Tuesday, December 22, 2009

မြန်မာအမျိုးသမီး ၅၀ ကျော်ကိုအဓမ္မပြုကျင့်ခဲ့သူများအားဖမ်းဆီး


(ဒီဇင်ဘာ ၂၂၊၂၀၀၉)
ပြီးခဲ့သောရက်ပိုင်းအတွင်းက မြန်မာအလုပ်သမားများအား ရဲ အယောင်ဆောင်၍ အဓမ္မပြုကျင့်နေသော လူဆိုး ဂိုဏ်း တစ်ခုအားထိုင်းရဲများက နုံထဘူရီခရိုင် ပါကေမြို့တွင် ဖမ်းဆီးလိုက်ကြောင်း ဒေလီးနယူး(စ်)တွင် ဖေါ်ပြ ထားသည်။ အမည်ဖေါ်ပြမထားသည့် အသက် ၁၃နှစ်အရွယ် မြန်မာအလုပ်သမား သမီးငယ်အား ထိုင်းလူမိုက် ၅ဦး က တလှည့်စီဝိုင်းဝန်းပြီးအဓမ္မပြုကျင့်သဖြင့် ကလေးငယ်မှာ မေ့မျောသွားခဲ့ပြီးဆေးရုံတွင် ဆေးဝါးကသမှုခံနေ ရသည်။

ဒီဇင်ဘာ ၁၈ရက်နေ့ ည၁နာရီအချိန်ကားအမှတ် ၄/၇၇၂၁ (ဘန်ကောက်လိုင်စင်)ကားအား ရပ်ကွက်လူကြီးရုံး နှင့်မနီးမဝေးတွင် ရပ်နားထားစဉ် လုံခြုံရေးရဲကင်းများများကတွေ့ရှိခဲ့သည်။ရဲစခန်းတွင်တိုင်ကြားခံဖူးထားသော
ကားနံပါတ်ဖြစ်သဖြင့် မသင်္ကာသဖြင့် စစ်ဆေးရာ ခေါင်းဆောင်ဖြစ်သူအသက်၄၁နှစ်ရှိသူစီယတလောင် ကထွက်ပြေးလွတ်မြောက်သွားခဲ့သည်။ဖမ်းဆီးမိသူများမှာ(ပုံ) နိုင်စ၀ုန် ထောင်းမွန် ၅၀ နှစ်၊နိုင်ပဝေ့ ကျစ်ချေ ၄၃ နှစ်၊ နိုင်ဖုဖန်း၃၆နှစ်နှင့် နိုင်နာလုံး ကျန်အင် ၃၂ နှစ်ဆိုသူတို့ အားလက်ရဖမ်းဆီးမိခဲ့သည်။ နုံထဘူရီ၊ပထုံဌာနီ၊ ၀နခွန်စီ၊ နကပထုံ၊အယုဒယ၊ခြုံဘူလီ။နခွံနာယု တို့ တွင်လိုက်လံအဓမ္မပြုကျင့်နေသော လူဆိုးဂိုဏ်းတစ်ခုဖြစ် သည်။နယ်မြေအေးချမ်းသာယာရေးနှင့်လုံခြုံရေးတို့ ကို အန္တရာယ်ဖြစ်စေနိုင်သော အဆိုပါလူဆိုးဂိုဏ်းအား ၀ိုင်း ၀န်း ဖမ်းဆီးပေးခဲ့သော ရဲတပ်ဖွဲ့ ဝင်များနှုင် လူမှုဝန်ထမ်း ဆယ်ဦးခန့် အား ခရိုင်အာဏာပိုင်အဖွဲ့ အစည်းများက ဆုတံဆိပ်များနှင့်အတူ ဆုငွေများဖြင့်ဂုဏ်ပြုပွဲပြုလုပ်ချီးမြှင့်ခဲ့သည်။ထိုကဲ့သို့ မုဒိမ်းကျင့်ခဲ့သည့်အမှုပေါင်း ၅၀ ကျော်ရှိခဲ့သည်။မြန်မာအလုပ်သမားများရှိတတ်သည့် ပန်းရံလုပ်ငန်းခွင်တို့ သို့ ညအိပ်ချိန်တွင်သွားရောက်ပြီး မိန်းကလေးငယ်များအားနေထိုင်အလုပ်လုပ်ကိုင်ခွင့် ရှိ/မရှိထိုင်းရဲအယောင်ဆောင်ပြီးအထက်ပါကားအနီးသို့ ခေါ်ယူခဲ့အဓမ္မကျင့် ပြုကျင်လေ့ရှိသည်။ သတင်းစာတွင် ကလေးငယ်၏အသက်နှင့် တက်ရောက်ကုသနေသော ဆေးရုံအမည်ကိုမူဖေါ်ပြထားခြင်းမရှိချေ။

သတင်း.... ဦးကျော်သောင်း(ဘန်ကောက်)
ဘာသာပြန် ....ကိုတီး RDJ

No comments:

Post a Comment

လွတ်လပ်စွာ ဝေဖန်ရေးသားခွင့်ရှိပါသည်။ အများသူငါဖတ်ရန်မသင့်သော ရိုင်းပြသောစကားလုံးများ သုံးစွဲပါက ဖျက်ခြင်းခံရပါမည်။
ဝေဖန်ရေးနှင့် အကြံပေးခြင်းများကို လှိုက်လှဲစွာကြိုဆိုရလျက်။
လေးစားစွာဖြင့်
အေးနန္ဒာအောင်

ကမ္ဘာအနှံ့ကသတင်းတွေ....