Thursday, December 10, 2009

ဒေါ်အောင်ဆန်းစုကြည်နဲ့ ဆက်ဆံရေးဝန်ကြီး ၉ ကြိမ်မြောက် တွေ့ဆုံ


မြန်မာ့ဒီမိုက‌ရေစီ‌ခောင်း‌ဆောင်‌ ‌ဒေါ်‌ ‌အောင်‌ဆန်း စုကြည်‌နဲ့ ဆက်‌ဆံ‌ရေး ဝန်‌ကြီး ဦး‌အောင်‌ကြည်‌တို့ နှစ်‌လ အတွင်းမှာ ပထမဆုံး အကြိမ်အဖြစ်‌ ဒီက‌နေ့ ‌တွေ့ဆုံခဲ့ကြပါတယ်‌။
‌‌ဒေါ်‌‌‌အောင်‌ဆန်းစြုကည်‌ ဟာ မြန်‌မာ အစိုးရက ဆက်‌ဆံ‌ရေး ဝန်‌ကြီး အဖြစ်‌ခန့်‌အပ်‌ထားတဲ့ အလုပ်‌သမား ဝနကြီး ဦး‌အောင်‌ကြည်‌နဲ့ နိုင်‌ငံ‌တော်‌ ဧည့်‌‌ဂေဟာမှာ ၄၅ မိနစ်‌ကြာ‌ဆွေး‌နွေးခဲ့တယ်‌လို့ သိရပါတယ်‌။
ဘာတွေဆွေးနွေးခဲ့ကြတယ်ဆိုတဲ့ အ‌သေးစိတ်‌ကို‌မသိရ‌သေး‌ပေမဲ့ မကြာ‌သေးခင်‌ကဗိုလ်‌ချူပ်မှုးကြီးသန်း‌ရွှေဆီကို‌‌ဒေါ်‌‌အောင်‌ဆန်းစုကြည်‌ ပေးပို့ခဲ့တဲ့ ဒဏ်‌ခတ်‌ ပိတ်‌ဆို့မှု ရုပ်‌သိမ်း‌ ရေး ကမ်းလှမ်းချက်‌နဲ့ ပတ်‌သက်‌ နိုင်‌တယ်‌လို့ NLD အမျိုးသားဒီမိုက‌ရေစီ အဖွဲ့ချူပ်‌က‌ရော ပြည်‌တွင်းကသံတမန်‌‌တွေကပါ ခန့်‌မှန်း‌နေကြပါတယ်‌။
မြန်‌မာ နိုင်‌ငံ အ‌ပေါ်‌ အ‌နောက်‌နိုင်‌ငံများရဲ့ စီးပွား‌ရေးဒဏ်‌ခတ်‌ ပိတ်‌ဆို့မှု ရုပ်‌သိမ်း‌ ဖို့ ပူး‌ပေါင်း ‌ဆောင်ရွက်‌‌ရေးနဲ့ပတ်‌သက်‌လို့ စက်‌တင်‌ဘာလက ဒေါ်‌‌အောင်‌ဆန်း စုကြည်‌ ဘက်‌က စာ‌ရေးသား‌ပေးပို့ခဲ့ပြီးတဲ့‌နောက်‌ ပြီးခဲ့တဲ့ နိုဝင်‌ဘာ လဆန်းပိုင်း တုန်းက ‌တော့ ဒီအ‌ရေးနဲ့ ပတ်‌သက်‌လို့ NLD ‌ဗဟို အလုပ်‌အလု‌ပ်အမှုဆောင်‌‌တွေနဲ့ ‌ဆွေး‌နွေးလိုတယ်‌။ ဗိုလ်‌ချူပ်မှုးကြီးနဲ့လည်း ‌တွေ့ဆုံ‌ဆွေး‌နွေးလိုတယ်‌လို ထပ်‌မံ စာ‌ရေးသား ကမ်းလှမ်း ခဲ့ပါတယ်‌။
