Tuesday, January 5, 2010

ရခိုင်ပြည်လုံးဆိုင်ရာ ကျောင်းသားနှင့် လူငယ်များ အစည်းအရုံး ၀ဘ်ဆိုဒ် စတင် လွှင့်တင်လိုက်ပြီ


January 05, 2010 By: moe moe kyaw။ ။ရခိုင်ပြည်လုံးဆိုင်ရာ ကျောင်းသားနှင့် လူငယ်များအစည်းအရုံး (AASYC) အနေဖြင့် ၎င်းတို့ အစည်းအရုံး၏ တရားဝင် ၀ဘ်ဆိုဒ်အား ၂၀၁၀ ခုနှစ် ဇန်န၀ါရီလ ၁ ရက်နေ့က စတင်လွှင့်တင်ခဲ့ ပြီဖြစ်ကြောင်း သတင်း ရရှိသည်။

၁၉၉၅ ခုနှစ် အောက်တိုဘာလကတည်းက စတင်ဖွဲ့စည်းခဲ့သော ရခိုင်ပြည်လုံးဆိုင်ရာ ကျောင်းသားနှင့် လူငယ်များ အစည်းအရုံးအနေဖြင့် အစည်းအရုံး၏ ၀ဘ်ဆိုဒ်ဖြစ်သော www.aasyc.org ကို ယခုအခါ စတင်လွှင့်တင်နိုင်ခဲ့ပြီဖြစ်ကြောင်း Arakan Review မှ စုံစမ်း သိရှိရသည်။
အဆိုပါ AASYC ၏ ၀ဘ်ဆိုဒ်တွင် ရခိုင်ပြည်သမိုင်း၊ ရခိုင်ပြည်၏ ပထ၀ီမြေမျက်နှာသွင်ပြင် အနေအထား၊ ရခိုင်ပြည်၏ နိုင်ငံရေးဖြစ်စဉ်များနှင့် ယဉ်ကျေးမှု ဓလေ့ထုံးတမ်း အစဉ်လာများ အပါအ၀င် ဗမာပြည်နှင့် သက်ဆိုင်သော ဗမာပြည် သမိုင်း၊နိုင်ငံရေး၊ မြေမျက်နှာသွင်ပြင် အနေအထား၊ စီးပွားရေး၊ ယဉ်ကျေးနှင့် ဓလေ့ထုံးတမ်း အစဉ်အလာများ ၊ ပြည်ပရောက် အဖွဲ့အစည်များ၊ မဟာမိတ်အဖွဲ့အစည်းများနှင့် AASYC တို့ ပူးပေါင်းဆောင်ရွက် နေမှုများပါရှိကြောင်း သိရှိရသည်။

ရခိုင်ပြည်လုံးဆိုင်ရာ ကျောင်းသားနှင့် လူငယ်များအစည်းအရုံး၏ ၀ဘ်ဆိုဒ် လွှင့်တင်ရခြင်းနှင့် ပတ်သက်၍ AASYC မှ အထွေထွေ အတွင်းရေးမှူး ကိုအောင်မင်းဦး အား Arakan Review မှ ဆက်သွယ် စုံစမ်မေးမြန်း ခဲ့ရာတွင် ယခုလိုဖြေကြားသည်။

