Friday, January 15, 2010

လမ်းပြကြယ်ရဲ့ ပီတိ

၂၀၁၀ခုနှစ်အတွက်တော့ LAN PYA KYE အမည်နဲ့ ပြက္ခဒိန်လေးတစ်စောင်ထုတ်ဖြစ်ပါတယ်။
မြန်မာ့သမိုင်းမှာ ဖျောက်ဖျက်လို့မရတဲ့နေ့တွေဆိုတာ ရှိပါတယ်။ အခုမြန်မာပြည်မှာ လက်ရှိနိုင်ငံတော်အာဏာကို နှစ်ရှည်လများ မတရားသိမ်းပိုက်ထားတဲ့ စစ်အာဏာရှင်တွေဟာ မြန်မာ့သမိုင်းဝင်နေ့ရက်အချို့ ကို ပျောက်ပျက်သွားအောင် မှေးမှိန်သွားအောင် ကြိုးစားနေကြပါတယ်။ (ဥပမာ..အာဇာနည်နေ့ လိုမျိုးပေါ့)။ အခုခေတ် မြန်မာပြည်က ကလေးတွေဆိုရင်''အာဇာနည်'' ဆိုတာကို အဆိုတော်တစ်ဦးရဲ့ နာမည်ကလွဲလို့ မသိတော့တဲ့ အခြေအနေမျိုးဖြစ်နေပါပြီ။အလွန်ကို ဝမ်းနည်းစရာကောင်းတဲ့ ကိစ္စရပ်ပါ။ ဒီလိုပဲ စစ်အာဏာရှင်တွေဟာ အသစ်ဖြစ်ပေါ်လာတဲ့ မြန်မာ့သမိုင်းမှာ ဘယ်လိုမှဖျောက်ဖျက်လို့မရတဲ့ သွေးစွန်းနေ့ရက်တွေကိုလည်း အသိအမှတ်ပြုဖို့ နေနေသာသာ အနက်ရောင်အာဏာနဲ့ လွှမ်းခြုံပြီး သမိုင်းမတွင်အောင်၊ လူတွေမေ့သွားအောင် အတင်းကို ဖျောက်ဖျက်နေပါတယ်။ ဖွံဖြိုးတိုးတက်တဲ့ ပြည်ပနိုင်ငံမှာနေထိုင်နေကြတဲ့ မြန်မာနိုင်ငံသားတွေအနေနဲ့ကတော့ ပြည်ပရောက်
ဒီမိုကရေစီအင်အားစုတွေရဲ့  လစဉ်လတိုင်းလိုလို လှုံ့ဆော်မှုကြောင့် မြန်မာ့သမိုင်းဝင်နေ့ဟောင်း၊နေ့သစ်တွေကိုမမေ့ကြဘူး

ဆိုပေမယ့် ရက်စက်မှုတွေ၊ လူ့အခွင့်အရေးချိုးဖေါက်မှုတွေ၊ မတရားနှိပ်စက်ဖမ်းဆီးမှုတွေအောက်မှာ လှုပ်ရှားရုန်းကန်နေကြရတဲ့ မြန်မာပြည်တွင်းမှာ ရှိနေကြတဲ့ ပြည်သူပြည်သားတွေ၊နယ်စပ်မှာအလွန်တရာမှဆင်းရဲနွမ်းပါးချို့တဲ့စွာဒုက္ခသည်အဖြစ်ခိုလှုံနေကြရတဲ့ မြန်မာနိုင်ငံသားဒုက္ခသည်တွေအဖို့တော့ ဒီလိုနေ့မျိုးတွေကိုသတိထားမိချင်မှ ထားမိဖြစ်ကြပါလိမ့်မယ်။
မိမိတို့ရဲ့မျိုးဆက်သစ်ကလေးသူငယ်များကိုလည်း နားလည်အောင်ပြောပြဖို့အခြေအနေလည်း ရှိချင်မှရှိပါလိမ့်မယ်။
အဲသည်လိုလိုအပ်ချက်လေးတစ်ခုလိုဖြစ်နေတာလေးကိုကျမတို့အနေနဲ့ဖြည့်စည်းပေးချင်တဲ့ဆန္ဒဖြစ်မိလို့ပါပဲ။
 အခုလောလောဆယ်မှာတော့ဂျပန်ပြည်တွင်းနဲ့ပြည်ပမှာရှိတဲ့ညီအကိုမောင်နှမများရဲ့မေတ္တာနဲ့ ကူညီပံ့ပိုးပေးမှုကြောင့်လမ်းပြကြယ်ပြက္ခဒိန်လေးဟာ မဲစရီရန်၊ မဲ့ဟောင်ဆောင် ၊၀ဲကြီးစစ်ဒေသများရှိ
BLSO စာသင်ကျောင်း၊
SAW အလယ်တန်းကျောင်း၊
PVA ပြည်သူ့စေတနာ့ဝန်ထမ်းအသင်း၊
MAP ဖောင်းဒေရှင်း လုပ်ငန်းခွင်ဘေးကင်းလုံးခြုံရေး၊
မယ်တော်ကျောင်းသားဆေးခန်း ဒေါက်တာစင်သီတာမောင် ။ခွဲစိတ်ဌာန၊
သံဃာ့တပ်ပေါင်းစု၊
အဝေးရောက် ဧရာဝတီသာရေးနားရေးအသင်း
လောကမီးအိမ် စာကြည့်တိုက်စတဲ့ နေရာများကို ရောက်သွားပါပြီ။
အလွန်ကို ပီတိဖြစ်ရပါတယ်။အားလုံးပဲမျှဝေခံစားပီတိဖြစ်နိုင်ကြပါစေလို့ ဆန္ဒပြုပါလိုက်ပါတယ်။

No comments:

Post a Comment

လွတ်လပ်စွာ ဝေဖန်ရေးသားခွင့်ရှိပါသည်။ အများသူငါဖတ်ရန်မသင့်သော ရိုင်းပြသောစကားလုံးများ သုံးစွဲပါက ဖျက်ခြင်းခံရပါမည်။
ဝေဖန်ရေးနှင့် အကြံပေးခြင်းများကို လှိုက်လှဲစွာကြိုဆိုရလျက်။
လေးစားစွာဖြင့်
အေးနန္ဒာအောင်

ကမ္ဘာအနှံ့ကသတင်းတွေ....