အ‌မေရိကန်‌ သမ္မတ အိုဘားမားက မြန်‌မာ အစိုးရနဲ့ ထိ‌တွေ့ဆက်‌ဆံ‌ရေးမူ ဘက်‌ကို ‌ပြောင်း လဲလာတာ ‌တွေ့ရပြီးတဲ့ ‌နောက်‌ ‌ပိတ်‌ဆို့ အောရးယူမှု ရုပ်‌သိမ်း‌ရေး ဆိုင်‌ရာဒေါ်‌‌အောင်‌ဆန်းစုကြည်‌ရဲ့ ကမ်းလှမ်းချက်‌ ‌ပေါ်‌‌ပေါက်‌လာခဲ့တာ ဖြစ်‌ပါတယ်‌။
ဒီက‌နေ့ထုတ်‌ မြန်‌မာ အစိုးရ သတင်းစာ‌တွေထဲမှာ‌ ‌ဖော်‌ပြထားတဲ့ ‌ဆောင်းပါး ထဲမှာ‌တော့ ‌မြန်‌မာ အာဏာပိုင်‌‌တွေကို ဒေါ်‌‌အောင်‌ဆန်းစုကြည်‌ ‌ရေးသား‌ပေးပို့တဲ့ စာ နှစ်‌‌စောင်‌ဟာ ရိုးသားမှု မရှိဘူးလို့ စွပ်‌စွဲ ‌ထားပါတယ်‌။
တချိန်‌ထဲမှာပဲ မြန်‌မာ အစိုးရနဲ့ ထိ‌တွေ့ဆက်‌ဆံမှု ဘက်‌ဆီကို ‌ပြောင်း လဲလာတဲ့ သမ္မတ အိုဘားမား အစိုးရရဲ့ အာရှနဲ့ ပစိဖိတ်‌‌ဒေသဆိုင်‌ရာ အ‌မေရိကန်‌ ဒုတိယ လက်‌‌ထောက်‌နိုင်‌ငံ ခြား‌ရေး ဝန်‌ကြီး Scott Mercial က သူတို့နဲ့ မြန်‌မာ အစိုးရကြား ထိ‌တွေ့ ဆက်‌ဆံမှုဟာ မြန်‌မာ့ ဒီမိုက‌ရေစီ‌ရေး ဆိုင်‌ရာ ‌ပြောင်းလဲမှု‌တွေ အတွက် အသုံးဝင်‌‌ပေမဲ့ အခုချိန်‌ထိ တစုံတရာ တိုးတက်‌ ‌ပြောင်းလဲလာတာ ‌တော့ မ‌တွေ့ရ‌သေးဘူးလို့ ထုတ်‌‌ဖော်‌ ‌ပြောလာခဲ့ ပါတယ်‌။
‌လော‌လောဆယ်‌မှာ‌တော့ ‌ဒေါ်‌‌အောင်‌ဆန်းစုကြည်‌နဲ့ နိုင်‌ငံ‌ရေး အကျဉ်းသား‌တွေ အားလုံး လွတ်‌‌မြောက်‌‌ရေး အတွက်‌ နိုင်‌ငံတကာက ဆက်‌လက်‌ ‌တောင်းဆိုမှု‌တွေပြုလုပ်‌‌နေကြရာမှာဗြိတိန်‌ နိုင်‌ငံ ပါလီမန်‌မှာ ‌တော့ ဒီက‌နေ့ဗုဒ္ဓဟူး‌နေ့ကပဲ တင်‌ပြ‌‌ဆွေး‌နွေးခဲ့ကြပါတယ်‌။
BBCBurmese.com

No comments:

Post a Comment

လွတ်လပ်စွာ ဝေဖန်ရေးသားခွင့်ရှိပါသည်။ အများသူငါဖတ်ရန်မသင့်သော ရိုင်းပြသောစကားလုံးများ သုံးစွဲပါက ဖျက်ခြင်းခံရပါမည်။
ဝေဖန်ရေးနှင့် အကြံပေးခြင်းများကို လှိုက်လှဲစွာကြိုဆိုရလျက်။
လေးစားစွာဖြင့်
အေးနန္ဒာအောင်

ကမ္ဘာအနှံ့ကသတင်းတွေ....