“AASYC ရဲ့ ပြည်တွင်း၊ ပြည်ပ လှုပ်ရှားမှုတွေ ၊ AASYC နဲ့ ပတ်သက်တဲ့ သတင်း အချက်အလက်တွေ အားလုံးကို ရခိုင်သူ၊ ရခိုင်သားတွေ အပါအ၀င် မြန်မာ့ဒီမိုကရေစီအရေး ဆောင်ရွက်နေကြတဲ့ တိုင်းရင်းသား ပြည်သူ လူထုတစ်ရပ်လုံးနှင့် နိုင်ငံတကာက သိရှိသွားဖို့ ရည်ရွယ်ပြီးတော့ ဖွင့်လှစ်ခဲ့တာဖြစ်ပါတယ်။ ရခိုင်ပြည်လုံးဆိုင်ရာ ကျောင်းသား၊ လူငယ်နဲ့ သက်ဆိုင်တဲ့ လှုပ်ရှားမှုတွေ သတင်းအချက်အလက်တွေကို ရခိုင်သူ၊ ရခိုင်သားများက သိမြင် နိုင်စေရန် အပြင် နအဖ စစ်အစိုးရ အနေနဲ့ ရခိုင်ပြည်ကထွက်ရှိတဲ့ သဘာဝသံယာဇတများကို ထင်သလိုပြုလုပ်နေမှုတွေ ဂုတ်သွေးစုတ်နေတာတွေကို ကမ္ဘာက သိရှိနိုင်စေဖို့ ဒီ AASYC ၀ဘ်ဆိုဒ် ကနေ နိုင်ငံတကကို အသိပေး ဖော်ပြသွားမှာပါ”ဟု ပြောသည်။

ဆက်လက်ပြီး ပြောသည်မှာ“ ကျွန်တော်တို့ အခု လွှင့်တင်ထားတာက အင်္ဂလိပ်ဘာသာနဲ့ပါ၊ မကြာခင် အချိန်အတွင်းမှာ လူတိုင်း လွယ်လွယ်ကူကူ လေ့လာနိုင်အောင် ကျွန်တော်တို့ အနေနဲ့ မြန်မာလို တင်ပေးသွားမှာပါ။ အခုတော့ အစပိုင်းဖြစ်နေသေးတာမို့ အမှားအယွင်း အနည်း အကျဉ်းလေးများတော့ရှိမယ်လို့ ထင်တယ်၊ အဲဒါကိုလည်း ရခိုင်သူ ၊ ရခိုင်သားတွေ အပါအ၀င် တစ်ခြားတိုင်းရင်းသားတွေ၊ မြန်မာ့ဒီမိုကရေစီအရေး ဆောင်ရွက်နေသူတွေ အနေနဲ့ နားလည်ပေးနိုင်မယ်ထင်ပါတယ်။ နောက် ကျွန်တော်တို့ကနေပြီး ဒီထက်မက ပိုပြီး ပြည့်စုံ့ လာအောင် ရခိုင်ပြည်နဲ့ သက်ဆိုင်တဲ သတင်းအချက်အလက်တွေ မှတ်တမ်းမှတ်ရာတွေကို ဒီ AASYC ၀ဘ်ဆိုဒ်ကနေ နိုင်ငံတကာကို ထုတ်ဖော် တင်ပြသွားမှာပါ” ဟု ပြောကြားသွားသည်။

ရခိုင်ပြည်လုံးဆိုင်ရာ ကျောင်းသားနှင့် လူငယ်များအစည်းအရုံး (AASYC) မှ လွှင့်တင်ထား သော www.aasyc.org တွင် ဗမာပြည်ဆိုင်ရာ၊ ရခိုင်ပြည်ဆိုင်ရာ သမိုင်း၊ ယဉ်ကျေးမှု၊ မြေမျက်နှာသွင်ပြင် အနေအထားနှင့် စီးပွားရေး အပါအ၀င် အခြားမှတ်တမ်းများ မှာ ပြည့်စုံ့စွာဖော်ပြ ပေးထားသည်ဟု Arakan Review မှ သုံးသပ်သည်။

ကိုမိုးကောင်းမှပေးပို့ပါသည်။




No comments:

Post a Comment

လွတ်လပ်စွာ ဝေဖန်ရေးသားခွင့်ရှိပါသည်။ အများသူငါဖတ်ရန်မသင့်သော ရိုင်းပြသောစကားလုံးများ သုံးစွဲပါက ဖျက်ခြင်းခံရပါမည်။
ဝေဖန်ရေးနှင့် အကြံပေးခြင်းများကို လှိုက်လှဲစွာကြိုဆိုရလျက်။
လေးစားစွာဖြင့်
အေးနန္ဒာအောင်

ကမ္ဘာအနှံ့ကသတင်းတွေ....