Tuesday, November 24, 2009

USHIKUလ.ဝ.က၏ ဖမ်းဆီးထိန်းသိမ်းခြင်းနှင့်ပါတ်သက်၍ စဉ်းစားဖြေရှင်းပေးနေသော အသင်း


IBARAKI KEN,USHIKU SHIတွင်ရှိသော အများသိထားပြီးဖြစ်သော ushikuလ.ဝ.ကတွင်ယခုအခါ
ထိန်းသိမ်းခံနိုင်ငံခြားသားပေါင်း ၇၀၀ခန့်ရှိသည်ကို သိကြပါသလား။ အမြဲတမ်းလိုလိုက ၅၀၀လောက်ပဲ
ရှိပေမယ့် ယခုအတောအတွင်း တိုင်းပြည်ကိုပြန်ပို့ခံရရင် ပြင်းထန်တဲ့ ညဉ်းပမ်းနှိပ်စက်ခြင်းကိုခံရဖွယ်ရှိသော
ဒုက္ခသည်လျှောက်ထားသူ ၁၅၀လောက်က ယခုလက်ရှိအနေအထားမှာ ushikuလ.ဝ.ကတွင်
ထိန်းသိမ်းခံနေရပါသည်။ လက်ထပ်ခြင်းနဲ့ကလေးရှိခြင်း၊ အလုပ်အကိုင်ပြဿနာ၊ချေးငွေမလုံလောက်မှု၊
ဂျပန်မှလွဲ၍အခြားနေရာ၌ စားဝတ်နေရေးကိစ္စကို ဖြေရှင်းရန်မလွယ်ကူတော့ခြင်းစသဖြင့်
အမျိုးမျိုးသောပြဿနာရပ်များကို ပွေ့ပိုက်၍ ဖမ်းဆီးထိန်းသိမ်းခံနေရပါသည်။
(ushikuလ.ဝ.က၏ ဖမ်းဆီးထိန်းသိမ်းခြင်းနှင့်ပါတ်သက်၍ စဉ်းစားဖြေရှင်းပေးနေသော
အသင်း)သည် ushiku,shinagawaလ.ဝ.ကများသို့သွားရောက်၍ ဒုက္ခသည်လျှောက်ထားသူများအား
လူတွေ့အားပေးခြင်း၊ဂျပန်တွင်ရှိသော နိုင်ငံခြားသားနှင့်ကူးလူးဖလှယ်သော ဆက်ဆံရေး အဓိကထား၍
ဆောင်ရွက်နေသောVOLUNTEETအသင်းတစ်ခုဖြစ်ပါသည်။
ယခုနှစ်တွင်လည်း တစ်နှစ်ပါတ်လုံး အသင်း၏လုပ်ငန်းဆောင်တာများကို ပုံမှန်ပင်ဆက်လက်
ဆောင်ရွက်နိုင်ခဲ့ပါသည်။လူတွေ့ဆုံခြင်းလှုပ်ရှားမှုမှ ဒီတိုင်းပြည်တွင်နေထိုင်ကြသော နိုင်ငံခြားသားများ၏
နိုင်ငံရေးမူဝါဒနှင့်ပါတ်သက်သော ပြဿနာအမျိုးမျိုးကို နားလည်သဘောပေါက်ထားပါသည်။
ဒုက္ခသည်လျှောက်ထားသော နိုင်ငံခြားသားများနှင့်ပါတ်သက်၍ စားဝတ်နေရေး၊လူမှုရေး၊ကျန်းမာရေး၊
စိတ်ဓါတ်ရေးရာ စသည်စသည်များကို   နိုင်ငံခြားသားဒုက္ခသည်များ၏ အကြောင်းအားနားမလည်သေးသော
အခြားသောဂျပန်လူမျိုးများအားလည်း internetမှတဆင့် ဂျပန်ဘာသာဖြင့် စုံလင်စွာရေးသားဖေါ်ပြပေးလျက်ရှိပါသည်။ယခုအခါ ထိုအသင်းကြီး၏ သင်းလုံးကျွတ်အစည်းအဝေးပွဲကြီးအား ၂၀၀၉ခုနှစ်၊ဒီဇင်ဘာလ ၅ရက်နေ့တွင်
ibaraki kan,tukuba shi ရှိ shiritsu chooစာကြည့်တိုက်၏ARUSU Hall တွင်မွန်းလွဲ၁နာရီ၁၅မိနစ်မှ
ညနေ၄နာရီ၄၅မိနစ်အထိ ကျင်းပမည်ဖြစ်ကြောင်းသိရှိရပါသည်။
မြန်မာနိုင်ငံသားဒုက္ခသည်များ၊ဒုက္ခသည်လျှောက်ထားသူများ အနေဖြင့်လည်း တက်ရောက်သင့်သော
အစည်းအဝေးပွဲဖြစ်ကြောင်းကိုလည်း အသင်းကြီး၏ဥက္ကဌမှ ပြောကြားပါသည်။
ဝင်ကြေးမှာ တစ်ဦးလျှင်....ယန်း၅၀၀ဖြစ်ပါသည်။
စိတ်ဝင်စားသူများအတွက် လမ်းညွှန်မြေပုံ  

No comments:

Post a Comment

လွတ်လပ်စွာ ဝေဖန်ရေးသားခွင့်ရှိပါသည်။ အများသူငါဖတ်ရန်မသင့်သော ရိုင်းပြသောစကားလုံးများ သုံးစွဲပါက ဖျက်ခြင်းခံရပါမည်။
ဝေဖန်ရေးနှင့် အကြံပေးခြင်းများကို လှိုက်လှဲစွာကြိုဆိုရလျက်။
လေးစားစွာဖြင့်
အေးနန္ဒာအောင်

ကမ္ဘာအနှံ့ကသတင်းတွေ....