြိုက်တာမျိုး လူမဆန်တဲ့ ညှင်းပန်းနှိပ်စက်မှုတွေ ပြုလုပ်နေကြပါတယ်။
ဒီလို ညှင်းပန်းနှိပ်စက်မှုတွေကို မြန်မာစစ်အစိုးရဟာ မူဝါဒတရပ်လိုချမှတ်ကျင့်သုံးနေတယ်လို့
တချို့ ကပြောကြပါတယ်။
ဒီကိစ္စနဲ့ ပါတ်သက်ပြီး ဆွေးနွေးလိုသူများ ဇန်နဝါရီလ ၂၀ရက် ဗုဒ္ဓဟူးနေ့ညမှာ BBC မြန်မာပိုင်း
အစီအစဉ်ရဲ့  လွတ်လပ်အတွေး ဆွေးနွေးဖလှယ် အစီအစဉ်မှာ ပါဝင်ဆွေးနွေးဖို့ BBC ကဖိတ်ခေါ်
ထားပါတယ်။

ဒီအစီအစဉ်မှာ ပါဝင်လိုတဲ့ သောတရှင်များအနေနဲ့ http://www.bbc.co.uk/myanmar/forum/story/2010/01/100116_torture.shtml မှာ
စာရေးပြီး စာရင်းပေးသွင်းနိုင်သလို၊ တယ်လီဖုန်းနဲ့ဖြစ်စေ၊ စာတိုက်ကဖြစ်စေ၊e-mailနဲ့ဖြစ်စေ
ဆက်သွယ်နိုင်ပါတယ်။
BBC ရဲ့  ဖုန်းနံပါတ်+ ၄၄ ၂၀၇ ၅၅၇ ၁၇၆၄ ခေါ်ပြီး ပြန်လည်ဆက်သွယ်နိုင်မယ့် ဖုန်းနံပါတ်ကို
ထားခဲ့နိုင်ပါတယ်။
email လိပ်‌စာက‌တော့ burmese@bbc.co.uk ဖြစ်ပါတယ်။
SMS text message ‌ပေးပို့လိုသူများ ၀၀ ၄၄ ၇၇ ၈၆၂၀ ၉၂ ၅၃ ကို‌အချိန်မရွေး ပေးပို့နိုင်ပါတယ်။
ဒီလိုလူမဆန်တဲ့ကိစ္စကို ဝင်ရောက်ဆွေးနွေးကြဖို့တိုက်တွန်း လိုက်ပါတယ်။
ပြန်ခေါက်ထားရန်

No comments:

Post a Comment

လွတ်လပ်စွာ ဝေဖန်ရေးသားခွင့်ရှိပါသည်။ အများသူငါဖတ်ရန်မသင့်သော ရိုင်းပြသောစကားလုံးများ သုံးစွဲပါက ဖျက်ခြင်းခံရပါမည်။
ဝေဖန်ရေးနှင့် အကြံပေးခြင်းများကို လှိုက်လှဲစွာကြိုဆိုရလျက်။
လေးစားစွာဖြင့်
အေးနန္ဒာအောင်

ကမ္ဘာအနှံ့ကသတင်းတွေ....